Romanian: Cornilescu

Myanmar

Hosea

7

1Cînd vreau să vindec pe Israel, atunci se descopere nelegiuirea lui Efraim şi răutatea Samariei, căci lucrează cu vicleşug. Înlăuntru vine hoţul, şi ceata de tîlhari jăfuieşte afară.
1ဣသရေလ၏အနာကို ပျောက်စေခြင်းငှါ ငါပြု သောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှာမာရိပြုသော အဓမ္မ အမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ထားပြအလုံး အရင်းတို့သည် တိုက်တတ်ကြ၏။
2Şi nu se gîndesc în inima lor că Eu îmi aduc aminte de toată răutatea lor; faptele lor îi şi înconjoară, şi stau înaintea Mea!
2သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည် ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ။ ယခုပင်ထို အမှုတို့သည် သူတို့ကို ဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင် ရှိကြ၏။
3Ei veselesc pe împărat cu răutatea lor, şi pe căpetenii cu minciunile lor.
3ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကို၎င်း၊ မုသာစကားအားဖြင့် မင်းများကို၎င်း ဝမ်းမြောက်စေ ကြ၏။
4Toţi sînt preacurvari, ca un cuptor încălzit de brutar: şi brutarul încetează să mai aţîţe focul, de cînd a frămîntat plămădeala pînă s'a ridicat.
4ထိုသူအပေါင်းတို့သည် မတရားသော မေထုန် ဖြင့် မှားယွင်းသော သူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖေါင်းကြွမှီတိုင် အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။
5În ziua împăratului nostru, căpeteniile se îmbolnăvesc de prea mult vin, împăratul dă mîna cu batjocoritorii.
5ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသော သူတို့ကို လက်ခံတတ်၏။
6Le arde inima după curse ca un cuptor; toată noaptea le fumegă mînia, iar dimineaţa arde ca un foc aprins.
6အကယ်စင်စစ် သူတို့သည် ချောင်း၍ ကြည့် လျက်၊ နေကြစဉ် မိမိတို့နှလုံးကိုမီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တညဉ့်လုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သော မီးကဲ့သို့ လောင်လျက်ရှိ၏။
7Toţi ard ca un cuptor, şi îşi mănîncă judecătorii; toţi împăraţii lor cad; niciunul din ei nu Mă cheamă.
7ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ။
8Efraim se amestecă printre popoare, Efraim este o turtă, care n'a fost întoarsă.
8ဧဖရိမ်သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မလှန်သော မုန့်ပြား ဖြစ်၏။
9Nişte străini îi mănîncă puterea, şi el nu-şi dă seama, îl apucă bătrîneţa, şi el nu-şi dă seama.
9သူမသိမမှတ်ဘဲ တကျွန်းတနိုင်ငံသားတို့သည် သူ၏ ခွန်အားကို စားကြပြီ။ ကိုယ်မသိမမှတ်ဘဲ ခေါင်း ပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ။
10Măcar că mîndria lui Israel mărturiseşte împotriva lui, tot nu se întorc la Domnul, Dumnezeul lor, şi tot nu -L caută, cu toate aceste pedepse!
10ဣသရေလအမျိုး၏ မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။
11Ci Efraim a ajuns ca o turturică proastă, fără pricepere; ei cheamă Egiptul, şi aleargă în Asiria.
11ဧဖရိမ်သည် ဥာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေး တတ်၏။
12Dar ori de cîteori se duc, Îmi voi întinde laţul peste ei, îi voi doborî ca pe păsările cerului; şi -i voi pedepsi cum le-am spus în adunarea lor.
12သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည်။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်းငါဆုံးမမည်။
13Vai de ei, pentrucă fug de Mine! Pieirea vine peste ei, pentrucă nu-Mi sînt credincioşi! Aş vrea să -i scap, dar ei spun minciuni împotriva Mea!
13သူတို့သည် ငါ့ထံမှ ထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကားကို ပြောကြ၏။
14Nu strigă către Mine din inimă, ci se bocesc în aşternutul lor; turbează după grîu şi must, şi se răzvrătesc împotriva Mea.
14သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။
15I-am pedepsit, I-am întărit braţele, dar ei gîndesc rău împotriva Mea.
15ငါသည် ဆုံးမသော်၎င်း၊ သူတို့ကို ခိုင်ခံ့စေသော်၎င်း၊ ငါ့တဘက်၌ မကောင်းသော အကြံကိုကြံစည်ကြ၏။
16Se întorc, dar nu la Cel Prea Înalt; sînt ca un arc înşelător. Mai marii lor vor cădea ucişi de sabie, din pricina vorbirii lor îndrăzneţe, care -i va face de rîs în ţara Egiptului.
16အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ၍ အဲကုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည်။