1တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
1Yahweh spoke to Moses, saying,
2သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား၏ ပွဲတော်များဟူမူကား၊-
2“Speak to the children of Israel, and tell them, ‘The set feasts of Yahweh, which you shall proclaim to be holy convocations, even these are my set feasts.
3ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ ဓမ္မ စည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို့နေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ် ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
3“‘Six days shall work be done: but on the seventh day is a Sabbath of solemn rest, a holy convocation; you shall do no kind of work. It is a Sabbath to Yahweh in all your dwellings.
4အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊-
4“‘These are the set feasts of Yahweh, even holy convocations, which you shall proclaim in their appointed season.
5ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
5In the first month, on the fourteenth day of the month in the evening, is Yahweh’s Passover.
6၎င်းလ ဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည်။
6On the fifteenth day of the same month is the feast of unleavened bread to Yahweh. Seven days you shall eat unleavened bread.
7ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
7In the first day you shall have a holy convocation. You shall do no regular work.
8ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော်၏။
8But you shall offer an offering made by fire to Yahweh seven days. In the seventh day is a holy convocation: you shall do no regular work.’”
9တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
9Yahweh spoke to Moses, saying,
10သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
10“Speak to the children of Israel, and tell them, ‘When you have come into the land which I give to you, and shall reap its the harvest, then you shall bring the sheaf of the first fruits of your harvest to the priest:
11သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။
11and he shall wave the sheaf before Yahweh, to be accepted for you. On the next day after the Sabbath the priest shall wave it.
12ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
12On the day when you wave the sheaf, you shall offer a male lamb without blemish a year old for a burnt offering to Yahweh.
13ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။
13The meal offering with it shall be two tenth parts of an ephah 1 ephah is about 22 litres or about 2/3 of a bushel of fine flour mingled with oil, an offering made by fire to Yahweh for a pleasant aroma; and the drink offering with it shall be of wine, the fourth part of a hin.
14သင်တို့၏ ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း။
14You shall eat neither bread, nor roasted grain, nor fresh grain, until this same day, until you have brought the offering of your God. This is a statute forever throughout your generations in all your dwellings.
15ချီလွှဲရာ ပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
15“‘You shall count from the next day after the Sabbath, from the day that you brought the sheaf of the wave offering; seven Sabbaths shall be completed:
16သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည်။
16even to the next day after the seventh Sabbath you shall number fifty days; and you shall offer a new meal offering to Yahweh.
17ထာဝရဘုရားအဘို့ အဦးသီးသော အသီး၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊-
17You shall bring out of your habitations two loaves of bread for a wave offering made of two tenth parts of an ephah of fine flour. They shall be baked with yeast, for first fruits to Yahweh.
18ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ် အထီးတကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်ရမည်။
18You shall present with the bread seven lambs without blemish a year old, one young bull, and two rams. They shall be a burnt offering to Yahweh, with their meal offering, and their drink offerings, even an offering made by fire, of a sweet aroma to Yahweh.
19အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို၎င်း ပူဇော်၍၊-
19You shall offer one male goat for a sin offering, and two male lambs a year old for a sacrifice of peace offerings.
20ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။
20The priest shall wave them with the bread of the first fruits for a wave offering before Yahweh, with the two lambs. They shall be holy to Yahweh for the priest.
21ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
21You shall make proclamation on the same day: there shall be a holy convocation to you; you shall do no regular work. This is a statute forever in all your dwellings throughout your generations.
22ကိုယ်မြေ၌ ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
22“‘When you reap the harvest of your land, you shall not wholly reap into the corners of your field, neither shall you gather the gleanings of your harvest: you shall leave them for the poor, and for the foreigner. I am Yahweh your God.’”
23တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
23Yahweh spoke to Moses, saying,
24သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။
24“Speak to the children of Israel, saying, ‘In the seventh month, on the first day of the month, shall be a solemn rest to you, a memorial of blowing of trumpets, a holy convocation.
25လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
25You shall do no regular work; and you shall offer an offering made by fire to Yahweh.’”
26တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
26Yahweh spoke to Moses, saying,
27သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။
27“However on the tenth day of this seventh month is the day of atonement: it shall be a holy convocation to you, and you shall afflict yourselves; and you shall offer an offering made by fire to Yahweh.
28ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။
28You shall do no kind of work in that same day; for it is a day of atonement, to make atonement for you before Yahweh your God.
29ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
29For whoever it is who shall not deny himself in that same day; shall be cut off from his people.
30ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည်။-
30Whoever it is who does any kind of work in that same day, that person I will destroy from among his people.
31အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
31You shall do no kind of work: it is a statute forever throughout your generations in all your dwellings.
32ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။
32It shall be a Sabbath of solemn rest for you, and you shall deny yourselves. In the ninth day of the month at evening, from evening to evening, you shall keep your Sabbath.”
33တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
33Yahweh spoke to Moses, saying,
34သင်တို့သည် သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲ ကို ခံရကြမည်။-
34“Speak to the children of Israel, and say, ‘On the fifteenth day of this seventh month is the feast of tents for seven days to Yahweh.
35ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကို မလုပ်ရ။
35On the first day shall be a holy convocation: you shall do no regular work.
36ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌ လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရ မည်။
36Seven days you shall offer an offering made by fire to Yahweh. On the eighth day shall be a holy convocation to you; and you shall offer an offering made by fire to Yahweh. It is a solemn assembly; you shall do no regular work.
37ထူးဆန်းသော စည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။
37“‘These are the appointed feasts of Yahweh, which you shall proclaim to be holy convocations, to offer an offering made by fire to Yahweh, a burnt offering, and a meal offering, a sacrifice, and drink offerings, each on its own day;
38ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော် ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း။
38besides the Sabbaths of Yahweh, and besides your gifts, and besides all your vows, and besides all your freewill offerings, which you give to Yahweh.
39ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား ပွဲခံကြရမည်။ ပဌမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ကြရမည်။
39“‘So on the fifteenth day of the seventh month, when you have gathered in the fruits of the land, you shall keep the feast of Yahweh seven days: on the first day shall be a solemn rest, and on the eighth day shall be a solemn rest.
40ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။
40You shall take on the first day the fruit of goodly trees, branches of palm trees, and boughs of thick trees, and willows of the brook; and you shall rejoice before Yahweh your God seven days.
41ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည်။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။
41You shall keep it a feast to Yahweh seven days in the year: it is a statute forever throughout your generations; you shall keep it in the seventh month.
42ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊
42You shall dwell in booths seven days. All who are native-born in Israel shall dwell in booths,
43သစ်ခက်တဲ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနှစ်ရက်ပတ်လုံး နေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
43that your generations may know that I made the children of Israel to dwell in booths, when I brought them out of the land of Egypt. I am Yahweh your God.’”
44မောရှေသည်လည်း၊ ထာဝရဘုရား၏ ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။
44Moses declared to the children of Israel the appointed feasts of Yahweh.