Turkish

Myanmar

1 Chronicles

27

1İsrailde görev yapan İsrailli boy başlarının, binbaşılarla yüzbaşıların ve görevlilerin listesi. Bunlar değişen birliklerde yıl boyunca aydan aya her konuda krala hizmet ederlerdi. Her birlik 24 000 kişiden oluşurdu.
1ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတထောင် အုပ်၊ တရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့၍၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ၏။
2Birinci ay için birinci birliğin komutanı Zavdiel oğlu Yaşovamdı. Komutasındaki birlik 24 000 kişiden oluşuyordu.
2ပဌမလတွင် ပဌမတပ်ကိုအုပ်သော ဗိုလ်မင်း ကား၊ ဇာဗဒေလသားယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
3Birinci ay için görevlendirilen ordunun başkomutanı Yaşovam, Peres soyundandı.
3ထိုမင်းသည် ဖါရက်အမျိုးသားဖြစ်၍၊ ပဌမလ တွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။
4İkinci ay için ikinci birliğin komutanı Ahohlu Dodaydı. Miklot bu birliğin baş görevlisiydi. Doday komutasındaki birlik 24 000 kişiden oluşuyordu.
4ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ်၊ တပ်သားပေါင်းနှစ်သောင်းလေးထောင် တည်း။
5Üçüncü ay için üçüncü birliğin komutanı Kâhin Yehoyada oğlu önder Benayaydı. Komutasındaki birlik 24 000 kişiden oluşuyordu.
5တတိယလနှင့် ဆိုင်သောတတိယတပ်ဗိုလ်မင်း ကား၊ ယဇ်ပုရောဟိတ်ကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
6Otuz yiğitlerden biri ve Otuzların önderi olan Benayaydı bu. Oğlu Ammizavat da onun birliğinde görevliydi.
6ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ်၏။ သူ၏သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ၏။
7Dördüncü ay için dördüncü birliğin komutanı Yoavın kardeşi Asaheldi. Sonradan yerine oğlu Zevadya geçti. Birliğinde 24 000 kişi vardı.
7စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား၊ ယွာဘ ညီအာသဟေလ၊ စစ်ကဲကားအာသဟေလသားဇေဗဒိ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
8Beşinci ay için beşinci birliğin komutanı Yizrahlı Şamhuttu. Komutasındaki birlikte 24 000 kişi vardı.
8ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
9Altıncı ay için altıncı birliğin komutanı Tekoalı İkkeş oğlu İraydı. Komutasındaki birlikte 24 000 kişi vardı.
9ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့ သား၊ ဣကေရှ၏သားဣရ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။
10Yedinci ay için yedinci birliğin komutanı Efrayimoğullarından Pelonlu Helesti. Komutasındaki birlikte 24 000 kişi vardı.
10သတ္တမလတွင် သတ္တမဗိုလ်မင်းကား ဧဖရိမ် အမျိုး၊ ပေလောနိအနွှယ်ဖြစ်သော ဟေလက်၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း။
11Sekizinci ay için sekizinci birliğin komutanı Zerahlılardan Huşalı Sibbekaydı. Komutasındaki birlikte 24 000 kişi vardı.
11အဋ္ဌမလတွင်အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး၊ ဟုရှသိအနွှယ်ဖြစ်သော သိဗေကဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
12Dokuzuncu ay için dokuzuncu birliğin komutanı Benyaminoğullarından Anatotlu Aviezerdi. Komutasındaki birlikte 24 000 kişi vardı.
12နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး၊ အနေသောသိအနွှယ်ဖြစ်သောအဗျေဇာ၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း။
13Onuncu ay için onuncu birliğin komutanı Zerahlılardan Netofalı Mahraydı. Komutasındaki birlikte 24 000 kişi vardı.
13ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး၊ နေတောဖာသိအနွှယ်ဖြစ်သော မဟာရဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
14On birinci ay için on birinci birliğin komutanı Efrayimoğullarından Piratonlu Benayaydı. Komutasındaki birlikte 24 000 kişi vardı.
14ဧကဒသမလတွင် ဧကဒသမဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပိရသောနိအနွှယ်ဖြစ်သောဗေနာယ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
15On ikinci ay için on ikinci birliğin komutanı Otniel soyundan Netofalı Heldaydı. Komutasındaki birlikte 24 000 kişi vardı.
15ဒွါဒသမတွင် ဒွါဒသမဗိုလ်မင်းကား ဩသနေလ အမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော ဟေလဒဲ၊ တပ် သားပေါင်းနှစ်သောင်းလေးထောင်တည်း။
16İsrail oymaklarının yöneticileri:Ruben oymağı: Zikri oğlu Eliezer.Şimon oymağı: Maaka oğlu Şefatya.
