1Yarovam buhur yakmak için sunağın yanında dururken, bir Tanrı adamı RABbin buyruğu üzerine Yahudadan Beytele geldi.
1ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊
2RABbin buyruğu uyarınca sunağa karşı şöyle seslendi: ‹‹Sunak, ey sunak! RAB diyor ki, ‹Davutun soyundan Yoşiya adında bir erkek çocuk doğacak. Buhur yakan, tapınma yerlerinde görevli kâhinleri senin üstünde kurban edecek. Üstünde insan kemikleri yakılacak.› ››
2ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
3Aynı gün Tanrı adamı bir belirti göstererek konuşmasını şöyle sürdürdü: ‹‹RABbin bana açıkladığı belirti şudur: Bu sunak parçalanacak, üstündeki küller çevreye savrulacak.››
3ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ် ပလ္လင်သည် ကွဲ၍ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
4Kral Yarovam, Tanrı adamının Beytelde sunağa karşı söylediklerini duyunca, elini ona doğru uzatarak, ‹‹Yakalayın onu!›› diye buyruk verdi. Ancak Tanrı adamına uzattığı eli felç oldu ve düzelmedi.
4ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။
5Tanrı adamının RABbin buyruğuyla gösterdiği belirti uyarınca, sunak parçalandı, üstündeki küller çevreye savruldu.
5ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။
6O zaman Kral Yarovam, Tanrı adamına, ‹‹Lütfen benim için dua et, Tanrın RABbe yalvar ki, elim eski halini alsın›› dedi. Tanrı adamı RABbe yalvarınca kralın eli iyileşip eski halini aldı.
6ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာ ပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။
7Kral, Tanrı adamına, ‹‹Benimle eve kadar gel de bir şeyler ye›› dedi, ‹‹Sana bir armağan vereceğim.››
7ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအား ဆိုလျှင်၊
8Tanrı adamı, ‹‹Varlığının yarısını bile versen, seninle gelmem›› diye karşılık verdi, ‹‹Burada ne yer, ne de içerim.
8ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။
9Çünkü RAB bana, ‹Orada hiçbir şey yiyip içme ve gittiğin yoldan dönme› diye buyruk verdi.››
9ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
10Böylece Tanrı adamı, Beytele gelmiş olduğu yoldan değil, başka bir yoldan gitti.
10ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
11O sıralarda Beytelde yaşayan yaşlı bir peygamber vardı. Çocukları gelip o gün Tanrı adamının Beytelde yaptıklarını ve krala söylediklerini babalarına anlattılar.
11ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊
12Yaşlı baba, ‹‹Tanrı adamı hangi yoldan gitti?›› diye sordu. Çocuklar Yahudadan gelen Tanrı adamının hangi yoldan gittiğini ona gösterdiler.
12ယုဒပြည်မှ လာသောဘုရားသခင်၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊
13Bunun üzerine yaşlı baba, ‹‹Eşeğimi hazırlayın›› dedi. Çocuklar eşeğe palan vurunca, binip
13မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊
14Tanrı adamının ardına düştü. Onun bir yabanıl fıstık ağacının altında oturduğunu görünce, ‹‹Yahudadan gelen Tanrı adamı sen misin?›› diye sordu. Adam, ‹‹Evet, benim›› diye karşılık verdi.
14ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
15Yaşlı peygamber, ‹‹Gel benimle eve gidelim, bir şeyler ye›› dedi.
15ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊
16Tanrı adamı şöyle karşılık verdi: ‹‹Yolumdan dönüp seninle gelemem. Burada ne yer, ne de içerim.
16ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
17Çünkü RAB bana, ‹Orada hiçbir şey yiyip içme ve gittiğin yoldan dönme› diye buyruk verdi.››
17ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။
18Bunun üzerine yaşlı peygamber, ‹‹Ben de senin gibi peygamberim›› dedi, ‹‹RABbin buyruğu üzerine bir melek bana, ‹Onu evine götür ve yiyip içmesini sağla› dedi.›› Ne var ki yalan söyleyerek Tanrı adamını kandırdı.
18ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။
19Böylece Tanrı adamı onunla birlikte geri döndü ve evinde yiyip içmeye başladı.
19ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။
20Sofrada otururlarken, RAB, Tanrı adamını yolundan döndüren peygambere seslendi.
20ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ရောက်၍၊
21O da Yahudadan gelen Tanrı adamına şöyle dedi: ‹‹RAB diyor ki, ‹Madem RABbin sözünü dinlemedin, Tanrın RABbin sana verdiği buyruğa uymayıp
21ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊
22yolundan döndün; sana yiyip içme dediği yerde yiyip içtin, cesedin atalarının mezarlığına gömülmeyecek.› ››
22ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။
23Tanrı adamı yiyip içtikten sonra yaşlı peygamber onun için eşeği hazırladı.
23မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
24Tanrı adamı giderken yolda bir aslanla karşılaştı. Aslan onu oracıkta öldürdü. Eşekle aslan yere serilen cesedin yanında duruyordu.
24လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။
25Yoldan geçenler yerde yatan cesetle yanında duran aslanı gördüler. Gidip yaşlı peygamberin yaşadığı kentte gördüklerini anlattılar.
25အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။
26Tanrı adamını yolundan döndüren yaşlı peygamber olanları duyunca, şöyle dedi: ‹‹RABbin sözünü dinlemeyen Tanrı adamı budur. Bu yüzden RAB, sözü uyarınca, onun üzerine bir aslan gönderdi. Aslan onu parçalayıp öldürdü.››
26ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊
27Peygamber, çocuklarına, ‹‹Eşeği hazırlayın!›› dedi. Çocukların hazırladığı eşeğe binip gitti. Eşekle aslanı yerde yatan Tanrı adamının cesedi başında buldu. Ancak aslan cesedi yemediği gibi eşeğe de dokunmamıştı.
27မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
29Yaşlı peygamber Tanrı adamının cesedini eşeğin sırtına attı ve ona ağıt yakıp gömmek için kendi kentine götürdü.
28ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။
30Cesedi kendi mezarına gömdü. ‹‹Ah kardeşim!›› diyerek ardından ağıt yaktılar.
29အသက်ကြီးသော ပရောဖက်သည် ဘုရားသခင်၏လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား၏။
31Tanrı adamını gömdükten sonra, yaşlı peygamber çocuklarına şöyle dedi: ‹‹Ben ölünce beni bu Tanrı adamının yanına gömün, kemiklerimi de onun kemiklerinin yanına koyun.
30အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။
32Çünkü onun Beyteldeki sunağa ve Samiriye kentlerindeki tapınma yerlerinde bulunan bütün tapınaklara karşı RABbin buyruğuyla yaptığı uyarılar kesinlikle yerine gelecektir.››
31သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။
33Bu olaya karşın Yarovam gittiği kötü yoldan ayrılmadı. Yine her türlü insanı tapınma yerlerine kâhin olarak atadı ve buralara kâhin olmak isteyen herkese görev verdi.
32ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
34Yarovam'ın soyu günah işledi. Bu günahlar onların yeryüzünden silinip yok edilmesine neden oldu.
33ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
34ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း။