Turkish

Myanmar

1 Kings

14

1O sıralarda İsrail Kralı Yarovamın oğlu Aviya hastalandı.
1ထိုအခါ ယေရောဗောင်၏သား အဘိယသည် နာသောကြောင့်၊
2Yarovam, karısına, ‹‹Kalk, Yarovamın karısı olduğunu anlamamaları için kılığını değiştirip Şiloya git›› dedi, ‹‹Bu halkın kralı olacağımı bana bildiren Peygamber Ahiya orada oturuyor.
2ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့၌ရှိ၏။
3Ona on ekmek, birkaç çörek, bir tulum bal götür. Çocuğa ne olacağını o sana bildirecektir.››
3မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည် အတိုင်း၊
4Yarovamın karısı denileni yaptı; kalkıp Şiloya, Ahiyanın evine gitti. Ahiyanın gözleri yaşlılıktan görmez olmuştu.
4ယေရောဗောင်မယားသည် ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။
5RAB, Ahiyaya şöyle dedi: ‹‹Şimdi Yarovamın karısı gelecek. Hastalanan oğlunun durumunu senden soracak. Onu söylediğin gibi yanıtlayacaksın. O geldiğinde kendini sana başka biriymiş gibi gösterecek.››
5ထာဝရဘုရားကလည်း၊ ယေရောဗောင်မယားသည် သားနားသောကြောင့်၊ သားအတွက်တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ ယခုလာ၏။ ဤမည်သော စကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ၏။
6Ahiya, kapıdan içeri giren kadının ayak seslerini duyunca, ‹‹Gel, Yarovamın karısı!›› dedi, ‹‹Neden başka kılığa giriyorsun? Sana kötü haberlerim var.
6ထိုမိန်းမသည် တံခါးအထဲသို့ ဝင်၍၊ နင်းသံကို အဟိယသည် ကြားလျှင်၊ အိုယေရောဗောင်မယား ဝင်လော့။ အဘယ်ကြောင့် အခြားသော သူ၏အယောင်ကို ဆောင်သနည်း။ ဝမ်းနည်းစရာသိတင်းကို ကြား ပြောစေခြင်းငှါ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ၏။
7Git Yarovama de ki, ‹İsrailin Tanrısı RAB, Ben seni halkın arasından seçip kendi halkıma, İsraillilere önder yaptım, diyor,
7သင်သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကိုလူစုထဲက ငါရွေး၍ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက် လျက်၊
8Krallığı Davutun soyundan alıp sana verdim. Ama sen buyruklarıma uyan, gözümde yalnız doğru olanı yapan ve bütün yüreğiyle yollarımı izleyen kulum Davuta benzemedin.
8နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာ ကျင့်မည်ဟု စိတ်နှလုံး အကြွင်းမဲ့ ငါ့ကို ဆည်းကပ်၏။
9Senden önce yaşayanların hepsinden çok kötülük yaptın. Beni reddettin; kendine başka ilahlar buldun, dökme putlar yaparak beni öfkelendirdin.
9သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့်သွန်းသော ရုပ်တုတို့ကိုလုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။
10‹‹ ‹Bundan dolayı Yarovamın ailesini sıkıntılara sokup İsrailde onun soyundan gelen genç yaşlı bütün erkekleri öldüreceğim. Yarovamın ailesini gübre yakarcasına kökünden kurutacağım.
10ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
11Yarovamın ailesinden kentte ölenleri köpekler, kırda ölenleri yırtıcı kuşlar yiyecek.› RAB böyle konuştu.
11ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာ သေလျှင်အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာ သေလျှင် မိုဃ်းကောင်းကင်ငှက်စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ။
12‹‹Sana gelince, kalk, evine dön. Kente ayak basar basmaz çocuk ölecek.
12သင်ထ၍ ကိုယ်အိမ်သို့ သွားလော့။ မြို့တံခါး အထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည်။
13Bütün İsrail halkı ağıt yakıp onu gömecek. Yarovamın ailesinden yalnız o gömülecek. Çünkü Yarovam ailesi içinde İsrailin Tanrısı RABbi hoşnut eden nitelikler yalnız onda bulundu.
13ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရော ဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရော ဗောင်အမျိုးသားစုတွင် ထိုသူငယ်တယောက်သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၌ ကြည်ညို သော စိတ်ရှိ၏။
14‹‹RAB İsraile bir kral atayacak. Bu kral aynı gün Yarovamın ailesine son verecek. Ne zaman mı? Hemen şimdi.
14အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင်ဘုရင်တပါးကို ထာဝရ ဘုရားသည် မိမိတို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။
