1Proorocia lui Isaia, fiul lui Amoţ, despre Iuda şi Ierusalim, pe vremea lui Ozia, Iotam, Ahaz şi Ezechia, împăraţii lui Iuda.
1ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊
2Ascultaţi, ceruri, şi ia aminte, pămîntule, căci Domnul vorbeşte: ,,Am hrănit şi am crescut nişte copii, dar ei s'au răsculat împotriva Mea.
2ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ။
3Boul îşi cunoaşte stăpînul, şi măgarul cunoaşte ieslea stăpînului său: dar Israel nu Mă cunoaşte, poporul Meu nu ia aminte la Mine.``
3နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
4Vai, neam păcătos, popor încărcat de fărădelegi, sămînţă de nelegiuiţi, copii stricaţi! Au părăsit pe Domnul, au dispreţuit pe Sfîntul lui Israel. I-au întors spatele...
4ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွားသွားကြပြီ။
5Ce pedepse noi să vă mai dea, cînd voi vă răzvrătiţi din ce în ce mai rău? Tot capul este bolnav, şi toată inima sufere de moarte!
5သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ။
6Din tălpi pînă'n creştet, nimic nu -i sănătos: ci numai răni, vînătăi şi carne vie, ne stoarse, ne legate, şi ne alinate cu untdelemn:
6ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး။
7ţara vă este pustiită, cetăţile vă sînt arse de foc, străinii vă mănîncă ogoarele supt ochii voştri, pustiesc şi nimicesc, ca nişte sălbatici.
7သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
8Şi fiica Sionului a rămas ca o colibă în vie, ca o covercă într'un cîmp de castraveţi, ca o cetate împresurată.
8ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။
9De nu ne-ar fi lăsat Domnul oştirilor o mică rămăşiţă, am fi ajuns ca Sodoma, şi ne-am fi asemănat cu Gomora.
9ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
10Ascultaţi cuvîntul Domnului, căpetenii ale Sodomei! Ia aminte la Legea Dumnezeului nostru, popor al Gomorei!
10သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။
11,,Ce-Mi trebuie Mie mulţimea jertfelor voastre, zice Domnul. Sînt sătul de arderile de tot ale berbecilor, şi de grăsimea viţeilor; nu-Mi place sîngele taurilor, oilor şi ţapilor.
11ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။
12Cînd veniţi să vă înfăţişaţi înaintea Mea, cine vă cere astfel de lucruri, ca să-Mi spurcaţi curţile?
12သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။
13Nu mai aduceţi daruri de mîncare nefolositoare, căci Mi -e scîrbă de tămîie! Nu vreau luni noi, Sabate şi adunări de sărbătoare, nu pot să văd nelegiuirea unită cu sărbătoarea!
13အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
14Urăsc lunile voastre cele noi şi praznicele voastre; Mi-au ajuns o povară, nu le mai pot suferi.
14ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။
15Cînd vă întindeţi mînile, Îmi întorc ochii dela voi; şi ori cît de mult v'aţi ruga, n'ascult: căci mînile vă sînt pline de sînge!``
15သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။
16,,Spălaţi-vă deci şi curăţiţi-vă! Luaţi dinaintea ochilor Mei faptele rele pe cari le-aţi făcut! Încetaţi să mai faceţi răul!
16ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။
17Învăţaţi-vă să faceţi binele, căutaţi dreptatea, ocrotiţi pe cel asuprit, faceţi dreptate orfanului, apăraţi pe văduvă!`` -
17ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။
18,,Veniţi totuş să ne judecăm, zice Domnul. De vor fi păcatele voastre cum e cîrmîzul, se vor face albe ca zăpada; de vor fi roşii ca purpura, se vor face ca lîna.
18ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
19De veţi voi şi veţi asculta, veţi mînca cele mai bune roade ale ţării;
19သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။
20dar de nu veţi voi şi nu veţi asculta, de sabie veţi fi înghiţiţi, căci gura Domnului a vorbit.``
20သို့မဟုတ်လျှင်၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ် တော်ထွက်အမိန့်တော်ရှိ၏။
21Vai, cetatea aceea credincioasă, cum a ajuns o curvă! Era plină de judecată, dreptatea locuia în ea, şi acum e plină de ucigaşi!
21သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။
22Argintul tău s'a prefăcut în zgură, şi vinul tău cel ales a fost amestecat cu apă.
22သင်၏ ငွေသည်လည်းချော် ဖြစ်လေပြီ။ သင်၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏။
23Mai marii tăi sînt răzvrătiţi şi părtaşi cu hoţii, toţi iubesc mita şi aleargă după plată; orfanului nu -i fac dreptate, şi pricina văduvei n'ajunge pînă la ei.
23သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။
24De aceea, iată ce zice Domnul, Dumnezeul oştirilor, Puternicul lui Israel: ,,Ah! Voi cere socoteala protivnicilor Mei, şi Mă voi răzbuna pe vrăjmaşii Mei.
24ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
25Îmi voi întinde mîna împotriva ta, îţi voi topi sgura, cum o topeşte leşia, toate părticelele de plumb le voi depărta din tine.
25သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။
26Voi face iarăş pe judecătorii tăi ca odinioară, şi pe sfetnicii tăi ca la început. După aceea, vei fi numită cetatea neprihănită, cetatea credincioasă.``
26သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာခန့်ထားသည် နည်းတူ၊ တဖန်ငါခန့်ထား ဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
27Sionul va fi mîntuit prin judecată, şi ceice se vor întoarce la Dumnezeu în el, vor fi mîntuiţi prin dreptate.
27ဇိအုန်မြို့သည် တရားအားဖြင့်၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့်၎င်း၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည်။
28Dar pieirea va atinge pe toţi cei răzvrătiţi şi păcătoşi, şi ceice părăsesc pe Domnul vor pieri.
28လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
29Vă va fi ruşine de terebinţii în cari găseaţi plăcere, şi veţi roşi din pricina grădinilor în cari vă desfătaţi;
29သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။
30căci veţi fi ca un terebint cu frunzele ofilite, ca o grădină care n'are apă.
30အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
31Omul tare va fi ca un cîlţ, şi lucrarea lui ca o scînteie; amîndoi vor arde împreună, şi nimeni nu -i va stinge.
31ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။