1‹‹Oymakların adları şunlardır: Kuzey sınırında Dana bir pay verilecek. Dan sınırı Hetlon yolundan Levo-Hamata uzanacak; Hasar-Enan ve Hamaya yakın Şamın kuzey sınırı doğudan batıya uzanan sınırın bir bölümünü oluşturacak.
1ဣသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။
2‹‹Aşere bir pay verilecek; sınırı Danın doğudan batıya uzanan sınırına bitişik olacak.
2ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
3‹‹Naftaliye bir pay verilecek; sınırı Aşerin doğudan batıya uzanan sınırına bitişik olacak.
3အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
4‹‹Manaşşeye bir pay verilecek; sınırı Naftalinin doğudan batıya uzanan sınırına bitişik olacak.
4နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။
5‹‹Efrayime bir pay verilecek; sınırı Manaşşenin doğudan batıya uzanan sınırına bitişik olacak.
5မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
6‹‹Rubene bir pay verilecek; sınırı Efrayimin doğudan batıya uzanan sınırına bitişik olacak.
6ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
7‹‹Yahudaya bir pay verilecek; sınırı Rubenin doğudan batıya uzanan sınırına bitişik olacak.
7ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
8‹‹Yahudanın doğudan batıya uzanan sınırına bitişik topraklar, RABbe ayıracağınız özel armağan olacak. Genişliği 25 000 arşın, doğudan batıya uzunluğu bir oymağa düşen pay kadar olacak. Tapınak bunun ortasında olacak.
8ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။
9‹‹RABbe özel olarak sunacağınız payın uzunluğu 25 000 arşın, genişliği 10 000 arşın olacak.
9ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။
10Bu kâhinler için kutsal pay olacak. Kuzeyde uzunluğu 25 000 arşın, batıda genişliği 10 000 arşın, doğuda genişliği 10 000 arşın, güneyde uzunluğu 25 000 arşın olacak. RABbin Tapınağı bunun ortasında olacak.
10ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
11Bu bölge Sadok soyundan gelen kutsanmış kâhinler için olacak. Onlar bana bağlılıkla hizmet ettiler, İsrail halkı yoldan saptığında Levililer de yoldan saptı, ama onlar sapmadı.
11ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။
12Orası ülkenin kutsal payından özel bir armağan olarak onlara verilecek. Levililerin topraklarına bitişik çok kutsal bir bölge olacak.
12လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။
13‹‹Levililerin kâhinlerin sınırı yakınında 25 000 arşın uzunlukta, 10 000 arşın genişlikte bir payları olacak. Bu bölgenin uzunluğu 25 000 arşın, genişliği 10 000 arşın olacak.
13ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။
14Levililer orayı satmayacak, değiş tokuş etmeyecekler. Bu, ülkenin en iyi bölümüdür, başkasının eline geçmemeli. Çünkü orası RABbe adanmıştır.
14ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။
15‹‹Bölgenin geri kalan 25 000 arşın uzunlukta, 5 000 arşın genişlikteki bölümü halkın yerleşmesi içindir. Orası evlere, otlaklara ayrılacak. Kent bunun ortasında kurulacak.
15နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
16Ölçüleri şöyle olacak: Kuzeyde, güneyde, doğuda, batıda 4 500er arşınfş.
16မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေး ထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေး ထောင်ငါးရာရှိရမည်။
17Kent için ayrılan otlak da kuzeyde, güneyde, doğuda, batıda 250şer arşın olacak.
17မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
18Kutsal bölgenin sınırında kalan yerin doğusu 10 000 arşın, batısı 10 000 arşın olacak. Kutsal bölgeye bitişik topraklarda yetişen ürün kentte çalışanların olacak.
18သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်း သေးသော အရှေ့ဘက်၌ တသောင်း၊ အနောက်ဘက်၌ တသောင်းကျယ်သော မြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည်။
19İsrailin her oymağından kentte çalışanlar toprağı işleyecekler.
19မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည်။
20Bu bölgenin tamamı kare şeklindedir. Her yanı 25 000 arşındır. Özel bir armağan olarak kentin mülküyle birlikte kutsal bölgeye düşen payı ayıracaksınız.
20ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည်။
21‹‹Kutsal bölgeye düşen pay ile kente düşen payın iki yanındaki topraklar öndere verilecek. Bu topraklar kutsal bölgeye düşen 25 000 arşınlık payın doğusundan ve batısından ülkenin doğu ve batı sınırlarına uzanacak. Oymaklara düşen paylar boyunca uzanan bu iki bölge önderin olacak. Kutsal bölgeye düşen pay ile tapınak bunun ortasında olacak.
21ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည်။
22Böylece Levililere düşen pay ile kente düşen pay öndere verilen toprakların ortasında kalacak. Öndere verilecek topraklar Yahudayla Benyamin sınırı arasında kalacak.
22ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည်။
23‹‹Geri kalan oymaklara düşen pay şöyle: Benyamine bir pay verilecek; sınırı doğudan batıya uzanacak.
23ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
24‹‹Şimona bir pay verilecek; sınırı Benyaminin doğudan batıya uzanan sınırına bitişik olacak.
24ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။
25‹‹İssakara bir pay verilecek; sınırı Şimonun doğudan batıya uzanan sınırına bitişik olacak.
25ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။
26‹‹Zevuluna bir pay verilecek; sınırı İssakarın doğudan batıya uzanan sınırına bitişik olacak.
26ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။
27‹‹Gada bir pay verilecek; sınırı Zevulunun doğudan batıya uzanan sınırına bitişik olacak.
27ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။
28‹‹Gadın güney sınırı Tamardan güneye, oradan Meriva-Kadeş sularına, oradan da Mısır Vadisi boyunca Akdenize dek uzanacak.
28ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေ တိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း ရှောက်သွားရမည်။
29‹‹Mülk olarak İsrail oymaklarına bölüştüreceğiniz ülke budur. Onlara düşecek paylar bunlardır.›› Böyle diyor Egemen RAB.
29ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
30‹‹Kentin çıkış kapıları şunlar olacak: 4 500 arşın uzunluktaki kuzey yanında üç kapı olacak. Kentin kapılarına İsrail oymaklarının adları verilecek. Kuzeyde Ruben Kapısı, Yahuda Kapısı, Levi Kapısı olacak.
30မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက်၌ လေးထောင်ငါးရာကျယ်၍၊
324 500 arşın uzunluktaki doğu yanında üç kapı olacak: Yusuf Kapısı, Benyamin Kapısı, Dan Kapısı.
31မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
334 500 arşın uzunluktaki güney yanında üç kapı olacak: Şimon Kapısı, İssakar Kapısı, Zevulun Kapısı.
32မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
344 500 arşın uzunluktaki batı yanında üç kapı olacak: Gad Kapısı, Aşer Kapısı, Naftali Kapısı.
33မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။
35‹‹Kentin çevresi 18 000 arşın olacak ve o günden başlayarak kentin adı ‹Yahve şamma› olacak.››
34မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
35ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တသောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့် သတည်း။