15RAB İsrail halkını cezalandıracak. İsrail halkı suda sallanan bir kamışa dönecek. RAB onları atalarına vermiş olduğu bu iyi topraklardan söküp Fırat Irmağının ötelerine dağıtacak. Çünkü Aşera putlarını dikerek RABbi öfkelendirdiler.
15အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။
16Yarovamın işlediği ve İsrail halkını sürüklediği günahlar yüzünden RAB İsraili terk edecek.››
16ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။
17Yarovamın karısı oradan ayrılıp Tirsaya döndü. Evinin eşiğine varınca çocuk öldü.
17ယေရောဗောင် မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။
18Bütün İsrail halkı, RABbin kulu Peygamber Ahiya aracılığıyla söylediği söz uyarınca, çocuğu gömüp onun için ağıt yaktı.
18ထာဝရဘုရားသည် မိမိကျွန် ပရောဖက် အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကို သင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
19Yarovamın krallığı dönemindeki öteki olaylar, nasıl savaştığı, ülkesini nasıl yönettiği İsrail krallarının tarihinde yazılıdır.
19ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်း အမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
20Yarovam yirmi iki yıl krallık yaptı. Ölüp atalarına kavuşunca, yerine oğlu Nadav kral oldu.
20ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်နာဒဒ် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21Süleyman oğlu Rehavam Yahuda Kralı olduğunda kırk bir yaşındaydı. RABbin adını yerleştirmek için bütün İsrail oymaklarının yaşadığı kentler arasından seçtiği Yeruşalim Kentinde on yedi yıl krallık yaptı. Annesi Ammonlu Naamaydı.
21ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရု ရှလင်မြို့၌ ဆယ်ခုနစ်နှစ်စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
22Yahudalılar RABbin gözünde kötü olanı yaparak, işledikleri günahlarla Tanrıyı atalarından daha çok öfkelendirdiler.
22ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှား သော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ၏။
23Ayrıca kendilerine her yüksek tepenin üstüne ve bol yapraklı her ağacın altına tapınma yerleri, dikili taşlar ve Aşera putları yaptılar.
23မြင့်သောတောင်ရှိသမျှတို့အပေါ်၌၎င်း၊ စိမ်း သော သစ်ပင်ရှိသမျှတို့အောက်၌၎င်း၊ ကုန်းများ၊ ရုပ်တု များ၊ အာရှရပင်များကို တည်ကြ၏။
24Ülkedeki putperest törenlerinde fuhuş yapan kadın ve erkekler bile vardı. Yahudalılar RABbin İsrail halkının önünden kovduğu ulusların yaptığı bütün iğrençlikleri yaptılar.
24ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား။
25Rehavamın krallığının beşinci yılında Mısır Kralı Şişak Yeruşalime saldırdı.
25ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊
26Süleymanın yaptırmış olduğu altın kalkanlar dahil RABbin Tapınağının ve sarayın bütün hazinelerini boşaltıp götürdü.
26ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
27Kral Rehavam bunların yerine tunç kalkanlar yaptırarak sarayın kapı muhafızlarının komutanlarına emanet etti.
27ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။
28Kral RABbin Tapınağına her gittiğinde, muhafızlar bu kalkanları taşır, sonra muhafız odasına götürürlerdi.
28ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုထား၍ နောက် တဖန်မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။
29Rehavamın krallığı dönemindeki öteki olaylar ve bütün yaptıkları Yahuda krallarının tarihinde yazılıdır.
29ရောဗောင်ပြုမူသော အမှုအရာ ကြွင်းသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
30Rehavamla Yarovam arasında sürekli savaş vardı.
30ရောဗောင်နှင့်ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏။
31Rehavam ölüp atalarına kavuşunca, Davut Kenti'nde atalarının yanına gömüldü. Annesi Ammonlu Naama'ydı. Rehavam'ın yerine oğlu Aviyam kral oldu.
31ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။