1Musa İsraillilere şöyle dedi:
1တဖန် မောရှေသည် သွား၍ ဣသရေလအမျိုး သား အပေါင်းတို့အား ဟောပြောသည်ကား၊
2‹‹Yüz yirmi yaşındayım. Bundan böyle size önderlik edemem. Üstelik RAB bana, ‹Şeria Irmağının karşı yakasına geçmeyeceksin› dedi.
2ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။
3Tanrınız RAB önünüzden geçecek. Bu ulusları önünüzden yok edecek. Ülkelerini mülk edineceksiniz. RABbin sözü uyarınca Yeşu size önderlik edecek.
3သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။
4RAB Amorluların kralları Sihonu ve Ogu yok edip ülkelerine yaptığının aynısını bu uluslara da yapacak.
4ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူ လိမ့်မည်။
5RAB onları size teslim edecek. Onlara size verdiğim buyruklar uyarınca davranmalısınız.
5ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ် တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။
6Güçlü ve yürekli olun! Onlardan korkmayın, yılmayın. Çünkü sizinle birlikte giden Tanrınız RABdir. O sizi terk etmeyecek, sizi yüzüstü bırakmayacaktır.››
6အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။
7Sonra Musa Yeşuyu çağırıp bütün İsraillilerin gözü önünde ona şöyle dedi: ‹‹Güçlü ve yürekli ol! Çünkü RABbin, atalarına ant içerek söz verdiği ülkeye bu halkla birlikte sen gideceksin. Ülkeyi miras olarak onlara sen vereceksin.
7တဖန် ယေရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံ စေရမည်။
8RABbin kendisi sana öncülük edecek, seninle birlikte olacak. Seni terk etmeyecek, seni yüzüstü bırakmayacak. Korkma, yılma.››
8သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထား တော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။
9Musa bu yasayı yazıp RABbin Antlaşma Sandığını taşıyan Levili kâhinlere ve bütün İsrail ileri gelenlerine verdi.
9ဤပညတ်တရားကို မောရှေသည် ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အ သက်ကြီးသူများ အပေါင်းတို့၌ အပ်၍၊
10Sonra onlara şöyle buyurdu: ‹‹Her yedi yılın sonunda, borçları bağışlama yılında, Çardak Bayramında,
10မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊
11bütün İsrailliler Tanrınız RABbin önünde bulunmak üzere seçeceği yere geldiğinde, bu yasayı onlara okuyacaksınız.
11သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။
12Halkı -erkekleri, kadınları, çocukları ve kentlerinizde yaşayan yabancıları- toplayın. Öyle ki, herkes duyup öğrensin, Tanrınız RABden korksun. Bu yasanın bütün sözlerine uymaya dikkat etsin.
12ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
13Yasayı bilmeyen çocuklar da duysunlar, mülk edinmek için Şeria Irmağından geçip gideceğiniz ülkede yaşadığınız sürece Tanrınız RABden korkmayı öğrensinler.››
13ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
14RAB Musaya, ‹‹Ölümüne az kaldı›› dedi, ‹‹Yeşuyu çağır. Ona buyruklarımı bildirmem için Buluşma Çadırında hazır olun.›› Böylece Musa ile Yeşu gidip Buluşma Çadırında beklediler.
14ထာဝရဘုရားကလည်း၊ သင်သည် သေရသော အချိန်နီးပြီ။ ယောရှုကို ခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှု သည် သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ၏။
15Sonra RAB çadırda bulut sütununun içinde göründü; bulut çadırın kapısı üzerinde durdu.
15ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ၏။
16RAB Musaya şöyle seslendi: ‹‹Yakında ölüp atalarına kavuşacaksın. Bu halk da gideceği ülkenin ilahlarına bağlanıp bana hainlik edecek. Beni bırakacak, kendileriyle yaptığım antlaşmayı bozacaklar.
16တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။
17O gün onlara öfkeleneceğim, onları terk edeceğim. Yüzümü onlardan çevireceğim. Başkalarına yem olacaklar, başlarına sayısız kötülükler, sıkıntılar gelecek. O gün, ‹Tanrımız bizimle olmadığı için bu kötülükler başımıza geldi› diyecekler.
17ထိုအခါ ငါသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။
18Başka ilahlara yönelmekle yaptıkları kötülük yüzünden o gün kesinlikle onlardan yüzümü çevireceğim.
18သူတို့သည် အခြားတပါးသော ဘုရားတို့နောက် သို့ လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန် လွှဲမည်။
19‹‹Şimdi kendiniz için şu ezgiyi yazın ve İsraillilere öğretin; onu okusunlar. Öyle ki, bu ezgi İsraillilere karşı benim tanığım olsun.
19ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထို သီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့။
20Onları atalarına ant içerek söz verdiğim süt ve bal akan ülkeye getirdiğimde yiyip doyacaklar; semirince başka ilahlara yönelip onlara tapacaklar. Beni tepecek, antlaşmamı bozacaklar.
20အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုး သောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည်။
21Başlarına sayısız kötülükler, sıkıntılar geldiğinde, bu ezgi onlara karşı tanıklık edecek. Çünkü çocukları bu ezgiyi unutmayacak. Ant içerek söz verdiğim ülkeye onları getirmeden önce neler tasarladıklarını biliyorum.››
21ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့် မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
22O gün Musa bu ezgiyi yazıp İsraillilere öğretti.
22မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကို ရေး ထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
23RAB Nun oğlu Yeşuya şu buyruğu verdi: ‹‹Güçlü ve yürekli ol! Çünkü İsraillileri, ant içerek söz verdiğim ülkeye sen götüreceksin ve ben seninle birlikte olacağım.››
23တဖန် နုန်၏သား ယောရှုအား ထာဝရဘုရား က၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆို သောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူ ရှိမည်ဟု မှာထားတော်မူ၏။
24Musa yasanın sözlerini eksiksiz olarak kitaba yazmayı bitirince,
24မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
25RABbin Antlaşma Sandığını taşıyan Levililere şu buyruğu verdi:
25ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊
26‹‹Bu Yasa Kitabını alın, Tanrınız RABbin Antlaşma Sandığının yanına koyun. Orada size karşı bir tanık olarak kalsın.
26ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။
27Çünkü sizin başkaldıran, dikbaşlı kişiler olduğunuzu biliyorum. Bugün ben sağken, aranızdayken bile RABbe karşı geliyorsunuz; ölümümden sonra daha ne kadar çok başkaldıracaksınız.
27သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။
28Oymaklarınızın bütün ileri gelenlerini, görevlilerinizi bana getirin. Bu sözleri onlara duyuracağım. Yeri göğü onlara karşı tanık tutacağım.
28သင်တို့အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိသူ အပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ ကို သူတို့အား ဟောပြော၍ သူတို့တဘက်၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်မည်။
29Ölümümden sonra büsbütün yozlaşacağınızı, size buyurduğum yoldan sapacağınızı biliyorum. Son günlerde kötülüklerle karşılaşacaksınız. Çünkü RABbin gözünde kötü olanı yapacak ve yaptıklarınızla Onu öfkelendireceksiniz.››
29အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့ သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ကိုယ်လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိ ပေးလေ၏။
30Musa şu ezginin sözlerini eksiksiz olarak bütün İsrail topluluğuna okudu:
30မောရှေသည် ဣသရေလ ပရိသတ်အပေါင်းတို့ အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