Turkish

Myanmar

Ezra

10

1Ağlayarak kendini Tanrının Tapınağının önünde yere atan Ezra dua edip günahlarını açıkladı. Bu arada erkek, kadın, çocuk, İsraillilerden çok büyük bir topluluk Ezranın çevresine toplandı. Onlar da hıçkıra hıçkıra ağlıyordu.
1ထိုသို့ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
2Elamoğullarından Yehiel oğlu Şekanya, Ezraya şöyle dedi: ‹‹Çevremizdeki halklardan yabancı karılar aldığımız için Tanrımıza ihanet ettik. Buna karşın İsrail için hâlâ umut var.
2ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး၏။
3Senin ve Tanrımızın buyrukları karşısında titreyenlerin öğütleri uyarınca, bütün yabancı kadınları ve çocuklarını uzaklaştırmak için Tanrımızla şimdi bir antlaşma yapalım. Bu antlaşma yasaya uygun olsun.
3သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့ သား သမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည် အတိုင်း စီရင်ကြကုန်အံ့။
4Haydi kalk! Sorumluluk senin üzerinde. Biz seni destekleyeceğiz. Güçlü ol ve gerekeni yap!››
4ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
5Bunun üzerine yerden kalkan Ezra önde gelen Levili kâhinlere ve öbür İsraillilere söyleneni yapmaları için ant içirdi. Hepsi ant içti.
5ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိ သား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
6Sonra Ezra Tanrının Tapınağının önünden ayrılıp Elyaşiv oğlu Yehohananın odasına gitti. Orada gecelerken ne yemek yedi, ne su içti. Sürgünden dönenler Tanrıya bağlı kalmadığı için yas tutuyordu.
6ထိုအခါ ဧဇရသည် ဘုရားသခင်၏ အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား ၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်း လေ၏။
7Sürgünden dönenlerin hepsinin Yeruşalimde toplanması için Yahuda ve Yeruşalimde bir duyuru yapıldı:
7သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်း တို့သည်၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊
8Halkın önderlerinin ve ileri gelenlerinin kararı uyarınca, üç gün içinde gelmeyenin bütün malına el konulacak, kendisi de sürgünden dönenler topluluğundan atılacaktı.
8မင်းများနှင့် အသက်ကြီးသူများ စီရင်သည် အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူမည်သည် ကား၊ သိမ်းသွားခြင်း အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ဥစ္စာ ရှိသမျှသည် ကျိန်ဆို အပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှ စ၍ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာကြ၏။
9Bütün Yahudalı ve Benyaminli erkekler üç gün içinde Yeruşalimde toplandılar. Dokuzuncu ayın yirminci günü hepsi Tanrının Tapınağının önündeki alandaydı. Hem durumun öneminden, hem de yağmurdan ötürü herkes titriyordu.
9ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြိုးမှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ၏။
10Kâhin Ezra kalkıp, ‹‹Siz Tanrıya ihanet ettiniz›› dedi, ‹‹Yabancı kadınlarla evlendiniz. İsrailin suçuna suç kattınız.
10ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြ ပြီတကား။
11Şimdi atalarınızın Tanrısı RABbe suçunuzu açıklayın. Onun istediğini yapın. Çevredeki halklardan ve yabancı karılardan ayrılın.››
11သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်း ပြုလျက်၊ ဤပြည်သားတို့နှင့်၎င်း၊ တပါးအမျိုးသားမိန်းမ တို့နှင့်၎င်း ကွာကြလော့ဟု သူတို့အား ဆို၏။
12Topluluk yüksek sesle şöyle karşılık verdi: ‹‹Bütün söylediklerini yapacağız.
12ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။
13Yalnız kalabalık çok, üstelik hava da yağmurlu. Dışarda duracak gücümüz kalmadı. Hem bu bir iki günde çözülecek iş değil. Çünkü bu konuda çok günah işledik.
13သို့ရာတွင် လူအများရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာသော ကာလဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ။ ဤအမှုသည် တရက်နှစ်ရက်တွင် ပြီးနိုင် သော အမှုမဟုတ်ပါ။ ပြစ်မှားသောသူ အများရှိပါ၏။
14Bütün topluluk adına önderlerimiz bu konuyla ilgilensin. Sonra kentlerimizde yabancı kadınla evli olan herkes saptanan bir zamanda kentin ileri gelenleri ve yargıçlarıyla birlikte gelsin. Yeter ki, Tanrımızın bu konudaki kızgın öfkesi üzerimizden kalksın.››
14ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ရွာ၌ တပါး အမျိုးသားမိန်းမနှင့် စုံဘက်သော သူအပေါင်းတို့သည် ခြိန်းချက်သောအချိန်တို့၌ မြို့အသီးသီးအသက်ကြီး သူများ၊ တရားသူကြီးများနှင့် အတူလာ၍ ဤအမှုကြောင့် ပြင်းစွာ ထွက်သောငါတို့ ဘုရားသခင်၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ၏။
15Ancak, Asahel oğlu Yonatan, Tikva oğlu Yahzeya ve onları destekleyen Meşullam ile Levili Şabbetay buna karşı çıktılar.
15အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။
16Sürgünden dönenler bu öneriye göre davrandılar. Kâhin Ezra adlarını belirterek her boydan boy başlarını seçti. Onuncu ayın birinci günü oturup konuyu incelemeye başladılar.
16သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ၏။
17Birinci ayın birinci günü yabancı kadınlarla evlenen bütün erkeklerin durumunu incelemeyi bitirdiler.
17တပါးအမျိုးသား မိန်းမနှင့်စုံဘက်သောသူ အပေါင်းတို့ကို ပဌမလတရက်နေ့တိုင်အောင် အကုန် အစင် စစ်ကြောစီရင်ကြ၏။
18Kâhinlerin soyundan gelip yabancı kadınlarla evlenenler şunlardı: Yosadak oğlu Yeşunun oğullarından ve kardeşlerinin soyundan Maaseya, Eliezer, Yariv, Gedalya.
18တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။
19Bunlar karılarını kovacaklarına söz verdiler. İşledikleri suç için suç sunusu olarak sürüden bir koç sundular.
19သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ၏။
20İmmeroğullarından: Hanani, Zevadya.
20ထိုမှတပါး၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ၊
21Harimoğullarından: Maaseya, Eliya, Şemaya, Yehiel, Uzziya.
21ဟာရိမ်အမျိုး မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
22Paşhuroğullarından: Elyoenay, Maaseya, İsmail, Netanel, Yozavat, Elasa.
22ပါရှုရအမျိုး ဧလိဩနဲ၊ မာသေယ၊ ဣရှ မေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ။
23Levililerden: Yozavat, Şimi, Kelaya -Kelita- Petahya, Yahuda, Eliezer.
23လေဝိသားယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်း ဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊
24Ezgicilerden: Elyaşiv. Tapınak kapı nöbetçilerinden: Şallum, Telem, Uri.
24သီချင်းသည် ဧလျာရှိပ်၊ တံခါးစောင့် ရှလ္လုံ၊ တေလင်၊ ဥရိ၊
25Öbür İsraillilerden: Paroşoğullarından: Ramya, Yizziya, Malkiya, Miyamin, Elazar, Malkiya, Benaya.
25ဣသရေလအမျိုးထဲက ပါရုတ်အမျိုးရာမိ၊ ယေဇိ၊ မာလခိ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
26Elamoğullarından: Mattanya, Zekeriya, Yehiel, Avdi, Yeremot, Eliya.
26ဧလံအမျိုးမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလျာ၊
27Zattuoğullarından: Elyoenay, Elyaşiv, Mattanya, Yeremot, Zavat, Aziza.
27ဇတ္တုအမျိုး ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
28Bevayoğullarından: Yehohanan, Hananya, Zabbay, Atlay.
28ဗေဗဲအမျိုးယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲ၊ အာသလဲ၊
29Banioğullarından: Meşullam, Malluk, Adaya, Yaşuv, Şeal, Yeremot.
29ဗာနိအမျိုးမေရှုလ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ရာမုတ်၊
30Pahat-Moavoğullarından: Adna, Kelal, Benaya, Maaseya, Mattanya, Besalel, Binnuy, Manaşşe.
30ပါဟတ်မောဘ အမျိုးအဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
31Harimoğullarından: Eliezer, Yişşiya, Malkiya, Şemaya, Şimon,
31ဟာရိမ်အမျိုးဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊ ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊
32Benyamin, Malluk, Şemarya.
32ဟာရှုံအမျိုးမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မာနရှေ၊ ရှိမိ၊
33Haşumoğullarından: Mattenay, Mattatta, Zavat, Elifelet, Yeremay, Manaşşe, Şimi.
34ဗာနိအမျိုးမာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊
34Banioğullarından: Maaday, Amram, Uel,
35ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲ၊ ယာသော၊
35Benaya, Bedeya, Keluhu,
37ထိုမှတပါး၊ ဗာနိ၊ ဗိနွိ၊ ရှိမိ၊
36Vanya, Meremot, Elyaşiv,
39ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရဲ၊ ရှာရဲ၊
37Mattanya, Mattenay, Yaasay,
41အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ၊ ယောသပ်၊
38Bani, Binnuy, Şimi,
42နေဗောအမျိုး ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတည်း။
39Şelemya, Natan, Adaya,
44ဤသူ အပေါင်းတို့သည် တပါးအမျိုးသား မိန်းမနှင့် စုံဘက်၍ သားသမီးကို မြင်ရကြပြီ။
40Maknadvay, Şaşay, Şaray,
41Azarel, Şelemya, Şemarya,
42Şallum, Amarya, Yusuf.
43Nevooğullarından: Yeiel, Mattitya, Zavat, Zevina, Yadday, Yoel, Benaya.
44Bunların hepsi yabancı kadınlarla evlenmişti. Bazılarının bu kadınlardan çocukları da vardı.