Turkish

Myanmar

2 Kings

10

1Ahavın Samiriyede yetmiş oğlu vardı. Yehu mektuplar yazıp Samiriyeye gönderdi. Yizreelin yöneticilerine, ileri gelenlere ve Ahavın çocuklarını koruyanlara yazdığı mektuplarda Yehu şöyle diyordu:
1အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စားရေး၍ ပေးလိုက်လေ၏။
2‹‹Efendinizin oğulları sizinle birliktedir. Savaş arabalarınız, atlarınız, silahlarınız var. Surlu bir kentte yaşıyorsunuz. Bu mektup size ulaşır ulaşmaz,
2မှာလိုက်သောစာချက်ဟူမူကား၊ သင်တို့၌သင်တို့ သခင်၏သားများ၊ စစ်သူရဲ၊ မြင်းစီးသူရဲများ၊ ခိုင်ခံ့သောမြို့၊ လက်နက်စုံရှိသည်ဖြစ်၍၊ ဤစာရောက်သောအခါ၊
3efendinizin oğullarından en iyi ve en uygun olanı seçip babasının tahtına oturtun. Ve efendinizin ailesini korumak için savaşın.››
3သင်တို့သခင်၏သားတို့တွင်သာ၍ ကောင်းမြတ် တော်သင့်သောသူကို ရွေးကောက်၍ ခမည်းတော်၏ရာဇ ပလ္လင်ပေါ်မှာတင်ပြီးလျှင်၊ သခင်အမျိုးအဘို့ စစ်တိုက်ကြ လော့ဟု မှာလိုက်သတည်း။
4Ama onlar dehşete düştüler. ‹‹İki kral Yehuyla başa çıkamadı, biz nasıl çıkarız?›› dediler.
4ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည် ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင် မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။
5Saray sorumlusu, kent valisi, ileri gelenler ve Ahavın çocuklarını koruyanlar Yehuya şu haberi gönderdi: ‹‹Biz senin kullarınız, söyleyeceğin her şeyi yapmaya hazırız. Kimseyi kral yapmaya niyetimiz yok. Kendin için en iyi olan neyse onu yap.››
5နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။
6Yehu onlara ikinci bir mektup yazdı: ‹‹Eğer siz benden yana ve bana bağlıysanız, efendinizin oğullarının başını kesip yarın bu saatlerde Yizreele, bana getirin.›› Kral Ahavın yetmiş oğlu, onları yetiştirmekle görevli kent ileri gelenlerinin koruması altındaydı.
6ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရလေမြို့၊ ငါရှိရာသို့ နက်ဖြန် နေ့ယခုအချိန်၌ လာကြလော့ဟု တဖန်စားပေး လိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏။
7Yehunun mektubu kent ileri gelenlerine ulaşınca, Ahavın yetmiş oğlunu öldürüp başlarını küfelere koydular ve Yizreele, Yehuya gönderdiler.
7ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်း တို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက် လေ၏။
8Ulak gelip Yehuya, ‹‹Kral oğullarının başlarını getirdiler›› diye haber verdi. Yehu, ‹‹Onları iki yığın halinde kent kapısının girişine bırakın, sabaha kadar orada kalsınlar›› dedi.
8လုလင်တယောက်သည် လာ၍ရှင်ဘုရင်သားတို့ ၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင်၊ ယေဟု က၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို၏။
9Ertesi sabah Yehu halkın önüne çıkıp şöyle dedi: ‹‹Efendime düzen kurup onu öldüren benim, sizin suçunuz yok. Ama bunları kim öldürdü?
9နံနက်ရောက်မှယေဟုသည် ထွက်၍ရပ်လျက် လူများတို့အား၊ အိုဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင် တဘက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကို ကား အဘယ်သူသတ်သနည်း။
10Bu olay gösteriyor ki, RABbin Ahavın ailesine ilişkin söylediği hiçbir söz boşa çıkmayacaktır. RAB, kulu İlyas aracılığıyla verdiği sözü yerine getirdi.››
10ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော် မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊
11Sonra Yizreelde Ahavın öteki akrabalarının hepsini, bütün yüksek görevlilerini, yakın arkadaşlarını ve kâhinlerini öldürdü. Sağ kalan olmadı.
11ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။
12Yehu Yizreelden ayrılıp Samiriyeye doğru yola çıktı. Yolda çobanların Beyteket adını verdiği yerde,
12နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာ ရှိသော သိုးမွေးညှပ်ရာစရပ်သို့ ရောက်သောအခါ၊
13Yahuda Kralı Ahazyanın akrabalarıyla karşılaştı. Onlara, ‹‹Siz kimsiniz?›› diye sordu. ‹‹Biz Ahazyanın akrabalarıyız›› diye karşılık verdiler, ‹‹Kralın ve ana kraliçe İzebelin çocuklarına saygılarımızı sunmaya gidiyoruz.››
13ယုဒရှင်ဘုရင်အာခဇိ၏ ပေါက်ဘော်တို့ကို တွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော်ဖြစ်၏။ ရှင်ဘုရင်၏ သားတော်တို့နှင့် မိဖုရား၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ၏။
14Yehu adamlarına, ‹‹Bunları diri yakalayın!›› diye buyruk verdi. Onları diri yakalayıp Beyteket Kuyusu yakınında kılıçtan geçirdiler. Öldürülenler kırk iki kişiydi. Sağ kalan olmadı.
14ယေဟုကလည်း၊ အရှင်ဘမ်းကြဟု စီရင်သည် အတိုင်း၊ အရှင်ဘမ်း၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ် နှစ်ယောက်တို့ကို တယောက်မျှမကျန်စေဘဲ သတ်ကြ၏။
15Yehu oradan ayrıldı. Yolda kendisine doğru gelen Rekav oğlu Yehonadavla karşılaştı. Ona selam vererek, ‹‹Ben sana karşı iyi duygular besliyorum, sen de aynı duygulara sahip misin?›› diye sordu. Yehonadav, ‹‹Evet›› diye yanıtladı. Yehu, ‹‹Öyleyse elini ver›› dedi. Yehonadav elini uzattı. Yehu onu arabasına alarak,
15ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
16‹‹Benimle gel ve RAB için nasıl çaba harcadığımı gör›› dedi. Sonra onu arabasıyla Samiriyeye götürdü.
16ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။
17Samiriyeye varınca Yehu RABbin İlyas aracılığıyla söylediği söz uyarınca, Ahavın orada kalan akrabalarının hepsini öldürdü.
17ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။
18Yehu, bütün halkı toplayarak, ‹‹Ahav Baala az kulluk etti, ben daha çok edeceğim›› dedi,
18တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။
19‹‹Baalın bütün peygamberlerini, kâhinlerini, ona tapan herkesi çağırın. Hiçbiri gelmemezlik etmesin. Çünkü Baala büyük bir kurban sunacağım. Kim gelmezse öldürülecek.›› Gerçekte Yehu Baala tapanları yok etmek için bir düzen kurmaktaydı.
19သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။
20Yehu, ‹‹Baalın onuruna bir toplantı yapılacağını duyurun›› dedi. Duyuru yapıldı.
20ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။
21Yehu bütün İsraile haber saldı. Baala tapanların hepsi geldi, gelmeyen kalmadı. Baalın tapınağı hıncahınç doldu.
21ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှုတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလ ကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။
22Yehu, kutsal giysiler görevlisine, ‹‹Baala tapanların hepsine giysi çıkar›› diye buyruk verdi. Görevli herkese giysi getirdi.
22ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။
23O zaman Yehu Rekav oğlu Yehonadavla birlikte Baalın tapınağına girdi. İçerdekilere, ‹‹Çevrenize iyi bakın›› dedi, ‹‹Aranızda RABbe tapanlardan kimse olmasın, sadece Baala tapanlar olsun.››
23တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို၏။
24Ardından Yehuyla Yehonadav kurban ve yakmalık sunu sunmak üzere içeri girdiler. Yehu tapınağın çevresine seksen kişi yerleştirmiş ve onlara şu buyruğu vermişti: ‹‹Elinize teslim ettiğim bu adamlardan biri kaçarsa, bunu canınızla ödersiniz!››
24မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင်၍၊
25Yakmalık sununun sunulması biter bitmez, Yehu muhafızlarla komutanlara, ‹‹İçeriye girin, hepsini öldürün, hiçbiri kaçmasın!›› diye buyruk verdi. Muhafızlarla komutanlar hepsini kılıçtan geçirip ölülerini dışarı attılar. Sonra Baalın tapınağının iç bölümüne girdiler.
25မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
26Baalın tapınağındaki dikili taşları çıkarıp yaktılar.
26ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။
27Baalın dikili taşını ve tapınağını ortadan kaldırdılar. Halk orayı helaya çevirdi. Orası bugüne kadar da öyle kaldı.
27ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။
28Böylece Yehu İsrailde Baala tapmaya son verdi.
28ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။
29Ne var ki, Nevat oğlu Yarovamın İsraili sürüklediği günahlardan -Beytel ve Dandaki altın buzağılara tapmaktan- vazgeçmedi.
29သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။
30RAB Yehuya, ‹‹Gözümde doğru olanı yaparak başarılı oldun›› dedi, ‹‹Ahavın ailesine istediğim her şeyi yaptın. Bunun için senin soyun dört kuşak İsrail tahtında oturacak.››
30ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်၎င်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး၌ စီရင်သောကြောင့်၎င်း၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရ မည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊
31Gelgelelim Yehu İsrailin Tanrısı RABbin yasasını yürekten izlemedi, önemsemedi. Yarovamın İsraili sürüklediği günahlardan ayrılmadı.
31ယေဟုသည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု၊ ဣသရေလအမျိုးကို ပြစ်မှား စေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။
32RAB o günlerde İsrail topraklarını küçültmeye başladı. Aram Kralı Hazael Şeria Irmağının doğusunda Gadlılar, Rubenliler ve Manaşşelilerin yaşadığı bütün Gilat bölgesini, Arnon Vadisindeki Aroerden Gilat ve Başana kadar bütün İsrail topraklarını ele geçirdi.
32ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ၏။
34Yehunun krallığı dönemindeki öteki olaylar, bütün yaptıkları ve başarıları İsrail krallarının tarihinde yazılıdır.
33ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးနေရာ၊ အာနုန်မြစ် နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။
35Yehu ölüp atalarına kavuşunca, Samiriyede gömüldü. Yerine oğlu Yehoahaz kral oldu.
34ယေဟုပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
36Yehu Samiriye'de yirmi sekiz yıl İsrail krallığı yaptı.
35ယေဟုသည် ရှမာရိမြို့၌ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။