16ဣသရေလအမျိုးအသီးအသီးတို့ကို အုပ်သော မင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။
17Levi oymağı: Kemuel oğlu Haşavya.Harunoğulları: Sadok.
17လေဝိအမျိုးတွင် ကေမွေလ၏သားဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊
18Yahuda oymağı: Davutun kardeşlerinden Elihu.İssakar oymağı: Mikael oğlu Omri.
18ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကိုဧလိဟု၊ ဣသခါ အမျိုးတွင် မိက္ခေလ၏သားဩမရိ၊
19Zevulun oymağı: Ovadya oğlu Yişmaya.Naftali oymağı: Azriel oğlu Yerimot.
19ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သားဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သား ယေရိမုတ်၊
20Efrayimoğulları: Azazya oğlu Hoşea.Manaşşe oymağının yarısı: Pedaya oğlu Yoel.
20ဧဖရိမ်အမျိုးတွင် အာဇဇိ၏သား ဟောရှေ၊ မနာရှေအမျိုးတဝက် တွင်ပေဒါယ၏သား ယောလ၊
21Gilattaki Manaşşe oymağının öbür yarısı: Zekeriya oğlu Yiddo.Benyamin oymağı: Avner oğlu Yaasiel.
21ဂိလဒ်ပြည်၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ ၏သားဣဒ္ဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သား ယာသေလ၊
22Dan oymağı: Yeroham oğlu Azarel.
22ဒန်အမျိုးတွင် ယေရောဟံ၏ သားအာဇရေလ၊ ဤရွေ့ကား ဣသရေလအမျိုးတို့ကို အုပ်သောမင်းပေ တည်း။
23Davut yirmi ve daha aşağıdaki yaştakilerin sayımını yapmadı. Çünkü RAB İsraili gökteki yıldızlar kadar çoğaltacağına söz vermişti.
23ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ တိုးပွါးများပြားစေတော်မူ မည်ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်သည် အသက် နှစ်ဆယ်မစေ့သော သူတို့ကို စာရင်းမယူဘဲ နေ၏။
24Seruya oğlu Yoav da başladığı sayımı bitirmedi. Bu sayımdan ötürü RAB İsraile öfkelendi. Bu yüzden sayımın sonucu Kral Davutun tarihinde yazılmadı.
24ဇေရုယာသားယွာဘသည် စာရင်းယူစပြု၍၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုး အပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏ မှတ်စာ ၌ မသွင်းမမှတ်။
25Kralın hazinelerine yönetici olarak Adiel oğlu Azmavet atanmıştı. Açık bölgelerdeki, kentlerdeki, köylerdeki, kalelerdeki depolardan da Uzziya oğlu Yehonatan sorumluydu.
25အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော် စိုးဖြစ်၏။ ဩဇိသားယောနသန်သည် လယ်ပြင်၊ မြို့ရွာ၊ ရဲတိုက်၌ရှိသော ဘဏ္ဍာတိုက်တို့ကို အုပ်ရ၏။
26Toprağı süren tarım işçilerinden: Keluv oğlu Ezri,
26ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သော သူတို့ကို အုပ်ရ၏။
27Bağlardan: Ramalı Şimi,Üzümlerden ve şarap mahzenlerinden: Şefamlı Zavdi,
27ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကို ၎င်း၊ ရှိဖမိမြို့သား ဇဗဒိသည်စပျစ်သီးနှင့် စပျစ်ရည် တိုက်တို့ကို၎င်း အုပ်ရ၏။
28Şefela bölgesindeki zeytinliklerden ve yabanıl incir ağaçlarından: Gederli Baal-Hanan,Zeytinyağı depolarından: Yoaş,
28ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့၌ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကို၎င်း၊ ယောရှသည် ဆီတိုက် တို့ကို၎င်း အုပ်ရ၏။
29Şaronda otlatılan sığırlardan: Şaronlu Şitray,Vadilerdeki sığırlardan: Adlay oğlu Şafat,
29ရှာရုန် အရပ်သားရှိ တရဲသည် ရှာရုန်အရပ်၌ ကျက်စားသော နွားစုကို၎င်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ ကျက်စားသော နွားစုကို၎င်း အုပ်ရ၏။
30Develerden: İsmaili Ovil,Eşeklerden: Meronotlu Yehdeya,
30ဣရှမေလအမျိုးသားဩဗိလသည် ကုလားအုပ် တို့ကို၎င်း၊ မေရောနသိလူယေဒေယသည် မြည်းတို့ကို၎င်း၊
31Davarlardan: Hacerli Yaziz sorumluydu. Bunların hepsi Kral Davutun servetinden sorumlu yöneticilerdi.
31ဟာဂရိအမျိုးသားခယာဇဇ်သည် သိုးတို့ကို၎င်း အုပ်ရ၏။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၏ ဥစ္စာဘဏ္ဍာ တော်ကိုအုပ်ရသော သူပေတည်း။
32Davutun amcası Yehonatan anlayışlı bir yazman ve danışmandı. Hakmoni oğlu Yehiel kralın oğullarına bakardı.
32ဒါဝိဒ်၏ ဘထွေးတော်ယောနသန်သည်တိုင်ပင် မှူးမတ်ပညာရှိကျမ်းတတ်ဖြစ်၏။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင်၏သားတော်တို့ အပေါင်း အဘော် ဖြစ်၏။
33Ahitofel kralın danışmanıydı. Arklı Huşay kralın dostuydu.
33အဟိသောဖေလသည် ရှင်ဘုရင်၏ တိုင်ပင် မှူးမတ်၊ အာခိမြို့သားဟုရှဲသည် ရှင်ဘုရင်၏ အဆွေ ခင်ပွန်းဖြစ်၏။
34Ahitofel'den sonra yerine Benaya oğlu Yehoyada'yla Aviyatar geçti. Yoav kralın ordu komutanıydı.
34အဟိသောဖေလ နောက်မှာအဗျာသာနှင့် ဗေနာယသား ယောယဒသည် နေရာကျ၏။ ယွာဘသည် တပ်တော်ဗိုလ်ချုပ်မင်းဖြစ်၏။