Turkish

Myanmar

Ezekiel

47

1Adam beni tapınağın girişine geri getirdi. Doğuya doğru tapınağın kapı eşiğinin altından sular aktığını gördüm. Tapınak doğuya bakıyordu. Sular tapınağın güney yanının altından, sunağın güneyinden aşağıya akıyordu.
1ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။
2Beni oradan, Kuzey Kapısından çıkarıp dış yoldan doğuya bakan dış kapıya götürdü. Sular güney yönünden akıyordu.
2တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။
3Adam elinde bir ölçü ipiyle doğuya doğru gitti. Bin arşın ölçtükten sonra beni ayak bileğine dek çıkan sulara getirdi.
3ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။
4Bin arşın daha ölçtü ve beni dize kadar çıkan sulara getirdi. Bin arşın daha ölçtü, beni bele kadar çıkan sulara getirdi.
4တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။
5Bin arşın daha ölçtü, içinden geçemediğim bir ırmak oluştu. Sular yükselmişti, içinden yürüyerek karşıya geçilemezdi, yüzülecek kadar derin bir ırmak oluşmuştu.
5တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။
6Bana, ‹‹İnsanoğlu, bunu gördün mü?›› diye sordu. Daha sonra beni ırmağın kıyısına geri getirdi.
6ထိုသူက၊ အချင်းလူကား၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
7Oraya varınca, ırmağın her iki kıyısında birçok ağaç gördüm.
7ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။
8Bana şöyle dedi: ‹‹Bu sular doğu bölgesine doğru akıyor, oradan Arava Vadisine, sonra Lut Gölüne dökülüyor. Göle dökülünce oradaki sular tatlı suya dönüşecek.
8ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
9Irmağın aktığı yerlerde her çeşit canlı yaratık kaynaşacak. Çok sayıda balık olacak. Çünkü bu sular oraya akıyor, oradaki tuzlu suyu tatlı suya dönüştürüyor. Irmak aktığı her yere yaşam getirecek.
9အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
10Irmak kıyısı boyunca balıkçılar duracak; Eyn-Gediden Eyn- Eglayime dek ağ gerecek yerler olacak. Akdenizdeki gibi çok sayıda balık çeşidi olacak.
10အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
11Ama Lut Gölünün çamurlu, bataklık kesimi tatlı suya dönüşmeyecek, tuzla olarak kalacak.
11ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။
12Irmağın her iki yanında her çeşit meyve ağacı yetişecek. Yaprakları solmayacak, meyveleri tükenmeyecek. Her ay meyve verecekler, çünkü tapınaktan çıkan sular oraya akıyor. Meyveleri yiyecek olarak, yaprakları şifa için kullanılacak.››
12မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည်။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။
13Egemen RAB şöyle diyor: ‹‹Ülkeyi mülk olarak İsrailin on iki oymağına böleceğiniz sınırlar şöyle olacak: Yusufa iki pay düşecek.
13အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။
14Ülkeyi on iki oymak arasında eşit olarak paylaşacaksınız. Ülkeyi atalarınıza vereceğime ant içtim. Bu ülke size mülk olarak verilecek.
14ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။
15‹‹Ülkenin sınırı şöyle olacak: Kuzeyde Akdenizden, Hetlon yoluyla Levo-Hamata, Sedata,
15မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊
16Berotaya ve Şamla Hamanın toprakları arasında bulunan Sivrayime, Havran sınırında Haser-Hattikona kadar uzanacak.
16ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊
17Sınır denizden Hasar-Enana, Şamın kuzey sınırı boyunca uzanacak, Hama sınırı kuzeyde olacak. Kuzey sınırı bu olacak. ‹‹Levo-Sedata, Hamaya››.
17တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။
18‹‹Doğuda sınır Havranla Şam arasında Gilatı İsrailden ayıran Şeria Irmağı boyunca Lut Gölüne ve Tamara dek uzanacakfö. Doğu sınırı bu olacak. Masoretik metin ‹‹Lut Gölüne dek ölçeceksiniz››.
18အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
19‹‹Güneyde sınır Tamardan Meriva-Kadeş sularına, Mısır Vadisi boyunca Akdenize dek uzanacak. Güney sınırı bu olacak.
19တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။
20‹‹Batıda Levo-Hamatın karşısındaki noktaya dek Akdeniz sınır oluşturacak. Batı sınırı bu olacak.
20အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။
21‹‹Bu ülkeyi İsrail oymaklarına göre aranızda paylaşacaksınız.
21ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။
22Ülkeyi içinizde yaşayan ve içinizdeyken çocukları olan yabancılarla kendiniz arasında mülk olarak bölüşeceksiniz. Onları İsrailde doğan yerliler sayacaksınız. Onların da İsrail oymakları arasında sizin gibi mülkleri olacak.
22အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
23Yabancı hangi oymağa yerleşmişse, orada ona düşen payı mülk olarak vereceksiniz.›› Egemen RAB böyle diyor.
23တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။