1ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
1Murayiro wechipiriso chemhosva ndiwo: Chitsvene kwazvo.
2မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ်၍ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
2Pavanourayirwa chipiriso chinopiswa, ndipo pavanofanira kuurayirwa chipiriso chemhosva; ropa racho unofanira kurisasa pamusoro pearitari kunhivi dzose.
3အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊
3Zvino ngaapisire mafuta acho ose, mafuta ebemhe, namafuta anofukidza ura,
4ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ ဆက်လျှင်၊-
4netsvo mbiri, namafuta ari pamusoro padzo, ari pachiuno, namafuta ari pamusoro pechiropa, ngaazvibvise pamwechete netsvo.
5ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
5Zvino mupristi ngaazvipise paaritari, chive chipiriso chinoitirwa Jehovha nomoto; chipiriso chemhosva.
6အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
6Varume vose kuvapristi ngavachidye; chidyiwe panzvimbo tsvene; chitsvene kwazvo.
7အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
7Sezvinoitwa nechipiriso chezvivi, ndizvo zvinoitwawo nechipiriso chemhosva; murayiro wazvo ndomumwe; chichava chomupristi unoyananisira nacho.
8လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။
8Uye mupristi, unopisira chipiriso chinopiswa chomunhu, uyo mupristi anofanira kupiwa debwe rechipiriso chinopiswa chaakauya nacho.
9မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။
9Chipiriso chimwe nechimwe choupfu, chakabikwa muchoto, nezvose zvakagadzirwa mugango kana muhari, zvichava zvomupristi unouya nazvo.
10ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
10Chipiriso chimwe nechimwe choupfu, chakakanyiwa namafuta, kana chakaoma, chinofanira kupiwa vanakomana vaAroni, mumwe nomumwe, vachienzaniswa.
11ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊
11Ndiwo murayiro wezvibayiro zvezvipiriso zvokuyananisa, zvinofanira kupiwa Jehovha:
12ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
12Kana munhu akazvipa, kuti avonge nazvo, pamwechete nechibayiro chokuvonga nacho, anofanira kupa zvingwa zviduku zvisina kuviriswa zvakakanyiwa namafuta, nezvingwa zvitete zvisina kuviriswa zvakazodzwa mafuta, nezvingwa zvakakanyiwa namafuta zvoupfu hwakatsetseka zvakakangwa.
13ထိုမုန့်ပြားမှ တပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည်။
13Anofanira kupawo chipo chake chezvingwa zvakaviriswa pamwechete nechibayiro chezvipiriso zvokuyananisa zvokuvonga nazvo.
14ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။
14Zvino pachipiriso chimwe nechimwe chive chipiriso chinosimudzirwa Jehovha; chichava chomupristi unosasa ropa rezvipiriso zvokuyananisa.
15ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
15Nyama yechibayiro chezvipiriso zvake zvokuyananisa zvokuvonga nazvo inofanira kudyiwa nomusi waanopa chipo chake; haafaniri kusiya chimwe chacho kusvikira mangwanani.
16သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။
16Asi kana chibayiro chechipo chake chiri chinhu chaakapika, kana chipo chokuda kwake, chinofanira kudyiwa nomusi waanobayira chibayiro chake; zvakasara pazviri zvinofanira kudyiwa mangwanani;
17ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။
17asi zvakasara zvenyama yechibayiro zvinofanira kupiswa nomoto nezuva retatu.
18မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။
18Kana imwe nyama yechibayiro chezvipiriso zvake zvokuyananisa ikadyiwa nezuva retatu, hazvingagamuchirwi nomufaro kana kunzi zvakanaka kuna iye wakazvipa; chichava chinhu chinonyangadza, nomunhu unozvidya uchava nemhosva.
19မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည်။
19Nyama yakabatana nechinhu chisakanaka, haifaniri kudyiwa, inofanira kupiswa nomoto.
20ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
20Asi munhu unodya nyama yechibayiro chezvipiriso zvokuyananisa, zviri zvaJehovha, achiri netsvina yake, munhu uyo anofanira kubviswa pakati porudzi rwake.
21အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
21Kana ani naani akabata chinhu chisakanaka, kana zviri zvisakanaka zvomunhu kana zvemhuka isakanaka, kana chimwe chinhu chisakanaka chinonyangadza, akadya nyama yechibayiro chezvipiriso zvokuyananisa zviri zvaJehovha, munhu uyo anofanira kubviswa pakati porudzi rwake.
22တဖန် မောရှေအား ထာဝရဘုရားက၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊
22Zvino Jehovha wakataura naMozisi akati,
24အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း၊ အလျှင်းမစားရ။-
23Taura navana vaIsiraeri, uti, Musadya mafuta, kana emombe, kana egwai, kana embudzi.
25အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
24Mafuta echinhu chakangofa choga, namafuta echinhu chakaurawa nezvikara, angabatwa nawo pamabasa ose, asi hamufaniri kutongoadya.
26သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။
25nekuti ani naani unodya mafuta ezvipfuwo zvavanoitira Jehovha chipiriso chinoitwa nomoto, munhu uNowadya anofanira kubviswa pakati porudzi rwake.
27အကြင်သူသည် တစုံတခုသော အသွေးကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
26Regai kudya ropa ripi neripi, kana riri reshiri, kana rezvipfuwo, padzimba dzenyu dzose.
28တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊
27Ani naani unodya ropa ripi neripi, munhu uyo anofanira kubviswa pakati porudzi rwake.
29မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။
28Zvino Jehovha akataura naMozisi akati,
30ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -
29Taura navana vaIsiraeri uti, Munhu unobayira Jehovha chibayiro chake chezvipiriso zvokuyananisa, anofanira kuuya nechipo chake kuna Jehovha chinobva pachibayiro chezvipiriso zvake zvokuyananisa;
31ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။
30maoko ake amene anofanira kuuya nezvipiriso zvinoitirwa Jehovha nomoto; ngaauye namafuta pamwechete nechityu, kuti chityu chizunguzirwe, chive chipiriso chinozunguzirwa pamberi paJehovha.
32မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။
31Zvino mupristi ngaapise mafuta paaritari, asi chityu ndechaAroni navanakomana vake.
33မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။
32Munofanira kupa mupristi bandauko rorudyi, chive chipiriso chinosimudzwa pazvibayiro zvezvipiriso zvenyu zvokuyananisa.
34ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
33Uyo pakati pavanakomana vaAroni unopisira ropa rezvipiriso zvokuyananisa namafuta, ndiye uchapiwa bandauko rorudyi uve mugove wake.
35ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။
34Nekuti chityu chinozunguzirwa nebandauko rinosimudzwa, ndizvo zvandakatora kuvana vaIsiraeri pakati pezvibayiro zvezvipiriso zvavo zvokuyananisa, ndikazvipa Aroni mupristi, navanakomana vake, chive chavo nokusingaperi, chinobva kuvana vaIsiraeri.
36ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိက်ပေးသော မူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
35Ndiwo mugove waAroni, nomugove wavanakomana vake pazvipiriso zvinoitirwa Jehovha nomoto, nomusi waakavagadza nawo kuti vabatire Jehovha pabasa roupristi;
37ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ၌ ခန့်ထားရာ ယဇ်တရား၊
36wakarairwa naJehovha kuti vapiwe navana vaIsiraeri nomusi wokuzodzwa kwavo. Ndiwo mugove wavo nokusingaperi kusvikira kumarudzi avo ose.
38မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။
37Ndiwo murayiro wechipiriso chinopiswa, nechipiriso choupfu, nechipiriso chezvivi, nechipiriso chemhosva, nowokugadza, nowezvibayiro zvezvipiriso zvokuyananisa;
38wakarairwa Mozisi naJehovha pagomo reSinai, nomusi waakaraira vana vaIsiraeri, kuti vape Jehovha zvipo zvavo murenje reSinai.