1Davutun Kiş oğlu Sauldan gizlendiği Ziklakta yanına gelenler şunlardır. Bunlar savaşta onu destekleyen yiğitlerdi.
1ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌ နေစဉ်၊ သူ့ဘက်သို့ဝင်စားသောသူ၊
2Benyamin oymağından, Saulun ailesindendiler. Yay taşır ve yayla ok, sapanla taş atmak için hem sağ, hem sol ellerini kullanabilirlerdi.
2လေး လက်နက်ကို ဆောင်၍လက်ျာဘက်လက်ဝဲလက်မရွေး၊ ကျောက်နှင့်မြှားကို ပစ်တတ်သော စစ်သူရဲကြီး၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန်အမျိုးသားဟူမူကား၊
3Givalı Şemaanın oğulları Ahiezerle Yoaşın komutası altındaydılar. Adları şunlardı: Azmavetin oğulları Yezielle Pelet, Beraka, Anatotlu Yehu,
3အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊
4Otuzlardan bir yiğit ve Otuzların önderi olan Givonlu Yişmaya, Yeremya, Yahaziel, Yohanan, Gederalı Yozavat,
4ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲလုပ်သော ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရသိအမျိုးယောဇဗဒ်၊
5Eluzay, Yerimot, Bealya, Şemarya, Haruflu Şefatya,
5ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိ အမျိုးရှေဖတိ၊
6Elkana, Yişşiya, Azarel, Yoezer, Yaşovam, Korahlılar,
6ဧလကာန၊ ယေရှာ၊ အာဇရေလ၊ ယောဇာ၊ ကောရသိအမျိုး ယာရှောဗ၊
7Yoela, Zevadya, Gedorlu Yerohamın oğulları.
7ဂေဒေါ်မြို့နေ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း။
8Davut çölde saklandığı yerdeyken bazı Gadlılar da ona katıldı. Bunlar savaşa hazır, kalkan ve mızrak kullanabilen yiğit adamlardı. Yüzleri aslan yüzü gibiydi, dağlardaki ceylanlar kadar çeviktiler.
8ထိုမှတပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား၊
9Önderleri Ezerdi. İkincisi Ovadya, üçüncüsü Eliav,
9ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊
10dördüncüsü Mişmanna, beşincisi Yeremya,
10မိရှမန္နတပါး၊ ယေရမိတပါး၊
11altıncısı Attay, yedincisi Eliel,
11အတ္တဲတပါး၊ ဧလျေလတပါး၊
12sekizincisi Yohanan, dokuzuncusu Elzavat,
12ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊
13onuncusu Yeremya, on birincisi de Makbannaydı.
13ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ် တပါးတည်း။
14Bu Gadlılar ordu komutanlarıydı. En güçsüzleri yüz, güçlüleri bin kişinin yerini tutardı.
14ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကား လူတရာ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ၏။
15Birinci ay, Şeria Irmağı her yana taşmışken, karşı yakaya geçtiler. Oradaki vadilerde oturanların tümünü doğuya, batıya kaçırdılar.
15ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင်၊ သူတို့သည် ကူး၍ မြေညီရာအရပ်အရှေ့အနောက်၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ၏။
16Benyamin ve Yahudaoğullarından bazı kişiler de Davutun yanına, saklandığı yere gittiler.
16ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့ သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ၊
17Onları karşılamaya çıkan Davut şöyle dedi: ‹‹Eğer bana yardım etmek için esenlikle geldiyseniz, buyrun bize katılın. Ama ben haksızlık yapmamışken beni düşmanlarımın eline teslim etmeye geldiyseniz, atalarımızın Tanrısı bunu görsün ve sizi yargılasın.››
17ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား၍၊ ငါ့ကို မစခြင်းငှါ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကိုရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ၌ အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟုဆိုသော်၊
18Tanrının Ruhu Otuzların önderi Amasayın üzerine indi. Amasay şöyle dedi: ‹‹Ey Davut, seniniz biz!Ey İşay oğlu, seninleyiz!Esenlik olsun sana, esenlik!Seni destekleyenlere de esenlik olsun!Tanrın sana yardım edecektir.›› Davut onları iyi karşıladı ve akıncıların başı yaptı.
18ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထား လေ၏။
19Davut Filistlilerle birlikte Saula karşı savaşmaya gidince, Manaşşe oymağından da bazı kişiler onun yanına geçtiler. Ne var ki Davutla adamları Filistlilere yardım etmediler. Çünkü Filist beyleri birbirlerine danışıp, ‹‹Davut efendisi Saula dönerse başımızdan oluruz›› diyerek onu geri göndermişlerdi.
19ထိုမှတပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊
20Davut Ziklaka gittiğinde yanına geçen Manaşşeliler şunlardır: Adna, Yozavat, Yediael, Mikael, Yozavat, Elihu, Silletay. Bunlar Manaşşede bin kişilik birliklerin komutanlarıydı.
20မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။
21Düşman akıncılarına karşı Davuta yardım ettiler. Hepsi de yiğit savaşçılar, ordu komutanlarıydı.
21ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ်၍၊ ထားပြလုပ်သော သူတို့တဘက်၌ ဒါဝိဒ်ကို မစကြ၏။
22Her gün insanlar Davuta yardım etmeye geliyorlardı. Davut büyük, güçlü bir orduya sahip oluncaya dek bu böyle sürdü.
22ထိုကာလ၌ဘုရားသခင်၏ ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တနေ့ထက် တနေ့ ဒါဝိဒ်ကို ကူညီ၍ဝင်စားကြ၏။
23RABbin sözü uyarınca Saulun krallığını Davuta vermek için Hevrona, Davutun yanına gelen savaşçıların sayısı şudur:
23ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏ နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှါ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊
24Savaşa hazır, kalkan ve mızrak taşıyan Yahudaoğullarından 6 800 kişi.
24ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်စုံ နှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊
25Savaşa hazır, yiğit Şimonoğullarından 7 100 kişi.
25ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ၊
26Levioğullarından 4 600 kişi.
26လေဝိအမျိုးသားလေးထောင်ခြောက်ရာ၊
27Harun ailesinin başı Yehoyada ve onunla birlikte olanlar 3 700 kişi.
27အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊
28Genç yiğit Sadokla ailesinden 22 subay.
28ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး၊
29Saulun soyu Benyaminlilerden 3 000 kişi. Benyaminlilerin çoğu o zamana dek Saulun ailesine bağlı kalmışlardı.
29ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုး သားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလု ဘက်မှာစောင့်နေကြ၏။
30Efrayimoğullarından yiğit savaşçı ve boylarında ün salmış 20 800 kişi.
30ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှား သော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ၊
31Davutu kral yapmak için Manaşşe oymağının yarısından özel olarak seçilip gelenler 18 000 kişi.
31ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်း ရှစ်ထောင်၊
32İssakaroğullarından 200 kişi. Bunlar İsraillilerin ne zaman ne yapması gerektiğini bilen kişilerdi. Boy başlarıydı ve bütün akrabalarını yönetirlerdi.
32ကာလအချိန်တို့ကို နားလည်၍ ဣသရေလ အမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသားသူကြီးနှစ်ရာ၊ သူတို့အမျိုးသားချင်း အပေါင်းတို့သည် အသင့်ရှိကြ၏။
33Zevulundan 50 000 kişi. Bunlar savaşa hazır, deneyimli askerlerdi. Her tür silahı kullanmada ustaydılar. Davuta candan ve yürekten yardım ettiler.
33စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊
34Naftaliden 1 000 subay ile kalkan ve mızrak taşıyan 37 000 kişi.
34နဿလိအမျိုးသား ဗိုလ်တထောင်၊ ဒိုင်းနှင့်လှံ ကို ဆောင်သော သူသုံးသောင်းခုနစ်ထောင်၊
35Danlılardan savaşa hazır 28 600 kişi.
35ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ၊
36Aşerden savaşa hazır, deneyimli 40 000 asker.
36အာရှာအမျိုးထဲက ထိုအတူ လေ့ကျက်၍ စစ်ချီ တတ်သော သူလေးသောင်း၊
37Şeria Irmağının doğusunda yaşayan, savaş için her tür silahla donatılmış Rubenlilerden, Gadlılardan ve Manaşşe oymağının yarısından 120 000 kişi.
37ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း၊
38Bunların hepsi savaşa hazır yiğit askerlerdi. Büyük bir kararlılıkla Davutu bütün İsrailin kralı yapmak için Hevrona geldiler. Geri kalan İsrailliler de Davutu kral yapma konusunda aynı düşüncedeydiler.
38စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ၏။
39Adamlar Davutun yanında üç gün kaldılar. Orada yiyip içtiler. Gereksinimlerini yakınları sağlamıştı.
39ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံ တော်၌ စားသောက်လျက် နေကြ၏။ အမျိုးသားချင်းတို့ သည် ပြင်ဆင်နှင့်ကြပြီ။
40İssakar, Zevulun ve Naftali'ye kadar yayılmış olan yakınları da yiyecek yüklü eşeklerle, develerle, katırlarla, öküzlerle geldiler. Bol miktarda un, incir pestili, kuru üzüm salkımları, şarap, zeytinyağı, çok sayıda sığır ve davar getirdiler. Çünkü İsrail'de sevinç vardı.
40အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွား နှင့်တကွ အမဲသား၊ မုန့်ညက်သင်္ဘောသဖန်းသီး၊ စပျစ် သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုပ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။