1တဖန်ထာဝရဘုရားက၊
1Zvino Jehovha wakataura naMozisi akati,
2သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့ မုန့်တတောင်းကိုယူ၍၊-
2Tora Aroni, navanakomana vake, namafuta okuzodza nawo, nenzombe yechipiriso chezvivi, namakondobwe maviri nedengu rezvingwa zvisina kuviriswa;
3ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
3uunganidze ungano yose pamukova wetende rokusangana.
4မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။
4Mozisi akaita sezvaakarairwa naJehovha, ungano ikaunganidzwa pamukova wetende rokusangana.
5မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊
5Zvino Mozisi akati kuungano, Ndizvo zvakarairwa naJehovha kuti zviitwe.
6ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကို ခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊
6Mozisi akauya naAroni navanakomana vake, akavashambidza nemvura,
7အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်း ခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။
7akamufukidza jasi, ndokumusunga chiuno nebhanhire, akamufukidza nguvo, akamuisa efodhi, nokumusunga chiuno nebhande reefodhi rakarukwa nouchenjeri, ndokurisungira kwaari naro.
8ရင်ဖုံးကိုလည်း ဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားလေ၏။
8Akamuisa hombodo yechipfuva, ndokuisa Urimi neTumimi muhombodo yechipfuva.
9သူ၏ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍၊ သန့်ရှင်းသော ရွှေသင်းကျစ်ပြားကို ဗေါင်းရှေ့၌ တပ်လေ၏။
9Akaisawo ngowani pamusoro wake; pangowani nechemberi akaisa bwendefa rendarama, ndiyo korona tsvene; sezvakanga zvarairwa Mozisi naJehovha.
10ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ၏။
10Zvino Mozisi akatora mafuta okuzodza nawo, akazodza tabhenakeri, nezvose zvakanga zvirimo, akazvitsaura.
11ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ် ဖြန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်စေခြင်းငှါ လိမ်းလေ၏။
11Akasasa mamwe kanomwe paaritari, nenhumbi dzayo dzose, nomudziyo wokushambidzira, nechigadziko chawo, kuti azvitsaure.
12လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာ လောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ၏။
12Akadirawo mamwe mafuta okuzodza nawo pamusoro waAroni, akamuzodza kuti amutsaure.
13အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလျက်၊ ဦးထုပ်ကို ဆောင်းစေလေ၏။
13Ipapo Mozisi akauya navanakomana vaAroni, akavafukidza majasi, akavasunga zviuno namabhanhire, akavaisa ngowani, sezvakanga zvarairwa Mozisi naJehovha.
14ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ၏။
14Akauya nenzombe yechipiriso chezvivi, Aroni navanakomana vake vakaisa maoko avo pamusoro wenzombe yechipiriso chezvivi;
15နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ ထည့် သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။
15akaibaya; Mozisi ndokutora ropa, ndokuriisa panyanga dzearitari kunhivi dzose nomumwe wake, akanatsa aritari, ndokudururira ropa mujinga mearitari, akaitsaura, kuti aiyananisire.
16အအူကိုဖုံးသော ဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသော အမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏
16Akatora mafuta ose akanga ari pamusoro poura, namafuta akanga ari pamusoro pechiropa, netsvo mbiri, namafuta adzo, Mozisi akazvipisa paaritari.
17အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာ ရှို့ရ၏။
17Asi nzombe nedebwe rayo, nenyama yayo, namazvizvi ayo, wakazvipisa nomoto kunze kwemisasa, sezvakanga zvarairwa Mozisi naJehovha.
18ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့၍၊ အာရုန် နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
18Akauya negondobwe rechipiriso chinopiswa; Aroni navanakomana vake vakaisa maoko avo pamusoro wegondobwe.
19သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
19Akariuraya; Mozisi akasasa ropa pamusoro pearitari kunhivi dzose.
20သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတများနှင့် ဆီဥကို မီးရှို့လေ၏။
20Akagura-gura gondobwe, Mozisi akapisa musoro nenhindi namafuta.
21ဝမ်းထဲ၌ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော၍၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
21Akasuka ura namakumbo nemvura, Mozisi akapisa gondobwe rose paaritari, chikava chipiriso chinopiswa chainhuhwira zvakanaka; chikava chipiriso chakaitirwa Jehovha nomoto; sezvakanga zvarairwa Mozisi naJehovha.
22ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ ခန့်ထားရာ သိုးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
22Zvino akauyawo nerimwe gondobwe, gondobwe rokugadza naro, Aroni navanakomana vake vakaisa maoko avo pamusoro wegondobwe.
