Romanian: Cornilescu

Myanmar

Psalms

35

1(Un psalm al lui David.) Apără-mă Tu, Doamne, de potrivnicii mei, luptă Tu cu cei ce se luptă cu mine!
1အိုထာဝရဘုရား၊ အကျွန်ုပ်၌ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။
2Ia pavăza şi scutul, şi scoală-Te să-mi ajuţi.
2ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတော်မူပါ။
3Învîrte suliţa şi săgeata împotriva prigonitorilor mei! zi sufletului meu: ,,Eu sînt mîntuirea ta!``
3အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော် မူပါ။
4Ruşinaţi şi înfruntaţi să fie ceice vor să-mi ia viaţa! Să dea înapoi şi să roşească cei ce-mi gîndesc peirea!
4အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။
5Să fie ca pleava luată de vînt, şi să -i gonească îngerul Domnului!
5ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါ စေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော။
6Drumul să le fie întunecos şi alunecos, şi să -i urmărească îngerul Domnului!
6သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်းဖြစ်ပါစေသော။ထာဝရ ဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော။
7Căci mi-au întins laţul lor, fără pricină, pe o groapă, pe care au săpat -o, fără temei, ca să-mi ia viaţa;
7အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ။
8să -i ajungă prăpădul pe neaşteptate, să fie prinşi în laţul, pe care l-au întins, să cadă în el şi să piară!
8ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါ စေသော။
9Şi atunci mi se va bucura sufletul în Domnul: se va veseli de mîntuirea Lui.
9သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူ ခြင်းအကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူး ခြင်းရှိလိမ့်မည်။
10Toate oasele mele vor zice: ,,Doamne, cine poate, ca Tine, să scape pe cel nenorocit de unul mai tare de cît el, pe cel nenorocit şi sărac de cel ce -l jăfuieşte?``
10အကျွန်ုပ်အရိုးရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏ လက်မှဆင်းရဲသားကို နှုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါ သနည်းဟု လျှောက်ဆိုကြမည်။
11Nişte martori mincinoşi se ridică, şi mă întreabă de ceeace nu ştiu.
11မမှန်သောသက်သေတို့သည်ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။
12Îmi întorc rău pentru bine: mi-au lăsat sufletul pustiu.
12ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ၏။
13Şi eu, cînd erau ei bolnavi, mă îmbrăcam cu sac, îmi smeream sufletul cu post, şi mă rugam cu capul plecat la sîn.
13ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကိုဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်း လေ၏။
14Umblam plin de durere ca pentru un prieten, pentru un frate; cu capul plecat, ca de jalea unei mame.
14သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင်နေလေ၏။
15Dar cînd mă clatin eu, ei se bucură şi se strîng; se strîng fără ştirea mea, ca să mă batjocorească, şi mă sfîşie neîncetat.
15ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက် ၌စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကို ဆွဲဖြတ်ကြ၏။
16Scrîşnesc din dinţi împotriva mea, împreună cu cei nelegiuiţi, cu secăturile batjocoritoare.
16ပွဲ၌ကစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။
17Doamne, pînă cînd Te vei uita la ei? Scapă-mi sufletul din cursele lor, scapă-mi viaţa din ghiarele acestor pui de lei!
17အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ၎င်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း ကယ်လွှတ်တော်မူပါ။
18Şi eu Te voi lăuda în adunarea cea mare, şi Te voi slăvi în mijlocul unui popor mare la număr.
18ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
19Să nu se bucure de mine ceice pe nedrept îmi sînt vrăjmaşi, nici să nu-şi facă semne cu ochiul, ceice mă urăsc fără temei!
19မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ်ကို မုန်းသော သူတို့လည်း မျက်စိစွေပြ ခြင်းကို မပြုကြပါစေနှင့်။
20Căci ei nu vorbesc de pace, ci urzesc înşelătorii împotriva oamenilor liniştiţi din ţară.
20အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ၏။
21Îşi deschid gura larg împotriva mea, şi zic: ,,Ha! Ha! Ochii noştri îşi văd acum dorinţa împlinită!``
21အကျွန်ုပ်ကိုပစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။
22Doamne, Tu vezi: Nu tăcea! Nu Te depărta de mine, Doamne!
22အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော် မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
23Trezeşte-Te, şi scoală-Te să-mi faci dreptate! Dumnezeule şi Doamne, apără-mi pricina!
23အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ။
24Judecă-mă după dreptatea Ta, Doamne, Dumnezeul meu, ca să nu se bucure ei de mine!
24အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။
25Să nu zică în inima lor: ,,Aha! iată ce doream!`` Să nu zică ,,L-am înghiţit!``
25အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့်။ ငါတို့သည် သူ့ကို မျိုပြီဟု၊ မပြောကြပါစေနှင့်။
26Ci să fie ruşinaţi şi înfruntaţi toţi cei ce se bucură de nenorocirea mea! Să se îmbrace cu ruşine şi ocară, cei ce se ridică împotriva mea!
26အကျွန်ုပ်၌ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။
27Să se bucure şi să se veselească, cei ce găsesc plăcere în nevinovăţia mea, şi să zică neîncetat: ,,Mărit să fie Domnul, care vrea pacea robului Său!``
27အကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့ သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေ သော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော် မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွတ်ဆိုကြပါ စေသော။
28Şi atunci limba mea va lăuda dreptatea Ta, în toate zilele va spune lauda Ta.
28အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို၍အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။