Shona

Myanmar

Ezekiel

35

1Zvino shoko raJehovha rakasvika kwandiri richiti,
1တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2Mwanakomana womunhu, rinzira chiso chako kugomo reSeiri, uporofite pamusoro paro,
2အချင်းလူသား၊ သင်သည် စိရတောင်တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
3uti kwariri, zanzi naIshe Jehovha, Tarira, ndine mhaka newe, iwe gomo reSeiri, ndichatambanudzira ruoko rwangu kwauri, ndichakuita dongo nechishamiso.
3အိုစိရတောင်၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။
4Ndichaparadza maguta ako, iwe uchava dongo; zvino uchaziva kuti ndini Jehovha.
4သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သိရလိမ့်မည်။
5nekuti wakavenga vana vaIsiraeri nokuvenga kusingaperi, ukavaisa pasimba romunondo nenguva yenjodzi yavo, nenguva yezvakaipa zvokupedzisira;
5သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုး သားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး၌၊ သူတို့အသက်ကို ထားနှင့် သတ် သောကြောင့်၊
6naizvozvo noupenyu hwangu; ndizvo zvinotaura Ishe Jehovha, ndichakugadzirira ropa, ropa richakuteverera; zvausina kuvenga ropa, ropa richakuteverera.
6အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည်သင့်ကို လိုက်မည်။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
7Saizvozvo ndichaita gomo reSeiri chishamiso nedongo; ndichaparadza mariri vanofamba napo navanodzoka napo.
7ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။
8Ndichazadza makomo aro navanhu varo vakaurayiwa; muzvikomo zvako nomumipata yako napahova dzako dzose ndipo pachawa vakauyirawa nomunondo.
8သင်၏တောင်တို့ကိုလည်း သင်၏သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည်။
9Ndichakuita dongo nokusingaperi, maguta ako haangagarwi; zvino muchaziva kuti ndini Jehovha.
9သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှမနေရ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
10Zvawakati, Marudzi awa maviri nenyika idzi mbiri zvichava zvangu, zvichava nhaka yedu, kunyange Jehovha akanga aripo;
10သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း၍ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
11naizvozvo noupenyu hwangu ndizvo zvinotaura Ishe Jehovha ndichaita zvakafanira kutsamwa kwako, uye zvakafanira godo rako rawakavaitira nokuvenga kwako; zvino ini ndichazvizivisa pakati pavo, kana ndichikutonga iwe.
11အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။
12lwe uchaziva kuti ini Jehovha ndakanzwa kumhura kwako kose kwawakataura pamusoro pamakomo aIsiraeri, uchiti, Akaparadzwa, takaapiwa isu zvive zvokudya zvedu.
12သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာရဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။
13Makazvikudza kwandiri nemiromo yenyu, makawanza mashoko enyu kwandiri; ndazvinzwa.
13ထိုသို့သင်သည် ငါ့တဘက်၌ဝါကြွား၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။
14Zvanzi naIshe Jehovha, Kana nyika yose ichifara, ndichakuita iwe dongo.
14အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။
15Sezvawakafara pamusoro penhaka yeimba yaIsiraeri, nemhaka yokuti yakaitwa dongo, saizvozvo ndichakuitirawo; uchava dongo, iwe gomo reSeiri, neEdhomu rose, izvo zvose zvaro; zvino vachaziva kuti ndini Jehovha.
15ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။