Romanian: Cornilescu

Myanmar

Hosea

8

1Pune trîmbiţa în gură! Vrăjmaşul vine ca un vultur peste Casa Domnului! Căci au călcat legămîntul Meu, şi au păcătuit împotriva Legii Mele.
1တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။
2Atunci vor striga către Mine: ,,Dumnezeule, noi Te cunoaştem, noi, Israel!`` -
2သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။
3Israel a lepădat binele cu scîrbă; de aceea vrăjmaşul îi va urmări.
3ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
4Au pus împăraţi fără porunca Mea, şi căpetenii fără ştirea Mea; au făcut idoli din argintul şi aurul lor: deaceea vor fi nimiciţi.
4သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ။
5Viţelul tău este o scîrbă, Samario! Mînia Mea s'a aprins împotriva lor! Pînă cînd nu vor voi ei să se ţină curaţi?
5အိုရှမာရိ၊ သင်၏ နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သော သူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
6Idolul acesta vine din Israel, un lucrător l -a făcut, şi nu este Dumnezeu. Deaceea, viţelul Samariei va fi făcut bucăţi!
6ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည်။
7Fiindcă au sămănat vînt, vor secera furtună. Nu le va creşte un spic de grîu; ce va răsări, nu va da făină, şi dacă ar da, ar mînca -o străinii.
7လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည်။
8Israel este nimicit! Acum ei au ajuns printre neamuri ca un vas fără preţ.
8ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။အဘယ် သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့ တွင် ရှိရလိမ့်မည်။
9Căci s'au dus în Asiria, ca un măgar sălbatic care umblă răsleţ. Efraim a dat daruri ca să aibă prieteni!
9အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်း ရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ဆုချလေပြီ။
10Chiar dacă ei dau daruri neamurilor, tot îi voi apăsa, ca să înceteze pentru puţină vreme să mai ungă vreun împărat şi domni.
10တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။
11Căci Efraim a zidit multe altare ca să păcătuiască, şi altarele acestea l-au făcut să cadă în păcat.
11ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏ အပြစ်ဟူ၍ မှတ်ရလိမ့်မည်။
12Chiar dacă -i scriu toate poruncile Legii Mele, totuş ele sînt privite ca ceva străin.
12ငါ့တရား၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသော အရာဟူ၍ သူသည် မှတ်လေပြီတကား။
13Ei junghie vitele pe cari Mi le aduc, şi carnea le -o mînîncă; deaceea Domnul nu le primeşte! Acum Domnul Îşi aduce aminte de nelegiuirea lor, şi le va pedepsi păcatele: se vor întoarce în Egipt!
13ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည်။
14Căci Israel a uitat pe Cel ce l -a făcut, şi -a zidit palate, şi Iuda a înmulţit cetăţile întărite; deaceea voi trimete foc în cetăţile lor, şi le va mistui palatele.
14ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကို မီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။