Turkish

Myanmar

Deuteronomy

12

1‹‹Atalarınızın Tanrısı RABbin mülk edinmek için size verdiği ülkede yaşamınız boyunca uymanız gereken kurallar, ilkeler şunlardır:
1သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှ သော ကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား၊
2Topraklarını alacağınız ulusların ilahlarına taptıkları yüksek dağlardaki, tepelerdeki, bol yapraklı her ağacın altındaki yerleri tümüyle yıkacaksınız.
2သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသော သစ်ပင်အောက်၌ မိမိတို့ ဘုရားများကို ဝတ်ပြုရာအရပ် ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။
3Sunaklarını yıkacak, dikili taşlarını parçalayacak, Aşera putlarını yakacak, öbür putlarını parça parça edeceksiniz. İlahlarının adlarını oradan sileceksiniz.
3သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏ နာမကိုပင် ပယ်ရှင်းရမည်။
4‹‹Siz Tanrınız RABbe bu biçimde tapmamalısınız.
4သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ၊
5Tanrınız RABbin adını yerleştirmek için bütün oymaklarınız arasından seçeceği yere, konutuna yönelmeli, oraya gitmelisiniz.
5သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ် ရှိသမျှတို့တွင် နာမတော်ကို တည် စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍ လာရကြမည်။
6Yakmalık sunularınızı, kurbanlarınızı, ondalıklarınızı, bağışlarınızı, dilek adaklarınızı, gönülden verdiğiniz sunuları, sığırlarınızın ve davarlarınızın ilk doğanlarını oraya götüreceksiniz.
6ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိ သော ယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွား တွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည်။
7Orada, sizi kutsayan Tanrınız RABbin huzurunda, siz de aileleriniz de yiyeceksiniz ve el attığınız her işte sevinç bulacaksınız.
7ထိုအရပ်၌ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
8‹‹Bugün burada yaptığımızı yapmayın; herkes kendi gözünde doğru olanı yapıyor.
8ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်း ကိုယ်ဥာဏ်ကို လိုက်၍ မပြုရကြ။
9Çünkü Tanrınız RABbin size vereceği dinlenme yerine, mülke daha ulaşmadınız.
9သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော အမွေခံရာ ချမ်းသာထဲသို့ သင်တို့သည် မဝင်ရ ကြသေး။
10Ama Şeria Irmağından geçip Tanrınız RABbin mülk olarak size vereceği ülkeye yerleşeceksiniz. RAB sizi çevrenizdeki bütün düşmanlarınızdan kurtarıp rahata kavuşturacak. Güvenlik içinde yaşayacaksınız.
10သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော ပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကို ကယ်နှုတ်တော်မူ သဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊
11Tanrınız RAB adını yerleştirmek için bir yer seçecek. Size buyurduğum her şeyi oraya götüreceksiniz: Yakmalık sunularınızı, kurbanlarınızı, ondalıklarınızı, bağışlarınızı, RABbe adadığınız bütün özel adaklarınızı.
11နာမတော်ကို တည်စေဘို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။
12Siz, oğullarınız, kızlarınız, erkek ve kadın köleleriniz, kentlerinizde yaşayan Levililer Tanrınız RABbin huzurunda sevineceksiniz. Çünkü Levililerin sizin gibi kendilerine ait payları ve mülkleri yoktur.
12ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌ တည်းခိုသော လေဝိသားတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။
13Yakmalık sunularınızı herhangi bir yerde sunmamaya dikkat edin.
13တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရ မည်အကြောင်း သတိပြုကြလော့။
14Yakmalık sunularınızı RABbin oymaklarınızın birinde seçeceği yerde sunacaksınız. Size buyurduğum her şeyi orada yapacaksınız.
14သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။
15‹‹Tanrınız RABbin sizi kutsadığı ölçüde, yaşadığınız kentlerde dilediğiniz kadar hayvan kesip etini yiyebilirsiniz. Dinsel açıdan temiz ya da kirli kişi, bu eti ceylan ya da geyik eti yer gibi yiyebilir.
15သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူ သည်အတိုင်း၊ သင်တို့နေရာ အရပ်ရပ်၌ စားချင်သော အလိုသို့လိုက်၍ သတ်စားရ သော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကို စား သကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစား ရ ကြမည်။
16Ancak kan yemeyeceksiniz. Kanı su gibi toprağa akıtacaksınız.
16သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။
