Turkish

Myanmar

Deuteronomy

11

1‹‹Tanrınız RABbi sevin. Uyarılarına, kurallarına, ilkelerine, buyruklarına her zaman uyun.
1သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။
2Unutmayın ki, Tanrınız RABbin tedibini görüp yaşayan çocuklarınız değil, sizsiniz: Büyüklüğünü, güçlü elini, kudretini,
2သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊
3belirtilerini, Mısırda firavuna ve bütün ülkesine yaptıklarını;
3ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊
4Mısır ordusuna, atlarına, savaş arabalarına neler yaptığını; Mısırlılar sizi kovalarken onları nasıl Kızıldenizin suları altında bıraktığını, onları nasıl yok ettiğini gördünüz.
4အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎င်း၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို၎င်း၊
5Buraya varıncaya dek RABbin çölde sizin için neler yaptığını;
5ဤအရပ်သို့ မရောက်မှီ၊ တော၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊
6Rubenoğullarından Eliavın oğulları Datanla Avirama neler ettiğini; bütün İsrailin gözü önünde yerin nasıl yarıldığını, onları, ailelerini, çadırlarını ve onlara ait her canlıyı nasıl yuttuğunu gören çocuklarınız değil, sizsiniz.
6ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ်၌၊ မျိုကြောင်းကို၎င်း မသိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့။
7RABbin yaptığı bu büyük işlerin tümünü gören sizsiniz.
7ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။
8‹‹Bugün size bildirdiğim buyrukların tümüne uyun ki, güçlü olasınız, mülk edinmek üzere Şeria Irmağından geçip ülkeyi ele geçiresiniz.
8ထို့ကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း၊
9RABbin ant içerek atalarınıza ve soylarına söz verdiği süt ve bal akan ülkede ömrünüz uzun olsun.
9ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
10Mülk edinmek için gideceğiniz ülke, çıkmış olduğunuz Mısır gibi değildir. Orada tohumunuzu eker, sebze bahçesi gibi zorluklafı sulardınız.
10သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည် ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
11Mülk edinmek üzere gideceğiniz ülkenin ise dağları, dereleri vardır. Toprağı gökten yağan yağmurla sulanır.
11သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက် သောပြည်၊
12Orası Tanrınız RABbin kayırdığı bir ülkedir. Tanrınız RAB orayı bütün yıl sürekli gözetir.
12သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။
13‹‹Tanrınız RABbi sevmek, bütün yüreğinizle, bütün canınızla Ona kulluk etmek için bugün size bildirdiğim buyruklara iyice kulak verirseniz,
13သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
14RAB ülkenize ilk ve son yağmuru vaktinde yağdıracak. Öyle ki, tahılınızı, yeni şarabınızı, zeytinyağınızı toplayasınız.
14သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည်။
15RAB tarlalarda hayvanlarınız için ot sağlayacak, siz de yiyip doyacaksınız.
15သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေ မည်။
16Sakının, ayartılıp yoldan çıkmayasınız; başka ilahlara tapmayasınız, önlerinde eğilmeyesiniz.
16သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍ လမ်းမလွဲ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့။
17Öyle ki, RAB size öfkelenmesin; yağmur yağmasın, toprak ürün vermesin diye gökleri kapamasın; size vereceği verimli ülkede çabucak yok olmayasınız.
17သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
18‹‹Bu sözlerimi aklınızda ve yüreğinizde tutun. Bir belirti olarak ellerinize bağlayın, alın sargısı olarak takın.
18သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။
19Onları çocuklarınıza öğretin. Evinizde otururken, yolda yürürken, yatarken, kalkarken onlardan söz edin.
19ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။
20Evlerinizin kapı sövelerine, kentlerinizin kapılarına yazın.
20အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။
21Öyle ki, RABbin atalarınıza vermeye söz verdiği topraklar üzerinde sizin de, çocuklarınızın da ömrü uzun olsun ve yeryüzünün üstünde gökler olduğu sürece orada yaşayasınız.
21သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက် တာ ရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။
22‹‹Uymanız için size bildirdiğim bu buyrukları eksiksiz yerine getirir, Tanrınız RABbi sever, yollarında yürür, Ona bağlı kalırsanız,
22သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ် တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင်၊
23RAB bu ulusların tümünü önünüzden kovacak. Sizden daha büyük, daha güçlü ulusların topraklarını mülk edineceksiniz.
23ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည်။
24Ayak basacağınız her yer sizin olacak. Sınırlarınız çölden Lübnana, Fırat Irmağından Akdenize kadar uzanacak.
24သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏ နိုင်ငံအဝင် ဖြစ်လိမ့် မည်။
25Hiç kimse size karşı koyamayacak. Tanrınız RAB, size verdiği söz uyarınca, ayak basacağınız her yere dehşetinizi, korkunuzu saçacaktır.
25သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင် အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည် အကြောင်း၊ သင်တို့ ၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။
26‹‹Bakın, bugün önünüze kutsamayı ve laneti koyuyorum:
26ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်း ဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။
27Bugün size bildirdiğim Tanrınız RABbin buyruklarına uyarsanız kutsanacaksınız.
27ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူ ကား၊ ကောင်းကြီးပေးခြင်း၊
28Ama Tanrınız RABbin buyruklarını dinlemez, bilmediğiniz başka ilahların ardınca giderek bugün size buyurduğum yoldan saparsanız, lanete uğrayacaksınız.
28သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား၏။
29Tanrınız RAB mülk edinmek için gideceğiniz ülkeye sizi götürdüğünde, Gerizim Dağında kutsama yapacak, Eval Dağında lanet okuyacaksınız.
29သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရ ကြမည်။
30Bu iki dağ Şeria Irmağının karşı yakasında, yolun batısında, Aravada oturan Kenanlılar ülkesinde, Gilgal karşısında, More meşeliği yanındadır.
30ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူ သော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။
31Tanrınız RABbin size vereceği ülkeyi mülk edinmek için Şeria Irmağından geçmek üzeresiniz. Orayı ele geçirip yerleştiğinizde,
31သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော် မူသော ပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တဘက်သို့ ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည်။
32bugün size bildirdiğim bütün kurallara, ilkelere uymaya dikkat edin.››
32ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။