1(Către mai marele cîntăreţilor. Un psalm al lui David, robul Domnului.) Nelegiuirea celui rău zice inimii mele: ,,Nu este frică de Dumnezeu înaintea ochilor lui.``
1ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။
2Căci se măguleşte singur în ochii lui, ca să-şi desăvîrşească fărădelegea, ca să-şi potolească ura.
2သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။
3Cuvintele gurii lui sînt mincinoase şi înşelătoare; nu mai vrea să lucreze cu înţelepciune şi să facă binele.
3သူပြောသောစကားသည် အဓမ္မစကား၊ လှည့် စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ။
4În aşternutul lui se gîndeşte la răutate, stă pe o cale care nu este bună, şi nu urăşte răul.
4အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ်၏။ မကောင်းသော လမ်းသို့အမြဲလိုက်၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ။
5Bunătatea Ta, Doamne, ajunge pînă la ceruri, şi credincioşia Ta pînă la nori.
5အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
6Dreptatea Ta este ca munţii lui Dumnezeu, şi judecăţile Tale sînt ca Adîncul cel mare. Doamne, Tu sprijineşti pe oameni şi pe dobitoace!
6ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာ သောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက် တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရာဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော် မူ၏။
7Cît de scumpă este bunătatea Ta, Dumnezeule! La umbra aripilor Tale găsesc fiii oamenilor adăpost.
7အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။
8Se satură de belşugul Casei Tale, şi -i adăpi din şivoiul desfătărilor Tale.
8အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ၏။
9Căci la Tine este izvorul vieţii; prin lumina Ta vedem lumina.
9အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက် စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့ သည် အလင်းကို ရကြပါ၏။
10Întinde-Ţi şi mai departe bunătatea peste ceice Te cunosc, şi dreptatea peste cei cu inima neprihănită!
10ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာ တော်ကို၎င်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည်မြဲတည်စေတော်မူပါ။
11Să nu m'ajungă piciorul celui mîndru, şi să nu mă pună pe fugă mîna celor răi.
11မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါ စေနှင့်။
12Ceice fac fărădelegea au şi început să cadă; sînt răsturnaţi, şi nu pot să se mai scoale.
12ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကို ခံရသောကြောင့်၊ တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ။