Turkish

Myanmar

Deuteronomy

32

1‹‹Ey gökler, kulak verin, sesleneyim;Ey dünya, ağzımdan çıkan sözleri işit!
1အို ကောင်းကင်၊ နားထောင်လော့၊ ငါပြောမည်။ အိုမြေကြီး၊ ငါမြွက်ဆိုသောစကားကို ကြားလော့။
2Öğretişim yağmur gibi damlasın;Sözlerim çiy gibi düşsün,Çimen üzerine çiseleyen yağmur gibi,Bitkilere yağan sağanak gibi.
2ငါ့ဒေသနာသည် မိုဃ်းရေကဲ့သို့ စက်စက်ကျ၍၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညှင်းစွာ သက်ရောက်လိမ့် မည်။ နုသောပျိုးပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြက်ပင်ပေါ်မှာ များပြားသော မိုဃ်းရေကဲ့သို့၎င်း ဖြစ်လိမ့် မည်။
3RABbin adını duyuracağım.Ululuğu için Tanrımızı övün!
3ငါသည် ထာဝရဘုရား၏ နာမတော်ကို ဘော်ပြ သည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော် ကို ချီးမွမ်းကြလော့။
4O Kayadır, işleri kusursuzdur,Bütün yolları doğrudur.O haksızlık etmeyen güvenilir Tanrıdır.Doğru ve adildir.
4ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော် သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။
5Bu eğri ve sapık kuşak,Ona bağlı kalmadı.Onun çocukları değiller.Bu onların utancıdır.
5သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏ သား မဟုတ်၊ အညစ်အကြေး ကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုး ဖြစ်ကြ၏။
6RABbe böyle mi karşılık verilir,Ey akılsız ve bilgelikten yoksun halk?Sizi yaratan, size biçim veren,Babanız, Yaratıcınız O değil mi?
6အို ပညာမဲ့သော လူမိုက်တို့၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရား သည် သင့်ကို ဖြစ်စေသောအဘ၊ သင့်ကို ဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။
7‹‹Eski günleri anımsayın;Çoktan geçmiş çağları düşünün.Babanıza sorun, size anlatsın,Yaşlılarınız size açıklasın.
7ရှေးကာလကို အောက်မေ့လော့။ လွန်လေပြီး သော နှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကို မေးမြန်းလျှင် သူသည် ဘော်ပြလိမ့်မည်။ အသက်ကြီးသူ တို့ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။
8Yüceler Yücesi uluslara paylarına düşeni veripİnsanları böldüğünde,Ulusların sınırlarınıİsrailoğullarının sayısına göre belirledi.
8အမြင့်ဆုံးသော ဘုရားသည် အာဒံ၏အမျိုးအ နွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကို ဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေ အတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
9Çünkü RABbin payı kendi halkıdırVe Yakup soyu Onun payına düşen mirastır. ‹‹Tanrının melekleri››, Kumran ‹‹Tanrının oğulları››.
9ထာဝရဘုရား၏ အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။
10‹‹Onu kurak bir ülkede,Issız, uluyan bir çölde buldu,Onu kuşattı, kayırdı,Gözbebeği gibi korudu.
10လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ် လပ်သောတောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကို ပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။
11Yuvasında yavrularını uçmaya kışkırtan,Onların üzerinde kanat çırpan bir kartal gibi,Kanatlarını gerip onları aldıVe kanatları üzerinde taşıdı.
11ရွှေလင်းတသည် အသိုက်ကို မွှေလျက်၊ သား ငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့် လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင် သကဲ့သို့၊
12Ona yalnız RAB yol gösterdi,Yanında yabancı ilah yoktu.
12ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကို ဆောင်သွားတော်မူ၏။ အခြားတပါးသောဘုရား မည်မျှ မရှိ။
13‹‹Onu yeryüzünün yüksekliklerinde gezdirdi,Tarlada yetişen ürünlerle doyurdu.Onu kayadan akan balla,Çakmaktaşından çıkardığı yağla besledi.
13မြေကြီးပေါ်မှာမြင့်မြတ်သော အရပ်တို့၌ နေရာ ချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲကပျားရည်ကို၎င်း၊ မီးပါကျောက်ထဲကဆီကို ၎င်း၊
14İneklerin yağıyla,Koyunların sütüyle,Besili kuzularla,Başan cinsi en iyi koçlarla, tekelerle,En iyi buğdayla onu besledi.Halk üzümün kırmızı kanını içti.
14သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏သိုးထီး၊ ဆိတ်ထီး ဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို၎င်း စို့မည်အကြောင်း စီရင်တော်မူ၍၊ သင်သည် စပျစ်သီးအသွေးစစ်ကို သောက်ရ၏။
15‹‹Yeşurun semirdi ve sahibini tepti;Doyunca yağ bağlayıp ağırlaştı,Kendisini yaratan Tanrıya sırt çevirdi,Kurtarıcısını, Kayayı küçümsedi. verilen bir addır.
