1Kapı nöbetçilerinin bölükleri: Korahlılardan: Asafoğullarından Kore oğlu Meşelemya.
1အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူ မူကား။ ကောရဟိအမျိုးဧဗျာသပ်အနွှယ်၊ ကောရသား မေရှလေမိ၊
2Meşelemyanın oğulları: İlk oğlu Zekeriya, ikincisi Yediael, üçüncüsü Zevadya, dördüncüsü Yatniel,
2မေရှလေမိ၏သားဦးဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယ သားဇေဗဒိ၊ စတုတ္ထသား ယာသ နေလ၊
3beşincisi Elam, altıncısı Yehohanan, yedincisi Elyehoenay.
3ပဥ္စမသားဧလံ၊ ဆဋ္ဌမသားယေဟနန်၊ သတ္တမ သားဧလဲဩနဲတည်း။
4Ovet-Edomun oğulları: İlk oğlu Şemaya, ikincisi Yehozavat, üçüncüsü Yoah, dördüncüsü Sakâr, beşincisi Netanel,
4ဩဗဒေဒုံ၏သားဦးရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသားယောအာ၊ စတုတ္ထသားစာကာ၊ ပဥ္စမသားနာ သနေလ၊
5altıncısı Ammiel, yedincisi İssakar, sekizincisi Peulletay. Çünkü Tanrı Ovet-Edomu kutsamıştı.
5ဆဋ္ဌမသားအမျေလ၊ သတ္တမသားဣသခါ၊ အဌမသားပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ၏။
6Ovet-Edomun oğlu Şemayanın oğulları vardı. Bunlar yetenekli olduklarından boy başlarıydılar.
6သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ၏။
7Şemayanın oğulları: Otni, Refael, Ovet, Elzavat. Şemayanın akrabaları Elihu ile Şemakya da yiğit adamlardı.
8အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။
8Bunların tümü Ovet-Edom soyundandı. Onlar da, oğullarıyla akrabaları da yiğit, görevlerinde becerikli kişilerdi. Ovet-Edom soyundan 62 kişi vardı.
9ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ်ရှစ်ယောက်တည်း။
9Meşelemyanın 18 becerikli oğlu ve akrabası vardı.
10မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း။
10Merarioğullarından Hosanın oğulları: İlki Şimriydi. -Şimri ilk oğul olmadığı halde babası onu önder atamıştı.-
11ဒုတိယသားကားဟိလခိ၊ တတိယသားတေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း။
11İkincisi Hilkiya, üçüncüsü Tevalya, dördüncüsü Zekeriya. Hosanın oğullarıyla akrabalarının toplamı 13 kişiydi.
12ဤရွေ့ကား ထာဝရဘုရား၏ အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲဖြစ်သတည်း။
12RABbin Tapınağında Levili kardeşleri gibi görev yapan kapı nöbetçisi bölükler ve başlarındaki adamlar bunlardır.
13ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ၍၊
13Her kapı için her aile büyük, küçük ayırmadan kura çekti.
14အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ၏။
14Kurada Doğu Kapısı Şelemyaya düştü. Sonra bilge bir danışman olan oğlu Zekeriya için kura çekildi. Ona Kuzey Kapısı düştü.
15ဩဗဒေဒုံသည် တောင်မျက်နှာကို၎င်း၊ သူ၏ သားတို့သည် အသုပိမ်အိမ်ကို၎င်း ရ၏။
15Güney Kapısı Ovet-Edoma, depo için çekilen kura da oğullarına düştü.
16ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ရှလ္လေခက်တံခါးကိုရ၍ တဘက်တချက်၌ စောင့်ရ၏။
16Batı Kapısı ile yukarı yol üzerindeki Şalleket Kapısı için çekilen kuralar Şuppimle Hosaya düştü. Her ailenin nöbet zamanları sırayla birbirini izliyordu.
17နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌လေးယောက်၊ တောင်မျက်နှာ၌လေးယောက်၊ အသုပိမ်ဘက် မှာနှစ်ယောက်၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက်၊
17Doğu Kapısında günde altı, Kuzey Kapısında dört, Güney Kapısında dört, depolarda da ikişerden dört Levili nöbetçi vardı.
18အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တန်တိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။
18Batı Kapısına bakan avlu içinse, yolda dört, avluda iki nöbetçi bekliyordu.
19ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း။
19Korah ve Merari soyundan gelen kapı nöbetçilerinin bölükleri bunlardı.
20လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။
20Levili Ahiya Tanrının Tapınağının hazinelerinden ve Tanrıya adanmış armağanlardan sorumluydu.
21အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊
21Ladanoğulları: Ladan soyundan gelen Gerşonoğulları, Ladan boyunun boy başları Gerşonlu Yehieli ve oğullarıydı.
22သူ၏သားဇေသံ ယောလတို့သည်လည်း ဘုရား သခင်၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ၏။
22Yehielinin oğulları: Zetamla kardeşi Yoel. Bunlar RABbin Tapınağının hazinelerinden sorumluydu.
23အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးသားအချို့ပါကြ၏။
23Amram, Yishar, Hevron, Uzziel soylarından şu kişilere görev verildi:
24မောရှေသားဂေရရှုံ၏သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။
24Musa oğlu Gerşomun soyundan Şevuel tapınak hazinelerinin baş sorumlusuydu.
25ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသားရေဟဗိ၊ သူ၏သားယေရှာယ၊ သူ၏သားယောရံ၊ သူ၏သားဇိခရိ၊ သူ၏သားရှေလောမိတ်တည်း။
25Eliezer soyundan gelen kardeşleri: Rehavya Eliezerin oğluydu, Yeşaya Rehavyanın oğluydu, Yoram Yeşayanın oğluydu, Zikri Yoramın oğluydu, Şelomit Zikrinin oğluydu.
26ထိုရှေလောမိတ်နှင့်သူ၏ညီတို့သည် ဒါဝိဒ် မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာ အုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
26Şelomitle kardeşleri boy başlarının, Kral Davutun binbaşılarının, yüzbaşılarının ve öbür ordu komutanlarının verdiği armağanların saklandığı hazinelerden sorumluydular.
27ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ၏။
27Bunlar savaşta yağmalanan mallardan bir kısmını RABbin Tapınağının onarımı için ayırdılar.
28ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
28Bilici Samuelin, Kiş oğlu Saulun, Ner oğlu Avnerin, Seruya oğlu Yoavın verdiği armağanlarla öbür armağanlardan da Şelomitle kardeşleri sorumluydu.
29ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။
29Yisharlılardan: Kenanya ile oğulları İsrailde memur ve yargıç olarak tapınak dışındaki işlere bakmakla görevlendirildiler.
30ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီတထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။
30Hevronlulardan: Haşavya ile kardeşleri -bin yedi yüz yiğit adam- RABbin işlerine ve kralın hizmetine bakmak için İsrailin Şeria Irmağının batı yakasında kalan bölgesine atanmıştı.
31ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ် ပြည်ယာဇာမြို့၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့၏။
31Aile soy kütüğündeki kayıtlara göre Yeriya Hevronluların boy başıydı. Davutun krallığının kırkıncı yılında kayıtlar incelendi ve Gilattaki Yazerde Hevronlular arasında yiğit savaşçılar bulundu.
32ယေရိယ၏ပေါက်ဘော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး၍ ဘုရားသခင်၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။
32Yeriya'nın aile başları olan iki bin yedi yüz akrabası vardı. Kral Davut bu yiğit adamları Tanrı'nın ve kralın işlerine bakmaları için Rubenliler'e, Gadlılar'a, Manaşşe oymağının yarısına yönetici olarak atadı.