23သိုးကို သတ်ပြီးမှ၊ မောရှေသည် အသွေးကိုယူ၍၊ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၌ ၎င်း၊ လက်ျာခြေမ၌၎င်း၊ ထည့်လေ၏။
23Akaribaya, Mozisi akatora rimwe ropa raro, akariisa pamucheto wezasi wenzeve yaAroni yorudyi, napagumwe roruoko rwake rworudyi, napagumwe rorutsoka rwake rworudyi.
24အာရုန်၏ သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ျာနားပျဉ်း၊ လက်ျာလက်မ၊ လက်ျာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
24Akauyisa vanakomana vaAroni, Mozisi akaisa rimwe ropa pamicheto yezasi yenzeve dzavo dzorudyi, napamagumwe amaoko avo orudyi, napamagumwe etsoka dzavo dzorudyi; Mozisi akasasa ropa pamusoro pearitari kunhivi dzose.
25ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက် ကပ်ကိုဖုံးသော ဆီဥ၊ လက်ျာပခုံး၊-
25Akatora mafuta nebemhe, namafuta ose akanga ari pamusoro poura, namafuta akanga ari pamusoro pechiropa, netsvo mbiri, namafuta adzo, nebandauko rorudyi;
26ထာဝရဘုရားရှေ့တော်၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက တဆေးမဲ့ မုန့်တလုံး၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့်လက်ျာ ပခုံးပေါ်မှာ ထည့်ပြီး လျှင်၊-
26akatora mudengu rezvingwa zvisina kuviriswa, zvaiva pamberi paJehovha, chingwa chimwe chiduku chisina kuviriswa, nechingwa chimwe chiduku chezvingwa zvakazodzwa mafuta, nechingwa chitete chimwe, akazviisa pamusoro pamafuta, napamusoro pebandauko rorudyi;
27အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကို ထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။
27akaisa zvose pamaoko aAroni, napamaoko avanakomana vake, akazvizunguzira pamberi paJehovha, kuti chive chipiriso chinozunguzirwa.
28ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
28Ipapo Mozisi akazvitora zvose pamaoko ake, akazvipisa paaritari pamusoro pechipiriso chinopiswa; zvikava zvokugadza nazvo, zvikanhuhwira zvakanaka; chikava chipiriso chakaitirwa Jehovha nomoto.
29ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။
29Zvino Mozisi akatora chityu akachizunguzira pamberi paJehovha, kuti chive chipiriso chinozunguzirwa; ndiwo waiva mugove waMozisi pagondobwe rokugadza naro; sezvakanga zvarairwa Mozisi naJehovha.
30တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့်သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ၏။
30Ipapo Mozisi akatora mamwe mafuta okuzodza nawo, nerimwe ropa rakanga riri paaritari, akarisasa pamusoro paAroni napamusoro penguvo dzake, napamusoro pavanakomana vake, napamusoro penguwo dzavanakomana vake pamwechete naye; akatsaura Aroni nenguvo dzake, navanakomana vake, nenguvo dzavanakomana vake pamwechete naye.
31မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း ၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။
31Mozisi akati kuna Aroni navanakomana vake, Bikai nyama pamukova wetende rokusangana, muidyirepo nechingwa chiri mudengu rokugadza naro, sezvandakaraira ndichiti, Aroni navanakomana vake vanofanira kuzvidya.
32ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည်။
32Asi zvakasara zvenyama nechingwa munofanira kuzvipisa nomoto.
33သင်တို့ကို အရာ၌ ခန့်ထားရာ ကာလခုနစ်ရက်မစေ့မှီ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးပြင် သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
33Musabuda pamukova wetende rokusangana mazuva manomwe, kusvikira mazuva okugadza kwenyu apera; nekuti iye uchakugadzai mazuva manomwe.
34ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ။
34Sezvakaitwa zuva ranhasi, Jehovha wakaraira kuti zviitwe saizvozvo, kuti muyananisirwe.
35ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား မှာ၊ ခုနစ်ရက်ပတ်လုံး နေ့ညဉ့်မပြတ်နေ၍၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီးဟု ဆင့်ဆိုသည်ဖြစ်၍၊-
35Garai pamukova wetende rokusangana masikati nousiku mazuva manomwe, muchengete zvamakarairwa naJehovha, kuti urege kufa; nekuti ndizvo zvandakarairwa.
36မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။
36Zvino Aroni navanakomana vake vakaita zvose zvakanga zvarairwa naJehovha nomuromo waMozisi.