15သို့ရာတွင်၊ ယေရှုရုန်သည် ဆူဝ၍ ခြေနှင့်ကန် လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့်ပြည့်စုံလျက် နေသဖြင့်၊ ဖန်ဆင်းတော်မူသော ဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင် ပြုလေ၏။
16Yabancı ilahlarla Tanrıyı kıskandırıpİğrençlikleriyle Onu öfkelendirdiler.
16သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။
17Tanrı olmayan cinlere,Tanımadıkları ilahlara,Atalarınızın korkmadıkları,Son zamanlarda ortaya çıkanYeni ilahlara kurban kestiler.
17ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသော ဘုရား၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့ အား ယဇ်ပူဇော်ကြ၏။
18Seni oluşturan Kayayı savsakladın,Seni yaratan Tanrıyı unuttun.
18သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။
19‹‹RAB bunu görünce onları reddetti;Çünkü oğulları, kızları Onu öfkelendirmişlerdi.
19ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက် တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊
20‹Yüzümü onlardan çevirecekVe sonlarının ne olacağını göreceğim› dedi,‹Çünkü onlar sapık bir kuşakVe güvenilmez çocuklardır.
20ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့ သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာ သောအမျိုး၊ သစ္စာမရှိသော သားသမီး ဖြစ်ကြ၏။
21Tanrı olmayan ilahlarlaBeni kıskandırdılar;Değersiz putlarıyla beni öfkelendirdiler.Ben de halk olmayan bir halklaOnları kıskandıracağım.Anlayışsız bir uluslaOnları öfkelendireceğim.
21ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူ သောစိတ်ရှိစေခြင်းငှါ ပြုကြပြီ။ အချည်းနှီးသောအရာ အားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာ သော လူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်း ငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း ငါပြုမည်။
22Çünkü size karşı öfkem ateş gibi tutuşupÖlüler diyarının derinliklerine dek yanacak.Yeryüzünü ve ürününü yutup yok edecekVe dağların temellerini tutuşturacak.
22ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံး သောမရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့်မြေအသီး အနှံကို ကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင် လိမ့်မည်။
23‹‹ ‹Üzerlerine kötülükler yığacağım,Oklarımı onlara karşı kullanacağım.
23သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည်။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည်။
24Kavurucu kıtlık, tüketici hastalık,Öldürücü salgın vuracak onları.Gönderdiğim canavarlar dişleriyle onlara saldıracak,Toprakta sürünen zehirli yılanlar onları ısıracak.
24သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ် မည်။
25Sokakta kılıç onları çocuksuz bırakacak;Evlerinde dehşet egemen olacak.Delikanlısı, genç kızı,Emzikteki çocuğu, aksaçlısı ölecek.
25အိမ်ပြင်၌ ထားဘေး၊ အိမ်အတွင်း၌ ကြောက် မက်ဘွယ်သောဘေးသည် လူပျိုနှင့်အပျိုကို၎င်း၊ နို့စို့သူ ငယ်နှင့် ဦးဆံဖြူသောသူကို၎င်း ဖျက်ဆီးလိမ့်မည်။
26Onları darmadağın etmeyi,İnsanlar arasından anılarını silmeyi düşündüm.
26ရန်သူ၏ မာန်မာနကို ငါမကြောက်လျှင်၎င်း၊
27Ama düşmanın alay etmesinden çekindim.Öyle ki, düşman yanlış anlayıp da,Bütün bunları yapan RAB değil,Başarı kazanan biziz, demesin.›
27ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့ လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်၎င်း၊ သူတို့ ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။
28‹‹Onlar anlayışsız bir ulustur,Onlarda sezgi yoktur.
28အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဥာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။
29Keşke bilge kişiler olsalardı, anlasalardı,Sonlarının ne olacağını düşünselerdi!
29ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေ သော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ၏။
30Onların Kayası kendilerini satmamışVe RAB onları ele vermemiş olsaydı,Nasıl bir kişi bin kişiyi kovar,İki kişi on bin kişiyi kaçırtırdı?
30သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတ ယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည် နည်း။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။
31Çünkü bizim Kayamızfö onların kayasına benzemez,Düşmanlarımız bu konuda yargıç olabilir.
31ငါတို့၏ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ။
32Onların asması Sodom asmasından,Gomora bağlarındandır.Üzümleri zehirle dolu,Salkımları acıdır.
32သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့ စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။
33Şarapları yılan zehiri,Kobraların öldürücü zehiridir.
33သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ်၏။
34‹‹ ‹Bu kötülükleri yazmadım mı?Hazinelerimde mühürlemedim mi?
