1တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
1Yahweh spoke to Moses, saying,
2ပရိသတ်စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ် မီးထွန်းရာဘို့၊ သံလွင်သီးကို ထောင်း၍ ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။
2“Command the children of Israel, that they bring to you pure olive oil beaten for the light, to cause a lamp to burn continually.
3အာရုန်သည်လည်း၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
3Outside of the veil of the Testimony, in the Tent of Meeting, shall Aaron keep it in order from evening to morning before Yahweh continually: it shall be a statute forever throughout your generations.
4စင်ကြယ်သော မီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရား ရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင် ရမည်။
4He shall keep in order the lamps on the pure gold lampstand before Yahweh continually.
5သင်သည် မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊-
5“You shall take fine flour, and bake twelve cakes of it: two tenth parts of an ephah 1 ephah is about 22 litres or about 2/3 of a bushel shall be in one cake.
6ထာဝရဘုရားရှေ့ စင်ကြယ်သော စားပွဲပေါ်မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
6You shall set them in two rows, six on a row, on the pure gold table before Yahweh.
7ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာ ဖြစ်စေခြင်း ငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည်။-
7You shall put pure frankincense on each row, that it may be to the bread for a memorial, even an offering made by fire to Yahweh.
8ထာဝရဘုရား ပဠိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုဃ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည်။
8Every Sabbath day he shall set it in order before Yahweh continually. It is on the behalf of the children of Israel an everlasting covenant.
9ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည် ပိုင်၍၊ သန့်ရှင်းရာ ဌာနတော်၌ စားရကြမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်ဟု မိန့်တော်မူ၏။
9It shall be for Aaron and his sons; and they shall eat it in a holy place: for it is most holy to him of the offerings of Yahweh made by fire by a perpetual statute.”
10အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသော သားတယောက်သည်၊ တပ်တဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊-
10The son of an Israelite woman, whose father was an Egyptian, went out among the children of Israel; and the son of the Israelite woman and a man of Israel strove together in the camp.
11နာမတော်ကို ပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏ အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီး ရှေလောမိတ် ဖြစ်သတည်း။-
11The son of the Israelite woman blasphemed the Name, and cursed; and they brought him to Moses. His mother’s name was Shelomith, the daughter of Dibri, of the tribe of Dan.
12ပြစ်မှားသောသူကို မောရှေထံသို့ ဆောင်ယူခဲ့၍ ထာဝရဘုရား၏ အလိုတော်ကို မသိမှီတိုင်အောင် ချုပ်ထားကြ၏။
12They put him in custody, until the will of Yahweh should be declared to them.
13ထာဝရဘုရားကလည်း၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊
13Yahweh spoke to Moses, saying,
14သူ၏စကားကို ကြားသော သူအပေါင်းတို့သည် သူ၏ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြစေ။-
14“Bring out of the camp him who cursed; and let all who heard him lay their hands on his head, and let all the congregation stone him.
15သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကို ခံရမည်။-
15You shall speak to the children of Israel, saying, ‘Whoever curses his God shall bear his sin.
16ထာဝရဘုရား၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်းတို့သည် ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါး အမျိုးသားဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည်။
16He who blasphemes the name of Yahweh, he shall surely be put to death; all the congregation shall certainly stone him: the foreigner as well as the native-born, when he blasphemes the Name, shall be put to death.
17လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
17“‘He who strikes any man mortally shall surely be put to death.
18တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကို လျော်ရမည်။
18He who strikes an animal mortally shall make it good, life for life.
19လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။
19If anyone injures his neighbor; as he has done, so shall it be done to him:
20အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို၎င်း၊ မျက်စိကိုဖျက်သည့်အတွက်၊ မျက်စိဖျက်ခြင်းကို၎င်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကို၎င်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင် စွာ ခံရမည်။-
20fracture for fracture, eye for eye, tooth for tooth; as he has injured someone, so shall it be done to him.
21တိရစ္ဆာန်အသက်ကို သတ်သောသူသည်၊ တကောင်အတွက်၊ တကောင်ကို ပြန်ပေးရမည်။ လူအသက် ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။
21He who kills an animal shall make it good; and he who kills a man shall be put to death.
22ကိုယ်အမျိုးသားဖြစ်စေ၊ သူတပါးအမျိုးသားဖြစ်စေ၊ တပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏။-
22You shall have one kind of law, for the foreigner as well as the native-born: for I am Yahweh your God.’”
23ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း သူတို့သည် ပြုကြ၏။
23Moses spoke to the children of Israel; and they brought out him who had cursed out of the camp, and stoned him with stones. The children of Israel did as Yahweh commanded Moses.