Shona

Myanmar

Ezekiel

34

1Zvino shoko raJehovha rakasvika kwandiri richiti,
1တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2Mwanakomana womunhu, porofita pamusoro pavafudzi vaIsiraeri, porofita, uti kwavari, kuna ivo vafudzi, zvanzi nalshe Jehovha, Vane nhamo ivo vafudzi vaIsiraeri vanozvifudza! Ko vafudzi havafaniri kufudza makwai here?
2အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။
3Munodya mafuta munofuka makushe awo, munobaya akakora asi, hamufudzi makwai.
3သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။
4Hamuna kusimbisa anoshayiwa simba, kana kurapa anorwara, kana kudzosa akadzingwa, kana kundotsvaka akarasika, asi makaabata nesimba nehasha.
4အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
5Akapararira, nekuti akanga asina mufudzi, akava zvokudya zvezvikara zvose zvokusango, akapararira.
5ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ၏။
6Makwai angu akadzungaira pamakomo ose, napachikomo chimwe nechimwe chakakwirira, zvirokwazvo makwai angu akapararira pasi pose, hakuna akaaronda nokuatsvaka.
6ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်ရှာကြ။
7Naizvozvo imwi vafudzi, inzwai shoko raJehovha.
7သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
8Noupenyu hwangu ndizvo zvinotaura Ishe Jehovha zvirokwazvo, makwai angu zvaakapambwa, zvaakava zvokudya zvezvikara zvose zvokusango, nekuti kwakanga kusino mufudzi, navafudzi vangu zvavasina kuronda makwai angu, asi vafudzi vangu vakazvifudza ivo, vakasafudza makwai angu;
8အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့်၊
9naizvozvo, imwi vafudzi, inzwai shoko raJehovha.
9အချင်း သိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။
10Zvanzi naIshe Jehovha, Tarirai, ndine mhaka navafudzi, ndichabvunza makwai angu pamaoko avo, nokuvadzivisa kuzofudza makwai, uye vafudzi havangazozvifudzi ivo; ndicharwira makwai angu pamiromo yavo, kuti arege kuzova zvokudya zvavo.
10အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။
11nekuti zvanzi naIshe Jehovha, Tarirai, ini, ini ndimene, ndicharonda makwai angu nokuatsvaka.
11အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
12Mufudzi sezvaanotsvaka boka rake, nezuva raari pakati pemakwai ake akapararira kose, saizvozvo ndichatsvaka makwai angu, ndichaasunungure panzvimbo dzose kwaakapararira nezuva ramakore nererima.
12ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။
13Ndichaabudisa pakati pamarudzi avanhu, nokuaunganidza kunyika dzose, ndiasvitse kunyika yawo, ndichaafudza pamakomo aIsiraeri, pahova napanzvimbo dzose dzenyika dzakagarwa navanhu.
13အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။
14Ndichaafudza namafuro akakora, danga rawo richava pamakomo akakwirira aIsiraeri; achavata ipapo pasi mudanga rakanaka, achafura pamafuro emakamera mumakomo alsiraeri.
14ကောင်းသောကျက်စားရာအရပ်၌ ကျွေးမွေး မည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည်။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသောကျက်စားရာ၌ ကျက်စားကြလိမ့်မည်။
15Ini ndimene ndichava mufudzi wamakwai angu, ndichaavatisa pasi, ndizvo zvinotaura Ishe Jehovha.
15ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
16Ndichatsvaka akarasika, ndichadzosa akadzingwa, ndichapombera akavhunika, ndichasimbisa anorwara; asi akakora naane simba ndichaaparadza; ndichaafudza zvakarurama.
16ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17Kana murimi boka rangu, ndizvo zvinotaura Ishe Jehovha tarirai ndinotonga pakati pamakwai namakwai, pakati pamakondobwe nenhongo.
17အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို၎င်း ငါပိုင်းခြားမည်။
18Ko chinhu chiduku here zvamakafura pamafuro akanaka, zvino motsika netsoka dzenyu mafuro enyu akasara?
18သင်တို့သည် ကောင်းသောကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သော ရေကို သောက်သည်သာမက၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
19Kana ari makwai angu, anodya zvamakatsika netsoka dzenyu, nokumwa zvamakabvongodza netsoka dzenyu.
19သင်တို့နင်းသောမြက်ပင်ကို၎င်း၊ ခြေနှင့်နောက် စေသော ရေကို၎င်း၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော။
20Naizvozvo zvanzi naIshe Jehovha kwavari, Tarirai, ini, iyeni, ndichatonga pakati pamakwai akakora namakwai akaonda.
20သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
21Zvamunosunda norutivi nefudzi, muchitunga asine simba nenyanga dzenyu, kusvikira maaparadzira kose,
21သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်း တိုး၍ ချိုနှင့်ခွေ့သောကြောင့်၊
22naizvozvo ndichaponesa boka rangu, kuti arege kuzopambwa; ndichatonga pakati pamakwai namakwai.
22ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။
23Ndichaamutsira mufudzi mumwe woga, iye achaafudza, iye muranda wangu Dhavhidhi; iye uchaafudza, iye achava mufudzi wawo.
23သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
24Ini Jehovha ndichava Mwari wavo, nomuranda wangu Dhavhidhi achava muchinda pakati pavo; ini Jehovha ndakataura izvozvo.
24ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရ လိမ့်မည်။ ငါထာဝရဘုရားပြောပြီ။
25Ndichaita navo sungano yorugare, ndichapedza zvikara panyika yavo, vachagara zvakanaka murenje, nokuvata mumatondo.
25သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။
26Ndichavaita ropafadzo ivo nenzvimbo dzakapoteredza chikomo changu; ndichapfunhisa mvura nenguva yayo, mashoko anoropafadza achavapo.
26သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည်။
27Miti iri kusango ichabereka zvibereko zvayo, nenyika ichabereka zvayo, vachagara zvakanaka panyika yavo; zvino vachaziva kuti ndini Jehovha, nenguva yandinovhuna matanda ejoko ravo, nokuvarwira pamaoko avaivabatisa.
27တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
28Havangazovi chinhu chinopambwa namarudzi avanhu, nezvikara zvenyika hazvingavaparadzi; asi vachagara zvakanaka, hakuna angavatyisa.
28နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။
29Ndichavameresera miti inorumbidzwa, havangazofa nenzara munyika yavo, kana kuzoshorwa namarudzi avanhu.
29အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရ ခေါင်း ပါး၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ။ တပါး အမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။
30Zvino vachaziva kuti ini Jehovha Mwari wavo ndinavo, uye kuti ivo, iyo imba yaIsiraeri, ndivo vanhu vangu ndizvo zvinotaura Ishe Jehovha.
30သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို၎င်း၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ၏လူဖြစ်ကြောင်းကို၎င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
31Asi imi, makwai angu, makwai anofudzwa neni, muri vanhu, neni ndiri Mwari wenyu, ndizvo zvinotaura Ishe Jehovha.
31ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည်လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ ဘုရား သခင်ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။