34ဤအမှုသည် ငါ့ထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာ တိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။
35Öç benimdir, karşılığını ben vereceğim,Zamanı gelince ayakları kayacak,Onların yıkım günü yakındır,Ceza günü hızla yaklaşıyor.›
35အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
36‹‹RAB kendi halkının hakkını koruyacak,Onların gücünün tükendiğini,Ülkede genç yaşlı kimsenin kalmadığını görünce,Kullarına acıyacaktır.
36ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက်၊
37‹Hani sığındığınız kaya,Hani ilahlarınız nerede?› diyecek,
37သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။
38‹Kurbanlarınızın yağını yiyen,Dökmelik sununuzu içenİlahlarınız hani nerede?Kalksınlar da size yardım etsinler!Size barınak olsunlar!
38သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ။
39‹‹ ‹Artık anlayın ki, ben, evet ben Oyum,Benden başka tanrı yoktur!Öldüren de, yaşatan da,Yaralayan da, iyileştiren de benim.Kimse elimden kurtaramaz.
39ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။
40Elimi göğe kaldırırVe sonsuzluk boyunca varlığım hakkı için derim ki,
40ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။
41Parlayan kılıcımı bileyipYargılamak için elime alınca,Düşmanlarımdan öç alacağım,Benden nefret edenlere karşılığını vereceğim.
41ငါသည် ပြောင်လက်သောထားကို သွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည်။
42Oklarımı kanla sarhoş edeceğim,Kılıcım vurulanların, tutsakların kanıyla,Düşman önderlerinin başlarıylaVe etle beslenecek.›
42ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ထား သည် အသားကို စားလိမ့်မည်။ သတ်သောသူ၊ လက်ရ သောသူတို့၏ အသွေး၊ ရန်သူအကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။
43‹‹Ey uluslar, Onun halkını kutlayın,Çünkü O kullarının kanının öcünü alacak,Düşmanlarından öç alacak,Ülkesinin ve halkının günahını bağışlayacak.››
43တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အ ကြောင်းမူကား၊ ကိုယ်တော်၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူ တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊
44Musa, Nun oğlu Hoşea ile birlikte gelip bu ezginin sözlerini halka okudu.
44ဤသီချင်းစကားကို မောရှေသည် လာ၍ နုန် သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။
45Musa sözlerini bitirince, İsraillilere şöyle dedi: ‹‹Bugün size bildirdiğim bu uyarıcı sözlerin tümünü benimseyin. Bu yasanın bütün sözlerine dikkat etmeleri ve yerine getirmeleri için çocuklarınıza buyruk verin.
45ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသား အပေါင်းတို့အား အကုန်အစင် ဟောပြောမြွက်ဆိုပြီးလျှင်၊
47Bunlar sizin için boş sözler değildir, sizin yaşamınızdır. Şeria Irmağından geçerek mülk edineceğiniz ülkede ömrünüz bu sözler sayesinde uzun olacaktır.››
46သင်တို့အား ယနေ့ ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့ သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြ မည်။
48RAB aynı gün Musaya şöyle seslendi:
47ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ ဤအမှုကို စောင့်ရှောက်လျှင်၊ ကိုယ်အသက် တာရှည်ကြလိမ့်မည်ဟု ပြောဆို၏။
49‹‹Haavarim dağlık bölgesine, Eriha karşısında Moav ülkesindeki Nevo Dağına çık. Mülk olarak İsraillilere vereceğim Kenan ülkesine bak.
48ထိုနေ့ခြင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့ တဘက်၊ မောဘပြည် အာဗရိမ်တောင်ရိုး၊ နေဗောတောင် ထိပ်ပေါ်သို့တက်၍၊
50Ağabeyin Harun Hor Dağında ölüp atalarına kavuştuğu gibi, sen de çıkacağın dağda ölüp atalarına kavuşacaksın.
49ဣသရေလ အမျိုးသားတို့အား ငါအပိုင်ပေး သော ခါနာန်ပြည်ကို ကြည့်ရှုလော့။
51Çünkü ikiniz de Zin Çölünde, Meriva-Kadeş sularında, İsraillilerin önünde bana ihanet ettiniz, kutsallığımı önemsemediniz.
50သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ် မှာ သေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။
52Bu nedenle ülkeyi ancak uzaktan göreceksin. Ama oraya, İsrail halkına vereceğim ülkeye girmeyeceksin.››
51အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာ ဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသား တို့ရှေ့မှာ ငါ့ကို မရိုမသေပြု၍ ပြစ်မှားကြပြီ။
52ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ငါပေး သော ပြည်ကို သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော် လည်း၊ ထိုပြည်သို့ မဝင်စားရဟု မောရှေအား မိန့်တော်မူ၏။