1‹‹O zaman RAB bana, ‹Öncekiler gibi iki taş levha kes ve dağa, yanıma çık› dedi, ‹Ağaçtan bir sandık yap.
1ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။
2Parçaladığın önceki levhalara yazılı buyrukları yeni levhalara yazacağım. Sonra onları sandığa koyacaksın.›
2သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။
3‹‹Böylece akasya ağacından bir sandık yaptım. Öncekiler gibi iki taş levha kestim. İki levhayı da alıp dağa çıktım.
3ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။
4RAB dağda toplandığınız gün ateşin içinden size bildirdiği On Buyruku, daha önce yaptığı gibi, bu levhalara yazdı ve bana verdi.
4သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။
5Sonra dönüp dağdan indim. RABbin buyruğu uyarınca, levhaları yaptığım sandığa koydum. Orada duruyorlar.››
5ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
6-İsrailliler Yaakanoğullarına ait kuyulardan ayrılıp Moseraya gittiler. Harun orada öldü ve gömüldü. Yerine oğlu Elazar kâhin oldu.
6ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကို နားထောင်တော်မူ၏။
7İsrailliler oradan Gudgodaya, sonra da akarsular bölgesi olan Yotvataya göç ettiler.
7ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအား ပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။
8O zaman RAB, kendi Antlaşma Sandığını taşıması, kendisine hizmet etmek üzere önünde durması ve Onun adıyla kutsaması için Levililer oymağını ayırdı. Bugün de aynı görevi yapıyorlar.
8ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
9Bu yüzden Levililer kardeşleri olan öbür oymaklar gibi pay ve mülk almadılar. Tanrınız RABbin onlara verdiği söz uyarınca onların mirası RABdir.-
9ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရတောင်၌ စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကို သင်္ဂြိုဟ်ရ၏။ သူ၏သား ဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ၏။
10‹‹Daha önce yaptığım gibi dağda kırk gün, kırk gece kaldım. RAB yine yakarışımı duydu ve sizi yok etmek istemedi.
10လေဝိသားတို့သည် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှာ၎င်း၊ ရှေ့တော်၌ ရပ်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း၊ ယနေ့တိုင်အောင် ထိုသူ တို့ကို ခွဲခန့်တော်မူ၏။
11Sonra, ‹Kalk, git› dedi, ‹Onları atalarına ant içerek söz verdiğim ülkeye götür. Gidip orayı mülk edinsinler.› ››
11ထို့ကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော၍ အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေ ဖြစ် တော်မူ၏။
12‹‹Şimdi, ey İsrail halkı, Tanrınız RAB sizden ne istiyor? Yalnız şunu istiyor: Tanrınız RABden korkun, Onun yollarında yürüyün, Onu sevin; bütün yüreğinizle, bütün canınızla Ona kulluk edin;
12အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
13üzerinize iyilik gelsin diye bugün size bildirdiğim buyruklarına, kurallarına uyun.
13သင်၏အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း။
14Gökler de, göklerin gökleri de, yeryüzü ve içindeki her şey Tanrınız RABbindir.
14မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ၏။
15Öyleyken RAB atalarınızı sevdi, onlara bağlandı. Bugün olduğu gibi, onların soyu olan sizleri bütün halkların arasından seçti.
15သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။
16Yüreklerinizi RABbe adayın, bundan böyle dikbaşlı olmayın.
16သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
17Çünkü Tanrınız RAB, tanrıların Tanrısı, rablerin Rabbidir. O kimseyi kayırmayan, rüşvet almayan, ulu, güçlü, heybetli Tanrıdır.
17အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
18Öksüzlerin, dul kadınların hakkını gözetir. Yabancıları sever, onlara yiyecek, giyecek sağlar.
18မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရား စီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
19Siz de yabancıları seveceksiniz. Çünkü Mısırda siz de yabancıydınız.
19သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။
20Tanrınız RABden korkun, Ona kulluk edin. Ona bağlı kalın ve Onun adıyla ant için.
20သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
21O övgünüzdür. Gözlerinizle gördüğünüz o büyük, heybetli belirtileri sizin için gerçekleştiren Tanrınızdır.
21ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
22Mısır'a giden atalarınız yetmiş kişiydi. Şimdiyse Tanrınız RAB sizi göklerdeki yıldızlar kadar çoğalttı.›› sünnet edin››.
22သင်၏ ဘိုးဘေးတို့သည်၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။