1O! de ai fi fratele meu, care a supt la ţîţele mamei mele! Cînd te-aş întîlni în uliţă, te-aş săruta, şi nimeni nu m'ar ţinea de rău.
1ကိုယ်တော်သည် ကျွန်မ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ၏။ သို့ဖြစ်လျှင်၊ ကျွန်မ သည် ပြင်မှာတွေ့၍ နမ်းပါလိမ့်မည်။ သူတပါးမကဲ့ရဲ့ရ။
2Te-aş lua şi te-aş aduce la casa mamei mele; ea m'ar învăţa să-ţi dau să bei vin mirositor, must din rodiile mele.
2ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
3Mîna lui cea stîngă să fie supt capul meu, şi dreapta lui să mă îmbrăţişeze! -
3သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။
4Vă rog fierbinte, fiice ale Ierusalimului, nu stîrniţi, nu treziţi dragostea, pînă nu vine ea. -
4ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။
5Cine este aceea, care se suie din pustie, rezemată de iubitul ei şi zicînd: ,,Te-am trezit supt măr; acolo te -a născut mamă-ta, acolo te -a născut şi te -a făcut ea.`` -
5မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
6Pune-mă ca o pecete pe inima ta, ca o pecete pe braţul tău; căci dragostea este tare ca moartea, şi gelozia este neînduplecată ca locuinţa morţilor; jarul ei este jar de foc, o flacără a Domnului.
6ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
7Apele cele mari nu pot să stingă dragostea, şi rîurile n'ar putea s'o înece; de ar da omul toate averile din casa lui pentru dragoste, tot n'ar avea de cît dispreţ.
7သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
8Avem o soră micuţă, care n'are încă ţîţe. Ce vom face cu sora noastră în ziua cînd îi vor veni peţitorii?
8ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။
9Dacă este zid, vom zidi nişte zimţi de argint pe ea; dar dacă este uşă, o vom închide cu o scîndură de cedru. -
9သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည်။
10Eu sînt un zid, şi ţîţele mele sînt ca nişte turnuri; în ochii lui am fost ca una care a găsit pace.
10ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။
11Solomon avea o vie la Baal-Hamon; a închiriat -o unor păzitori; şi fiecare trebuia să aducă pentru rodul ei o mie de sicli de argint.
11ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။
12Via mea, care este a mea, o păstrez eu. Ţine-ţi, Solomoane, cei o mie de sicli, şi două sute fie celor ce păzesc rodul! -
12ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။
13Tu, care locuieşti în grădini, nişte prieteni îşi pleacă urechea la glasul tău: binevoieşte şi fă-mă să -l aud! -
13ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။
14Vino repede, iubitule, ca o căprioară sau ca puiul de cerb pe munţii plini de mirozne
14အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။