Turkish

Myanmar

1 Chronicles

13

1Davut binbaşılara, yüzbaşılara ve subaylarına danıştı.
1တဖန်ဒါဝိဒ်သည် လူတထောင်အုပ်၊ တရာအုပ် အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊
2Sonra bütün İsrail topluluğuna şöyle seslendi: ‹‹Eğer onaylarsanız ve Tanrımız RABbin isteğiyse, İsrail ülkesinin her yanına yayılmış öbür soydaşlarımıza ve onlarla birlikte kendi kentlerinde ve otlaklarında yaşayan kâhinlerle Levililere haberciler gönderelim. Onlar da gelip bize katılsınlar.
2ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်၊ ဣသရေလနိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့်မြို့နယ်၌ နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့။
3Tanrımızın Sandığını geri getirelim. Çünkü Saulun krallığı döneminde ona gereken önemi vermedik.››
3ငါတို့၏ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူ သောစကားကို၊
4Topluluk bu öneriyi benimseyerek sandığı geri getirmeye karar verdi.
4စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်းပြုပါမည်ဟု ဝန်ခံကြ၏။
5Davut Tanrının Antlaşma Sandığını Kiryat-Yearimden geri getirmek için Mısırdaki Şihor Irmağından Levo-Hamata kadar bütün İsraillileri topladı.
5ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော် ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည် အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေး စေပြီးလျှင်၊
6Böylece Davutla İsrailliler Keruvlar arasında taht kuran RAB Tanrının adıyla anılan Tanrının Antlaşma Sandığını getirmek için Yahudadaki Baala Kentine -Kiryat-Yearime- gittiler.
6ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။
7Tanrının Sandığını Avinadavın evinden alıp yeni bir arabaya koydular. Arabayı Uzzayla Ahyo sürüyordu.
7ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့်အဟိဩသည်လှည်းကို နှင်ကြ၏။
8Bu arada Davutla bütün İsrail halkı da Tanrının önünde lir, çenk, tef, zil ve borazanlar eşliğinde ezgiler okuyarak, var güçleriyle bu olayı kutluyorlardı.
8ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
9Kidonun harman yerine vardıklarında öküzler tökezledi. Bu nedenle Uzza elini uzatıp sandığı tuttu.
9ခိဒုန်ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော် ကို ကိုင်၏။
10RAB sandığa elini uzatan Uzzaya öfkelenerek onu yere çaldı. Uzza orada, Tanrının önünde öldü.
10ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ် တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။
11Davut, RABbin Uzzayı cezalandırmasına öfkelendi. O günden bu yana oraya Peres-Uzza denilir.
11ဩဇကိုထာဝရဘုရား ဒဏ်ခတ်တော်မူသော ကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင် သတည်း။
12Davut o gün Tanrıdan korkarak, ‹‹Tanrının Sandığını nasıl yanıma getirsem?›› diye düşündü.
12ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟုဆိုလျက်၊
13Sandığı yanına, Davut Kentine götüreceğine Gatlı Ovet-Edomun evine götürdü.
13မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွား လေ၏။
14Tanrı'nın Sandığı Gatlı Ovet-Edom'un evinde üç ay kaldı. RAB Ovet-Edom'un ailesini ve ona ait her şeyi kutsadı.
14ဘုရားသခင်၏သေတ္တာတော်သည် သုံးလ ပတ်လုံး၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။