17Tahılınızın, yeni şarabınızın, zeytinyağınızın ondalığını, sığırlarınızın, davarlarınızın ilk doğanlarını, adadıklarınızın tümünü, gönülden verdiğiniz sunuları, bağışlarınızı yaşadığınız kentlerde yememelisiniz.
17စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့၊ သိုးနွားတွင် အဦးဘွားသော သားငယ်၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော် သက္ကာ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့ သည် ကိုယ်နေရာအရပ်၌ မစားရ ကြ။
18Siz, oğullarınız, kızlarınız, erkek ve kadın köleleriniz, kentlerinizde oturan Levililer bunları Tanrınız RABbin huzurunda, Onun seçeceği yerde yiyeceksiniz. Tanrınız RABbin huzurunda el attığınız her işte sevinç bulacaksınız.
18သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။
19Ülkede yaşadığınız sürece Levilileri yüzüstü bırakmamaya dikkat edin.
19မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလ ပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။
20‹‹Tanrınız RAB size verdiği söz uyarınca sınırınızı genişlettiğinde, et yemeye istek duyup, ‹Et yiyeceğiz› derseniz, dilediğiniz kadar et yiyebilirsiniz.
20သင်၏ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်း စားရသောအခွင့်ရှိ၏။
21Tanrınız RABbin adını yerleştirmek için seçeceği yer sizden uzaksa, buyruğum uyarınca RABbin size verdiği sığırlardan, davarlardan kesebilirsiniz. Kentlerinizde dilediğiniz kadar et yiyebilirsiniz.
21သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေး တော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။
22Dinsel açıdan temiz ya da kirli kişi bu eti ceylan ya da geyik eti yer gibi yiyebilir.
22သမင်၊ ဒရယ်ကို စားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍ စားရသောအခွင့်ရှိကြ၏။
23Ama kan yememeye dikkat edin. Çünkü ete can veren kandır. Etle birlikte canı yememelisiniz.
23သို့ရာတွင်၊ အသွေးကို မစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌ တည်၏။ အသား နှင့်တကွ အသက်ကို မစားရ။
24Kan yememelisiniz; kanı su gibi toprağa akıtacaksınız.
24ထို့ကြောင့် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။
25Kan yemeyeceksiniz. Öyle ki, size ve sizden sonra gelen çocuklarınıza iyilik gelsin. Böylece RABbin gözünde doğru olanı yapmış olursunuz.
25သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ အသွေးကို ရှောင်ရ မည်။
26‹‹Kutsal sunularınızı, dilek adaklarınızı alıp RABbin seçeceği yere gideceksiniz.
26သင်၌ သန့်ရှင်းသော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသော ပူဇော်သက္ကတို့ကို ယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။
27Yakmalık sunularınızı, eti ve kanı Tanrınız RABbin sunağında sunacaksınız. Kurbanınızın kanı Tanrınız RABbin sunağına akacak. Ama eti yiyebilirsiniz.
27အသားနှင့်အသွေးကို ရောနှော၍၊ မီးရှို့ရာယဇ် တို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကို စားရမည်။
28Size bildirdiğim bütün bu buyruklara iyice uyun ki, size ve sizden sonra gelen çocuklarınıza sürekli iyilik gelsin. Böylece Tanrınız RABbin gözünde iyi ve doğru olanı yapmış olacaksınız.››
28သင်၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှ စ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကား တို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။
29‹‹Tanrınız RAB topraklarını alacağınız ulusları önünüzden yok edecek. Topraklarını miras alıp orada yaşadığınızda
29သင်သွား၍ ဝင်စားလတံ့သောပြည်၌ရှိသော လူမျိုးတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊
30ve onları yok ettiğinizde, onların tuzaklarına düşmekten sakının. İlahlarına yönelip, ‹Bu uluslar ilahlarına nasıl tapıyorlardı? Biz de aynısını yapalım› demeyin.
30သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အ ကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု လော့။
31Tanrınız RABbe bu biçimde tapınmayacaksınız. Onlar ilahlarına RABbin tiksindiği iğrenç şeyler sunuyorlar. Oğullarını, kızlarını bile yakarak ilahlarına kurban ediyorlar.
31သူတို့ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရ ဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သား သမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု၍ မီးရှို့ကြပြီ။
32‹‹Size bildirdiğim bütün buyruklara iyice uyun. Bunlara hiçbir şey eklemeyin, hiçbir şey çıkarmayın.
32ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့် ရှောက်လော့။ ထပ်၍ မပိုရ၊ နှုတ်၍ မလျော့စေရ။