1Aviya ölüp atalarına kavuşunca, Davut Kentinde gömüldü, yerine oğlu Asa kral oldu. Ülke Asanın yönetimi altında on yıl barış içinde yaşadı.
1အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါစိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသ သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက် ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်း သာယာ၏။
2Asa Tanrısı RABbin gözünde iyi ve doğru olanı yaptı.
2အာသမင်းသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။
3Yabancı ilahların sunaklarını, puta tapılan yerleri kaldırdı. Dikili taşları parçaladı, Aşera putlarını devirdi.
3တပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကို၎င်း၊ မြင့်သောအရပ်တို့ကို၎င်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။
4Yahudalılardan atalarının Tanrısı RABbe yönelmelerini, Onun yasasına ve buyruklarına uymalarını istedi.
4ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက် မည်အကြောင်း မိန့်တော်မူ၏။
5Yahudanın bütün kentlerinden puta tapılan yerlerle buhur sunaklarını kaldırdı. Ülke onun yönetimi altında barış içinde yaşadı.
5ယုဒမြို့ရွာ အရပ်ရပ်တို့၌ရှိသော ကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော်ရေး သာယာ လျက် ရှိ၏။
6Ülke barış içinde olduğu için Asa Yahudadaki bazı kentleri surlarla çevirdi. O yıllarda kimse ona karşı savaş açmadı. Çünkü RAB ona esenlik vermişti.
6ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရ ဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည် ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။
7Asa Yahudalılara, ‹‹Bu kentleri onaralım›› dedi, ‹‹Onları surlarla kuşatıp kulelerle, kapılarla, sürgülerle güçlendirelim. Ülke hâlâ bizim elimizde, çünkü Tanrımız RABbe yöneldik, O da bizi her yandan esenlikle kuşattı.›› Böylece yapım işlerini başarıyla bitirdiler.
7ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက် သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သော မြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။
8Asanın Yahudalılarla Benyaminlilerden oluşan bir ordusu vardı. Yahudalılar büyük kalkan ve mızraklarla donanmış üç yüz bin kişiydi. Benyaminliler ise küçük kalkan ve yay taşıyan iki yüz seksen bin kişiydi. Bunların hepsi yiğit savaşçılardı.
8အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒ အမျိုး သူရဲသုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲနှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူ အပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။
9Kûşlu Zerah binlerce asker ve üç yüz savaş arabasıyla Mareşaya ilerledi.
9တဖန်ကုရှရှင်ဘုရင် ဇေရသည်စစ်သူရဲတသန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက် သောအခါ၊
10Asa ona karşı durmak için yola çıktı. İki ordu Mareşa yakınlarında Sefata Vadisinde savaş düzeni aldı.
10အာသသည်ဆီးကြို၍၊ မရေရှမြို့နားမှာ ဇေဖ သချိုင့်၌ စစ်ပြိုင်ကြ၏။
11Asa, Tanrısı RABbe, ‹‹Ya RAB, güçlünün karşısında güçsüze yardım edebilecek senden başka kimse yoktur›› diye yakardı, ‹‹Ey Tanrımız RAB, bize yardım et, çünkü sana güveniyoruz. Senin adınla bu kalabalığa karşı çıktık. Ya RAB, sen bizim Tanrımızsın. İnsanlar sana karşı zafer kazanmasın.››
11အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ ဘိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ ၏။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
12RAB Kûşluları Asayla Yahudalıların önünde bozguna uğrattı. Kûşlular kaçmaya başladı.
12ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။
13Asa ordusuyla onları Gerara kadar kovaladı. Kûşlulardan kurtulan olmadı. RABbin ve ordusunun önünde kırıldılar. Yahudalılar çok miktarda mal yağmalayıp götürdüler.
13အာသနှင့်သူ၏လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။
14Gerarın çevresindeki bütün köyleri yerle bir ettiler. Çünkü RABbin dehşeti onları sarmıştı. Bu köylerde çok mal olduğundan onları yağmaladılar.
14ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရ ဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။
15Çobanların çadırlarına da saldırdılar. Çok sayıda davar ve deveyi alıp Yeruşalim'e döndüler.
15တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက် လျက်၊ သိုးနှင့်ကု လားအုပ်များတို့ကို သိမ်းယူ၍။ ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။