1Ahazyanın annesi Atalya, oğlunun öldürüldüğünü duyunca, kral soyunun bütün bireylerini yok etmeye çalıştı.
1အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
2Ne var ki, Kral Yehoramın kızı, Ahazyanın üvey kızkardeşi Yehoşeva, Ahazya oğlu Yoaşı kralın öldürülmek istenen öteki oğullarının arasından alıp kaçırdı ve dadısıyla birlikte yatak odasına gizledi. Çocuğu Atalyadan gizleyerek kurtarmış oldu.
2သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိ လက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။
3Atalya ülkeyi yönetirken, çocuk altı yıl boyunca RABbin Tapınağında dadısıyla birlikte gizlendi.
3ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။
4Yedinci yıl Yehoyada haber gönderip Karyalılarınfö ve muhafızların yüzbaşılarını çağırttı. Onları RABbin Tapınağında toplayarak onlarla bir antlaşma yaptı. Hepsine RABbin Tapınağında ant içirdikten sonra kralın oğlu Yoaşı kendilerine gösterdi.
4ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏ သားတော်ကိုပြလေ၏။
5Onlara şu buyrukları verdi: ‹‹Şabat Günü göreve gidenlerin üçte biri kral sarayını koruyacak,
5ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူ မူကား၊ ဥပုသ်နေ့၌ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည်။
6üçte biri Sur Kapısında, üçte biri de muhafızların arkasındaki kapıda bulunacak. Sırayla tapınak nöbeti tutacaksınız.
6တစုသည် သုရတံခါးကို စောင့်ရမည်။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည်။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။
7Şabat Günü görevleri biten öbür iki bölükteki askerlerin tümü RABbin Tapınağının çevresinde durup kralı koruyacak.
7ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။
8Herkes yalın kılıç kralın çevresini sarsın, yaklaşan olursa öldürün. Kral nereye giderse, ona eşlik edin.›› paralı askerler.
8လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း၍၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏။
9Yüzbaşılar Kâhin Yehoyadanın buyruklarını tam tamına uyguladılar. Şabat Günü göreve gidenlerle görevi biten adamlarını alıp Yehoyadanın yanına gittiler.
9ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ၊
10Kâhin RABbin Tapınağındaki Kral Davuttan kalan mızraklarla kalkanları yüzbaşılara dağıttı.
10ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ နှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ်လေ၏။
11Kralı korumak için sunağın ve tapınağın çevresine tapınağın güneyinden kuzeyine kadar silahlı muhafızlar yerleştirildi.
11စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက်၊ ရှင်ဘုရင်ကို ဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ျာထောင့်မှစ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ၏။
12Yehoyada kralın oğlu Yoaşı dışarı çıkarıp başına taç koydu. Tanrının Yasasını da ona verip krallığını ilan ettiler. Onu meshedip alkışlayarak, ‹‹Yaşasın kral!›› diye bağırdılar.
12ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက်၊ ဘိသိတ်ပေးလျက်၊ ရှင်ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။
13Atalya muhafızlarla halkın çıkardığı gürültüyü duyunca, RABbin Tapınağında toplananların yanına gitti.
13အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသော အသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန် တော်သို့သွား၍၊
14Baktı, kral geleneğe uygun olarak sütunun yanında duruyor; yüzbaşılar, borazan çalanlar çevresine toplanmış. Ülke halkı sevinç içindeydi, borazanlar çalınıyordu. Atalya giysilerini yırtarak, ‹‹Hainlik! Hainlik!›› diye bağırdı.
14ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နား မှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍ ပုန်ကန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ် လေ၏။
15Kâhin Yehoyada yüzbaşılara, ‹‹O kadını aradan çıkarın. Ardından kim giderse kılıçtan geçirin›› diye buyruk verdi. Çünkü kadının RABbin Tapınağında öldürülmesini istemiyordu.
15ယဇ်ပုရောဟိတ်ယောယဒကလည်း၊ ဗိမာန် တော်ထဲမှာမသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကို ထားနှင့်သတ်ကြဟု လူတရာအုပ်၊ တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊
16Atalya yakalandı ve sarayın At Kapısına götürülüp öldürüldü.
16အာသလိကိုဘမ်းဆီးလျက်၊ နန်းတော်သို့ သွား သောမြင်းလမ်းဖြင့် ထုတ်၍ သတ်ကြ၏။
17Yehoyada RABbin halkı olmaları için RAB ile kral ve halk arasında bir antlaşma yaptı. Ayrıca halkla kral arasında da bir antlaşma yaptı.
17ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့ သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တဖန်ရှင်ဘုရင်နှင့်လူများ တို့ကို တဦးနှင့်တဦး ပဋိညာဉ်ဖွဲ့စေ၏။
18Ülke halkı gidip Baalın tapınağını yıktı. Sunaklarını, putlarını parçaladılar; Baalın Kâhini Mattanı da sunakların önünde öldürdüler. Kâhin Yehoyada RABbin Tapınağına nöbetçiler yerleştirdi.
18ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။
19Sonra yüzbaşıları, Karyalıları, muhafızları ve halkı yanına aldı. Kralı RABbin Tapınağından getirdiler. Muhafızlar Kapısından geçerek sarayına götürdüler, kral tahtına oturttular.
19ယဇ်ပုရောဟိတ်ယောယဒသည်လည်း၊ ဗိမာန် တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်း တော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။
20Ülke halkı sevinç içindeydi, ancak kent suskundu. Çünkü Atalya sarayda kılıçla öldürülmüştü.
20နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။