1O gün Musanın Kitabı halka okundu. Kitapta Ammonlularla Moavlıların sonsuza dek Tanrının topluluğuna giremeyeceği yazılıydı.
1ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဘတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲ သို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။
2Çünkü onlar İsrail halkına ekmek ve su vermemekle kalmamış, İsraillilere lanet okuması için Balama da para vermişlerdi. Ancak Tanrımız laneti kutsamaya çevirmişti.
2အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမကြိုဆို၊ ကျိန်ဆဲစေ ခြင်းငှါ ဗာလံကိုငှါးကြ၏။ သို့ရာတွင် ငါတို့၏ ဘုရား သခင်သည် ကျိန်ဆဲသော စကားကို ကောင်းကြီးပေး သော စကားဖြစ်စေတော်မူ၏။
3İsrail halkı bu yasayı duyunca, bütün yabancıları ayrı tutmaya başladı.
3ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သော သူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။
4Tanrımızın Tapınağının ambarlarına Kâhin Elyaşiv bakıyordu. Elyaşiv Toviyanın akrabasıydı.
4အရင်တခါ ငါတို့ဘုရားသခင်၏ အိမ်တော်ပြင် ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဘော်တော်သည် ဖြစ်၍၊
5Bu yüzden ona büyük bir oda vermişti. Eskiden bu odaya tahıl sunuları, günnük, tapınak eşyaları, ayrıca Kutsal Yasa uyarınca Levililere, ezgicilere, tapınak kapı nöbetçilerine verilen buğdayın, yeni şarabın, zeytinyağının ondalıkları ve kâhinlere verilen bağışlar konulurdu.
5ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ တန်ဆာ မျိုးကို၎င်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို၎င်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင်၏။
6Ama bütün bunlar olup biterken ben Yeruşalimde değildim. Babil Kralı Artahşastanın krallığının otuz ikinci yılında, onun yanına gitmiştim. Bir süre sonra yine izin istedim
6ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံ သုံးဆယ်နှစ် နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလ ကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊
7ve Yeruşalime döndüm. O zaman Elyaşivin yaptığı kötülüğü öğrendim. Tanrı Tapınağının avlusunda Toviyaya oda vermişti.
7ယေရုရှလင်မြို့သို့ရောက်သောအခါ၊ ဧလျာရှိပ် သည် ဘုရားသခင်၏ အိမ်တော်တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။
8Buna çok canım sıkıldı. Toviyanın bütün eşyalarını odadan attım.
8ထိုအခါ ငါသည် အလွန်နာကြင်သောစိတ်ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊
9Odaları temizlemeleri için buyruk verdim. Tanrı Tapınağının eşyalarını, tahıl sunularını, günnüğü yine oraya koydurdum.
9အခန်းများကို စင်ကြယ်စေခြင်းငှါစီရင်၍၊ တဖန်ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
10Ayrıca öğrendim ki, Levililerin alacakları verilmemiş. Hizmeti yürüten Levililerle ezgiciler tarlalarına geri dönmüşler.
10အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက်၊
11Görevlileri azarladım. ‹‹Tanrının Tapınağı neden ihmal edilmiş?›› diye sordum. Sonra bütün gidenleri toplayıp işlerinin başına koydum.
11ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသား တို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။
12Bütün Yahuda halkı buğdayın, yeni şarabın, zeytinyağının ondalığını yine ambarlara getirmeye başladı.
12ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။
13Bu kez ambarların başına Kâhin Şelemyayı, Bilgin Sadoku ve Levililerden Pedayayı koydum. Mattanya oğlu Zakkur oğlu Hanan onların yardımcısıydı. Bunlar güvenilir insanlardı. Görevleri kardeşlerinin paylarını bölüştürmekti.
13ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။
14Ey Tanrım, beni anımsa. Tapınağın için ve oradaki hizmetler için yaptığım iyi işleri hiçe sayma.
14အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရား သခင့် အိမ်တော်အဘို့၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။
15O günlerde Yahudada bazı adamların Şabat Günü üzüm sıktıklarını gördüm. Bazıları da demet demet tahıllarını eşeklere yüklüyor, şarap, üzüm, incir ve çeşitli yüklerle birlikte Şabat Günü Yeruşalime getiriyorlardı. Şabat Günü bunları sattıkları için onları azarladım.
15ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြား ပြော၏။
16Yeruşalimde yaşayan Surlular balık ve çeşitli mallar getirip Şabat Günü kentte Yahudalılara satıyorlardı.
16ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့၍၊ ဥပုသ် နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။
17Yahudalı soyluları azarlayarak, ‹‹Yaptığınız kötülüğe bakın!›› dedim, ‹‹Şabat Gününü hiçe sayıyorsunuz.
17ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။
18Atalarınız da aynı şeyi yapmadı mı? Bu yüzden Tanrımız başımıza ve bu kente bela yağdırmadı mı? Siz Şabat Gününü hiçe sayarak Tanrının öfkesini İsraile karşı alevlendiriyorsunuz.››
18ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှ လောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌ ၎င်း ဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ် တင်လျက်၊
19Şabattan önceki akşam Yeruşalim kapılarına gölge düşünce, kapıların kapatılması ve Şabat sona erinceye kadar açılmaması için buyruk verdim. Şabat Günü kente yük sokulmasın diye bazı adamlarımı kapılara yerleştirdim.
19အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့ လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ် ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။
20Tüccarlarla çeşitli eşya satıcıları bir iki kez geceyi Yeruşalimin dışında geçirdiler.
20ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါ အိပ်ကြ၏။
21Onları uyardım: ‹‹Niçin surun dibinde geceliyorsunuz? Bir daha yaparsanız size karşı zor kullanacağım.›› Bir daha Şabat Günü gelmediler.
21ငါကလည်း၊ မြို့ရိုးပတ်လည်၌အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဘမ်းဆီး မည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့ တွင် မလာဘဲနေကြ၏။
22Şabat Gününün kutsallığını korumak için Levililere kendilerini paklasınlar ve gidip kapılarda nöbet tutsunlar diye buyruk verdim. Ey Tanrım, bunun için de beni anımsa ve yüce sevgin uyarınca bana merhamet et.
22လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်း စေခြင်းငှါ၊ စင်ကြယ်သောကိုယ်နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့ တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ် ကို ကယ်မသနားတော်မူပါ။
23Ayrıca o günlerde Aşdotlu, Ammonlu, Moavlı kadınlarla evlenmiş Yahudiler gördüm.
23ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။
24Çocuklarının yarısı Aşdot dilini ya da öbür halkların dilini konuşuyor, Yahudi dilini bilmiyorlardı.
24သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။
25Adamları azarladım, lanet okudum. Bazılarını dövüp saçlarını yoldum. Tanrının adıyla onlara ant içirdim ve, ‹‹Yabancılara kız verip kız almayacaksınız›› dedim,
25သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နှုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သား သမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ။
26‹‹Kral Süleyman bu yabancı kadınlar yüzünden günaha girmedi mi? Onca ulusun kralları arasında Süleyman gibisi yoktu. Tanrı onu öyle sevdi ki, bütün İsraile kral yaptı. Ama yabancı kadınlar onu bile günaha sürükledi.
26ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ ပြု၍ ပြစ်မှားရာရောက်သည်မဟုတ်လော။ အတိုင်းတိုင်း အပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင်မရှိ။ ဣသရေလ ရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူဖြစ်သော်လည်း၊ တပါးအမျိုး သားမိန်းမတို့သည် ပြစ်မှားစေသည်တကား။
27Şimdi de siz yabancı kadınlarla evlenerek Tanrımıza ihanet ediyorsunuz. Yaptığınız bu büyük kötülüğe göz mü yumalım?››
27ငါတို့သည် သင်တို့စကားကို နားထောင်၍ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်သဖြင့်၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကို ပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
28Başkâhin Elyaşiv oğlu Yoyadanın oğullarından biri Horonlu Sanballatın kızıyla evliydi. Bu yüzden onu yanımdan kovdum.
28ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သားယောယဒ၏ သားတယောက်သည်၊ ဟောရနိလူ သမ္ဘာလတ် သမက်ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။
29Ey Tanrım, onları anımsa; çünkü kâhinliği lekelediler, kâhinlerle ve Levililerle yaptığın antlaşmayı bozdular.
29အို အကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ နှင့် ဖွဲ့သောပဋိညာဉ်တော်ကို၎င်း ရှုတ်ချသောကြောင့်၊ သူတို့ကို မှတ်တော်မူပါ။
30Halkı bütün yabancılardan arındırdım. Kâhinlerle Levililere görevlerini tek tek bildirdim.
30ထိုသို့ ယုဒအမျိုးသားတို့ကို တပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့ အမှုစောင့်ရသည် အတိုင်း ငါခန့်ထား၍၊
31Belirli zamanlarda yakılmak için armağan edilen odunları, getirilen ilk ürünleri düzene koydum. Ey Tanrım, bütün bunları iyiliğim için anımsa.
31ချိန်းချက်သောအချိန်၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။