Turkish

Myanmar

1 Chronicles

11

1İsraillilerin tümü Hevronda bulunan Davuta gelip şöyle dediler: ‹‹Biz senin etin, kemiğiniz.
1ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌ စည်းဝေး၍၊ ကျွန်တော် တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြ ပါ၏။
2Geçmişte Saul kralımızken, savaşta İsraile komuta eden sendin. Tanrın RAB sana, ‹Halkım İsraili sen güdecek, onlara sen önder olacaksın› diye söz verdi.››
2အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွား လျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုးကိုလုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ် တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
3İsrailin bütün ileri gelenleri Hevrona, Kral Davutun yanına gelince, Davut RABbin önünde orada onlarla bir antlaşma yaptı. Onlar da RABbin Samuel aracılığıyla söylediği söz uyarınca, Davutu İsrail Kralı olarak meshettiler.
3ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
4Kral Davutla İsrailliler Yevus diye bilinen Yeruşalime saldırmak için yola çıktılar. Orada yaşayan Yevuslular
4တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့ တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
5Davuta, ‹‹Sen buraya giremezsin›› dediler. Ne var ki, Davut Siyon Kalesini, Davut Kentini ele geçirdi.
5ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
6Davut, ‹‹Yevuslulara ilk saldıran kişi komutan ve önder olacak›› demişti. İlk saldırıyı Seruya oğlu Yoav yaptı, böylece ordu komutanı oldu.
6ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံ သောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
7Bundan sonra Davut kalede oturmaya başladı. Bunun için oraya ‹‹Davut Kenti›› adı verildi.
7ထိုနောက် ဒါဝိဒ်သည်ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။
8Çevredeki bölgeyi, Millodan çevre surlara kadar uzanan kesimi inşa etti. Yoav da kentin geri kalan bölümünü onardı.
8မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌ တည် ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကိုယွာဘပြုပြင်လေ၏။
9Davut giderek güçleniyordu. Çünkü Her Şeye Egemen RAB onunlaydı.
9ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့်၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
10RABbin İsraile verdiği söz uyarınca Davutun yiğit askerlerinin komutanları İsrail halkıyla birlikte Davutu kral yaptılar ve krallığının güçlenmesi için onu desteklediler.
10ဣသရေလအမျိုး၌ ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်း ငှါ ဣသရေလအမျိုးအပေါင်းတို့နှင့် ဝိုင်း၍ ဒါဝိဒ်မင်း ဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်းသူရဲကြီး တို့၏ စာရင်းဟူမူကား၊
11Bunların adları şöyledir: Üçlerin önderi Hakmonlu Yaşovam, mızrağını üç yüz kişiye karşı kaldırıp bir saldırıda hepsini öldürdü. ‹‹Otuzlar››.
11ဟခမောနိအမျိုးယာရှောဗံသည် ဗိုလ်ချုပ်ဖြစ် ၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံလေ၏။
12İkincisi, üç yiğitlerden biri olan Ahohlu Dodo oğlu Elazar.
12သူ့နောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက် အဝင်ဖြစ်၏။
13Filistliler savaş için Pas-Dammimde toplandıklarında Elazar Davutun yanındaydı. Orada bir arpa tarlası vardı. İsrailliler Filistlilerin önünden kaçmıştı.
13ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက်၌ စုဝေး၍ ဣသရေလလူတို့ သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
14Ama Elazarla Davut tarlanın ortasında durup orayı savunmuş, Filistlileri öldürmüşlerdi. RAB onlara büyük bir zafer sağlamıştı.
14ထိုသူတို့သည် လယ်ကွက်အလယ်၌ရပ်၍ စောင့် မလျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံသောအခါ၊ ထာဝရဘုရား သည် ကြီးစွာသော အောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
15Otuzlardan üçü Davutun yanına, Adullam Mağarasındaki kayaya gittiler. Bir Filist birliği Refaim Vadisinde ordugah kurmuştu.
15ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
16Bu sırada Davut hisarda, başka bir Filist birliğiyse Beytlehemdeydi.
16ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
17Davut özlemle, ‹‹Keşke biri Beytlehemde kapının yanındaki kuyudan bana su getirse!›› dedi.
17ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
18Bu Üçler Filist ordugahının ortasından geçerek Beytlehemde kapının yanındaki kuyudan su çekip Davuta getirdiler. Ama Davut içmek istemedi; suyu yere dökerek RABbe sundu.
18ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလျက်၊
19‹‹Ey Tanrım, bunu yapmak benden uzak olsun!›› dedi, ‹‹Canlarını tehlikeye atıp giden bu üç kişinin kanını mı içeyim?›› Canlarını tehlikeye atarak suyu getirdikleri için Davut içmek istemedi. Bu üç kişinin yiğitliği işte böyleydi.
19ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ် အသက်ကို စွန့်စား၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ၏။
20Yoavın kardeşi Avişay Üçlerin önderiydi. Mızrağını kaldırıp üç yüz kişiyi öldürdü. Bu yüzden Üçler kadar ünlendi.
20ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက် အဝင်နေရာရသတည်း။
21Üçlerin en saygın kişisiydi ve onların önderi oldu. Ama Üçlerden sayılmadı.
21သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပဌမသူရဲသုံးယောက်တို့ကို မမှီ။
22Yehoyada oğlu Kavseelli Benaya yürekli bir savaşçıydı. Büyük işler başardı. Aslan yürekli iki Moavlıyı öldürdü. Ayrıca karlı bir gün çukura inip bir aslan öldürdü.
22အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။
23Beş arşınfü boyunda iri yarı bir Mısırlıyı da öldürdü. Mısırlının elinde dokumacı sırığı gibi bir mızrak vardı. Benaya sopayla onun üzerine yürüdü. Mızrağı elinden kaptığı gibi onu kendi mızrağıyla öldürdü.
23အရပ်ငါးတောင်မြင့်သော အဲဂုတ္တု လူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင် ဝေးကိုသာ ကိုင်လျက်သွား၍၊ အဲဂုတ္တုလူလက်မှလှံကို လုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ်၏။
24Yehoyada oğlu Benayanın yaptıkları bunlardır. Bu sayede o da üç yiğitler kadar ünlendi.
24ထိုသို့သော အမှုတို့ကို ယောယဒသား ဗေနာယ သည် ပြု၍ သူရဲသုံးယောက်အဝင်နေရာကိုရ၏။
25Benaya Otuzlar arasında saygın bir yer edindiyse de, Üçlerden sayılmadı. Davut onu muhafız birliği komutanlığına atadı.
25ဗိုလ်များထက်သာ၍မြတ်သော်လည်း ပဌမ သူရဲသုံးယောက်တို့ကိုမမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး၏။
26Öteki yiğitler şunlardır: Yoavın kardeşi Asahel, Beytlehemli Dodo oğlu Elhanan,
26ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
27Harorlu Şammot, Pelonlu Heles,
27ဟေရောဒိအမျိုး ရှမ္မ၊ ဖာလတိအမျိုး ဟေလက်၊
28Tekoalı İkkeş oğlu İra, Anatotlu Aviezer,
28တေကောအမျိုး ဣကေရှ၏သား ဣရ၊ အနေ သောသိအမျိုး အဗျေဇာ၊
29Huşalı Sibbekay, Ahohlu İlay,
29ဟုရှသိအမျိုးသိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊
30Netofalı Mahray ve Baana oğlu Helet,
30နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိ အမျိုး ဗာန၏သား ဟေလက်၊
31Benyaminoğullarından Givalı Rivay oğlu İttay, Piratonlu Benaya,
31ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သားဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊
32Gaaş vadilerinden Huray, Arvalı Aviel,
32ဂါရှချိုင့်သားဟုရဲ၊ အာဗသိအမျိုးအဗျေလ၊
33Baharumlu Azmavet, Şaalbonlu Elyahba,
33ဗာဟုမိအမျိုးအာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
34Gizonlu Haşemin oğulları, Hararlı Şage oğlu Yonatan,
34ဂိဇောနိအမျိုးယာရှင်၏သားတို့တွင် ယောန သန်၊ ဟာရရိအမျိုး ရှမ္မ၊
35Hararlı Sakâr oğlu Ahiam, Ur oğlu Elifal,
35ဟာရရိအမျိုးရှာရ၏ သားအဟိအံ၊ ဥရ၏သား ဧလိဖလ၊
36Mekeralı Hefer, Pelonlu Ahiya,
36မေခေရသိအမျိုးဟေဖာ၊ ပေလောနိအမျိုး အဟိယ၊
37Karmelli Hesro, Ezbay oğlu Naaray,
37ကရမေလအမျိုးဟေဇရဲ၊ ဧဇဗဲ၏သားနာရဲ၊
38Natanın kardeşi Yoel, Hacer oğlu Mivhar,
38နာသန်၏ညီယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊
39Ammonlu Selek, Seruya oğlu Yoavın silah taşıyıcısı Berotlu Nahray,
39အမ္မုန်အမျိုးဇေလက်၊ ဇေရုံယာသား ယွာဘ၏ လက်နက်ဆောင် လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊
40Yattirli İra ve Garev,
40ဣသရိအမျိုး ဣရ၊ ဣသရိအမျိုးဂါရက်၊
41Hititli Uriya, Ahlay oğlu Zavat,
41ဟိတ္တိအမျိုးဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
42Rubenlilerin önderi Rubenli Şiza oğlu Adina ve ona eşlik eden otuz kişi,
42ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ်၊ ရှိဇ၏သား အဒိန၊
43Maaka oğlu Hanan, Mitanlı Yoşafat,
43မာခါ၏သားဟာနန်၊ မိသနိအမျိုး ယောရှဖတ်၊
44Aşteralı Uzziya, Aroerli Hotamın oğulları Şama ve Yeiel,
44အာရှတယောသိအမျိုးဩဇိ၊ အာရော်အမျိုး ဟောသန်၏သား ရှာမနှင့်ယေဟေလ၊
45Şimri oğlu Yediael ve kardeşi Tisli Yoha,
45တိဇိအမျိုးရှိမရိ၏သား ယေဒျေလနှင့် သူ၏ညီ ယောဟ၊
46Mahavlı Eliel, Elnaamın oğulları Yerivay ve Yoşavya, Moavlı Yitma,
46မဟာဝိအမျိုးဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘအမျိုးဣသမနှင့်တကွ၊
47Eliel, Ovet, Mesovalı Yaasiel.
47ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်အမျိုး ယာသေ လတည်း။