Turkish

Myanmar

Esther

1

1Ahaşveroş Hoddudan Kûşa uzanan bölgedeki yüz yirmi yedi ilin kralıydı.
1အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည်၊
2O sırada ülkeyi Sus Kalesindeki tahtından yönetiyordu.
2ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊
3Krallığının üçüncü yılında bütün önderlerinin ve görevlilerinin onuruna bir şölen verdi. Pers ve Med ordu komutanları, ileri gelenler ve il valileri de oradaydı.
3ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ၏။
4Ahaşveroş tam yüz seksen gün süren şenliklerle krallığının sonsuz zenginliğini, büyüklüğünün görkemini ve yüceliğini gösterdi.
4ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။
5Bunun ardından, sarayının avlusunda küçük büyük ayırmadan, Sus Kalesinde bulunan bütün halka yedi gün süren bir şölen verdi.
5ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ၏။
6Mermer sütunlar üzerindeki gümüş çemberlere mor ve beyaz renkli iplikten yapılmış sicimlerle bağlanmış beyaz ve lacivert kumaşlar asılmıştı. Somaki, mermer, sedef ve pahalı taşlar döşenmiş avluya altın ve gümüş sedirler yerleştirilmişti.
6ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့်၎င်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7Sarayın en iyi şarabı kralın cömertliğine yaraşır biçimde bol bol ve her biri değişik altın kupalar içinde sunuluyordu.
7ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ ၏။
8Kralın buyruğu uyarınca, konuklar içki içmeye zorlanmadı. Kral saray hizmetkârlarına konukların dileklerini yerine getirmeleri için buyruk vermişti.
8စပျစ်ရည် သောက်ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလို အလျောက်ပြုကြမည် အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။
9O sırada Kraliçe Vaşti de Kral Ahaşveroşun sarayındaki kadınlara bir şölen veriyordu.
9မိဖုရားဝါရှတိသည်လည်း၊ ရှင်ဘုရင် အာရွှေရု နန်းတော်သား မိန်းမတို့အဘို့ ပွဲလုပ်လေ၏။
10Yedinci gün, şarabın etkisiyle keyiflenen Kral Ahaşveroş, hizmetindeki yedi haremağasına -Mehuman, Bizta, Harvona, Bigta, Avagta, Zetar ve Karkasa- Kraliçe Vaştiyi başında tacıyla huzuruna getirmelerini buyurdu. Kraliçe Vaşti güzeldi. Kral halka ve önderlere onun ne kadar güzel olduğunu göstermek istiyordu.
10မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊
12Ama Kraliçe Vaşti haremağalarının kraldan getirdiği buyruğu reddedip gitmedi. Bunun üzerine kral çok kızdı, öfkesinden küplere bindi.
11ခုနစ်ရက်မြောက်သော နေ့၌ ရှင်ဘုရင်သည် စပျစ်ရည် သောက်၍ ရွှင်လန်းသော စိတ်ရှိသောအခါ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ၏။
13Kral yasaları bilen bilge kişilerle görüştü. Çünkü kralın, yasaları ve adaleti bilen kişilere danışması gelenektendi.
12သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။
14Kendisine en yakın olan Karşena, Şetar, Admata, Tarşiş, Meres, Marsena ve Memukan onunla yüzyüze görüşebiliyorlardı. Pers ve Med İmparatorluğunun bu yedi önderi krallığın en üst yöneticileriydi.
13ထိုအခါကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိရှ၊
15Kral Ahaşveroş onlara, ‹‹Kralın haremağaları aracılığıyla gönderdiği buyruğa uymayan Kraliçe Vaştiye yasaya göre ne yapmalı?›› diye sordu.
14မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော် တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက်သောသူအပေါင်းတို့နှင့် ရှင်ဘုရင် တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သောထိုပညာရှိတို့ကိုခေါ်၍၊
16Memukan, kralın ve önderlerin önünde şu yanıtı verdi: ‹‹Kraliçe Vaşti yalnız krala karşı değil, bütün önderlere ve kralın bütün illerindeki halklara karşı suç işledi.
15မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့်တော်ကို၊ မိဖုရားဝါရှတိသည် နားမထောင်သော ကြောင့်၊ ဓမ္မသတ်အတိုင်းသူ၌ အဘယ်သို့ စီရင်ရမည် နည်းဟု မေးတော်မူလျှင်၊
17Bütün kadınlar, kraliçenin davranışıyla ilgili haberi duyunca, ‹Kral Ahaşveroş Kraliçe Vaştinin huzuruna getirilmesini buyurdu, ama kraliçe gitmedi› diyerek kocalarını küçümsemeye başlayacaklar.
16မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ။
18Bugün kraliçenin davranışını öğrenen Pers ve Medli soylu kadınlar da kralın soylu adamlarına aynı biçimde davranacak. Bu da alabildiğine kadınların küçümsemesine, erkeklerin de öfkelenmesine yol açacak.
17ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့အပြားပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင်ပြုကြပါလိမ့်မည်။
19Kral uygun görüyorsa ferman çıkarsın; bu ferman Perslerle Medlerin değişmeyen yasalarına eklensin. Buna göre Vaşti bir daha Kral Ahaşveroşun huzuruna çıkmasın ve kral ondan daha iyi birini kraliçeliğe seçsin.
18မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်းရှိပါ လိမ့်မည်။
20Kralın fermanı büyük krallığının dört bir yanına ulaşınca, ister soylu ister halktan olsun, bütün kadınlar kocalarına saygı gösterecektir.››
19ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေ တော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။
21Bu sözler kralın ve önderlerinin hoşuna gitti. Kral, Memukanın önerisine uyarak,
20သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
22krallığın bütün illerine yazılı buyruklar gönderdi. Her ile kendi işaretleriyle ve her halka kendi diliyle yazıldı. Her erkeğin kendi evinin egemeni olduğu her dilde vurgulandı.
21ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင် ပြုလျက်၊
22လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက် တော်မူ၏။