Turkish

Myanmar

2 Chronicles

13

1İsrail Kralı Yarovamın krallığının on sekizinci yılında Aviya Yahuda Kralı oldu.
1ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊
2Yeruşalimde üç yıl krallık yaptı. Annesi Givalı Urielin kızı Mikayaydı. Aviyayla Yarovam arasında savaş vardı.
2ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ ဂိဗာမြို့သားဩရေလ၏ သမီးမာခါအမည်ရှိ၏။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊
3Aviya seçme yiğit askerlerden oluşan dört yüz bin kişilik bir orduyla savaşa çıktı. Yarovam da sekiz yüz bin seçme yiğit savaşçıdan oluşan bir orduyla ona karşı savaş düzenine girdi.
3အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်း ကျင်း၏။
4Aviya Efrayim dağlık bölgesindeki Semarayim Dağına çıkıp şöyle seslendi: ‹‹Ey Yarovam ve bütün İsrailliler, beni dinleyin!
4အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။
5İsrailin Tanrısı RABbin bozulmaz bir antlaşmayla İsrail Krallığını sonsuza dek Davuta ve soyuna verdiğini bilmiyor musunuz?
5ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အိပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။
6Nevat oğlu Yarovam efendisi Davut oğlu Süleymana başkaldırdı.
6သို့ရာတွင်၊ ဒါဝိဒ်သားတော်ရှောလမုန်၏ ကျွန်နေဗတ်သားယေ ရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ပုန်ကန်လေပြီ။
7Bir takım işe yaramaz kötü kişiler çevresinde toplanıp Süleyman oğlu Rehavama baskı yaptılar. O sırada Rehavam onlara karşı koyamayacak kadar genç ve deneyimsizdi.
7ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လှပ်ပေါ်သောသူ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။
8‹‹Şimdi de siz Davut soyunun elindeki RABbin Krallığına karşı gelmeyi tasarlıyorsunuz. Büyük bir ordusunuz. Üstelik Yarovamın ilahlarınız olsun diye yaptırdığı altın buzağılar da yanınızda.
8ယခုလည်း သင်တို့သည် ဒါဝိဒ်၏သားမြေး၌ ရှိသော ထာဝရဘုရား၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည်တကား၊ သင်တို့သည် များပြား၍ သင်တို့ ဘုရားအရာ၌၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ် တို့လည်းရှိကြ၏။
9RABbin kâhinlerini, Harunoğullarıyla Levilileri kovmadınız mı? Onların yerine öbür halklar gibi kendinize kâhinler atamadınız mı? Atanmak için bir boğa ve yedi koçla gelen herkes, tanrı olmayanlara kâhin olabiliyor.
9သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူ သော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသား တို့ကိုနှင်ထုတ်၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပူရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင် ကို ပေး၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား။
10‹‹Ama bizim Tanrımız RABdir, Onu bırakmadık. RABbe hizmet eden kâhinler Harun soyundandır. Levililer de onlara yardımcıdır.
10ငါတို့မူကား၊ ထာဝရဘုရားကိုမစွန့်။ ထိုဘုရား သည် ငါတို့၌ ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား ၏အမှုတော်ကို ထမ်းသောယဇ်ပုရောဟိတ်တို့သည် အာရုန်အမျိုးဖြစ်ကြ၏။ လေဝိသားတို့သည်လည်း၊ မိမိတို့ အမှိုကို စောင့်နေကြ၏။
11Onlar her sabah, her akşam RABbe yakmalık sunular sunar, hoş kokulu buhur yakar, dinsel açıdan temiz masanın üzerine adak ekmeklerini dizerler. Her akşam altın kandilliğin kandillerini yakarlar. Biz Tanrımız RABbin buyruklarını yerine getiriyoruz. Oysa siz Ona sırt çevirdiniz.
11ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို၎င်း၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို၎င်း ပြင်ဆင်ကြ ၏။ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရား ကို စွန့်ကြပြီ။
12Tanrı bizimledir, O önderimizdir. Onun kâhinleri borazanlarla size karşı savaş çağrısı yapacaklar. Ey İsrail halkı, atalarınızın Tanrısı RABbe karşı savaşmayın; çünkü başaramazsınız.››
12ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ် တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော် ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။
13Yarovam askerlerinin bir bölümüyle Yahudalıları önden karşılarken, öbür bölümünü arkalarında pusu kurmaya göndermişti.
13ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏။
14Yahudalılar önden, arkadan kuşatıldıklarını görünce, RABbe yakardılar. Kâhinler borazanlarını çaldı.
14ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအားဟစ်ခေါ်၍၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။
15Yahudalılar savaş çığlıkları attığı anda, Tanrı Yarovamla İsraillileri Aviyayla Yahudalıların önünde yenilgiye uğrattı.
15တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊
16İsrailliler Yahudalıların önünden kaçtı. Tanrı onları Yahudalıların eline teslim etti.
16ဣသရေလအမျိုးသားတို့သည် ပြေး၍၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ၏။
17Aviyayla ordusu İsraillileri bozguna uğrattı. İsraillilerden beş yüz bin seçme asker öldürüldü.
17အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု၍၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့်၊
18Böylece İsrailliler yenilgiye uğradı, Yahudalılarsa zafer kazandı. Çünkü Yahudalılar atalarının Tanrısı RABbe güvenmişlerdi.
18ဣသရေလအမျိုးသားတို့သည်၊ ထိုအခါရှုံး၍၊ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ၏။
19Aviya Yarovamı kovaladı. Yarovama ait Beytel, Yeşana, Efron kentleriyle çevrelerindeki köyleri ele geçirdi.
19အဘိယသည် ယေရောဗောင်ကို လိုက်၍၊ ဗေသလမြို့နှင့်ရွာများ၊ ယေရှနမြို့နှင့်ရွာများ၊ ဧဖရိမ်မြို့ နှင့်ရွာများတို့ကို သူ့လက်မှနှုတ်ယူလေ၏။
20Aviyanın krallığı döneminde Yarovam bir daha eski gücünü toparlayamadı. Sonunda RAB onu cezalandırdı, Yarovam öldü.
20အဘိယလက်ထက် ကာလပတ်လုံး၊ ယေရော ဗောင်သည် နောက်တဖန်ခွန်အားကို မရပြန်။ ထာဝရ ဘုရားဒဏ်ခတ်တော်မူသဖြင့် သေလေ၏။
21Aviya ise gitgide krallığını güçlendirdi. On dört kadınla evlenip yirmi iki erkek, on altı kız babası oldu.
21အဘိယမူကား ခွန်အားတိုးပွါး၏။ မယား တဆယ်လေးယောက်တို့ကိုယူ၍ သားနှစ်ဆယ်နှစ် ယောက်နှင့် သမီးတဆယ်ခြောက်ယောက်တို့ကို မြင်ရ၏။
22Aviya'nın yaptığı öbür işler, uygulamaları ve söyledikleri, Peygamber İddo'nun yorumunda yazılıdır.
22အဘိယပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် ကျင့်သောအကျင့်၊ ပြောသောစကားများတို့သည်၊ ရာဇဝင်နှင့်ဆက်၍ ပရောဖက်ဣဒ္ဒေါစီရင်သော စာ၌ ရေးထားလျက်ရှိ၏။