1Hakalya oğlu Nehemyanın anlattıkları: Pers Kralı Artahşastanın krallığının yirminci yılı, Kislev ayında Sus Kalesindeydim.
1ဟာခလိသား နေဟမိစကားဟူမူကား၊ အာတ ဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ ခိသလုလတွင်၊ ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်၊
2Kardeşlerimden Hanani ve bazı Yahudalılar yanıma geldi. Onlara sürgünden kurtulup sağ kalan Yahudileri ve Yeruşalimin durumunu sordum.
2ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ၍၊ ငါသည် သိမ်းသွားခြင်းကို ခံရသောယုဒလူစုထဲ က လွတ်သော သူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကို မေးမြန်းလျှင်၊
3‹‹Sürgünden kurtulup Yahuda İline dönenler büyük sıkıntı ve utanç içinde›› diye karşılık verdiler, ‹‹Üstelik Yeruşalim surları yıkılmış, kapıları yakılmış.››
3သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။
4Bunları duyunca oturup ağladım, günlerce yas tuttum. Oruç tutup Göklerin Tanrısına dua ettim:
4ထိုစကားကိုကြားလျှင်၊ ငါသည် ထိုင်၍ အင်တန် ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက် နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသော ပဌာနာဟူမူကား၊
5‹‹Ey Göklerin Tanrısı RAB! Yüce ve görkemli Tanrı! Seni sevenlerle, buyruklarına uyanlarla yaptığın antlaşmaya bağlı kalırsın.
5အိုကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရား၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော ဘုရား၊ ပညတ်တော်တို့ကို နှစ်သက်၍ ကျင့်စောင့်သော သူတို့နှင့်ဖွဲ့သော ကရုဏာပဋိညာဉ်ကို မဖျက်၊ တည်စေ တော်မူသောဘုရား၊
6Ya RAB, halimi gör, gece gündüz kulların İsrail halkı için ettiğim duaya kulak ver. İtiraf ediyorum, İsrail halkı günah işledi, ben ve atalarım günah işledik.
6ကိုယ်တော် ကျွန်ဣသရေလအမျိုးသားတို့အဘို့၊ ရှေ့တော်၌ နေ့ညဉ့်မပြတ် အကျွန်ုပ်ဆုတောင်း၍၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဘော်ပြ၍ တောင်းပန် သော ကိုယ်တော်ကျွန်၏ ပဌနာစကားကို ကြားခြင်းငှါ၊ ယခု နားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။
7Sana çok kötülük yaptık. Kulun Musaya verdiğin buyruklara, kurallara, ilkelere uymadık.
7အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ။ ကိုယ်တော်ကို ပြစ်မှား၍၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော် ကျွန်မော်ရှေ၌ ထားတော်မူသော ပညတ်တရား၊ စီရင်ထုံးဖွဲ့တော်မူချက် တို့ကို မစောင့်ဘဲနေပါပြီ။
8‹‹Kulun Musaya söylediklerini anımsa. Dedin ki, ‹Eğer bana ihanet ederseniz, sizi ulusların arasına dağıtacağım.
8ကိုယ်တော်က၊ သင်တို့သည် လွန်ကျူးလျှင်၊ သင်တို့ကို တပါးအမျိုးသားတို့တွင် ငါကွဲပြားစေမည်။
9Ama bana döner, buyruklarımı özenle yerine getirirseniz, dünyanın öbür ucuna sürülmüş olsanız bile sizleri toplayıp seçtiğim yere, bulunacağım yere getireceğim.›
9တဖန် ငါ့ထံသို့ ပြန်လာ၍၊ ငါ့ပညတ်တို့ကို ကျင့် စောင်ပြန်လျှင်၊ မိုဃ်းကောင်းကင်အောက် အဝေးဆုံး သော အရပ်သို့ နှင့်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ် က ငါသိမ်းယူ၍၊ ငါ့နာမတည်ရာဘို့ ငါရွေးချယ်သော အရပ်သို့ ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှ၌ ထားတော်မူသော ဂတိတော်ကို အောက်မေ့တော်မူပါ။
10‹‹Onlar senin kulların, kendi halkındır. Yüce kudretin ve güçlü elinle onları kurtardın.
10ယခုမှာ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်တော်ဖြင့် ရွေးနှုတ်တော်မူသော ကိုယ်တော်ကျွန်၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ၏။
11Ya Rab, bu kulunun, adını yüceltmekten sevinç duyan öbür kullarının dualarına kulak ver. Beni bugün başarılı kıl ve kralın önerimi kabul etmesini sağla.›› O günlerde kralın sakisiydim.
11အို ဘုရားရှင်၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင် ဘုရင်၏ ဖလားတော်ကို ဖြစ်သတည်း။