Turkish

Myanmar

Genesis

25

1İbrahim bir kadınla daha evlendi. Kadının adı Keturaydı.
1တဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသော မိန်းမနှင့် စုံဘက်၍၊
2Ondan Zimran, Yokşan, Medan, Midyan, Yişbak, Şuah adlı çocukları oldu.
2ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဘွားမြင်လေ၏။
3Yokşandan da Şeva, Dedan oldu. Dedan soyundan Aşurlular, Letuşlular, Leumlular doğdu.
3ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ် လူတည်း။
4Midyanın Efa, Efer, Hanok, Avida, Eldaa adlı oğulları oldu. Bunların hepsi Keturanın soyundandı.
4မိဒျိန် သားကား၊ ဧဖါ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ် ဖြစ်ကြသတည်း။
5İbrahim sahip olduğu her şeyi İshaka bıraktı.
5အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏။
6Cariyelerinin oğullarına da armağanlar verdi. Kendisi sağken bu çocukları oğlu İshaktan uzaklaştırıp doğuya gönderdi.
6မယားငယ်တို့၌ ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ်များကိုဝေပေး၍၊ သား ဣဇာတ်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
7İbrahim yüz yetmiş beş yıl yaşadı. Ömrü bu kadardı.
7ထိုနောက်အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
8Kocamış, yaşama doymuş, iyice yaşlanmış olarak son soluğunu verdi. Ölüp atalarına kavuştu.
8အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏။
9Oğulları İshakla İsmail onu Hititli Sohar oğlu Efronun tarlasında Mamreye yakın Makpela Mağarasına gömdüler.
9သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင် တွင်၊ မပ္ပေလမြေတွင်း၌ အဘကို သင်္ဂြိုဟ်ကြ၏။
10İbrahim o tarlayı Hititlerden satın almıştı. Böylece İbrahimle karısı Sara oraya gömüldüler.
10ဟေသအမျိုးသားတို့အား အဘိုးပေး၍ အာဗြဟံ ဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။
11Tanrı İbrahimin ölümünden sonra oğlu İshakı kutsadı. İshak Beer-Lahay-Roide yaşıyordu.
11အာဗြဟံ သေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း။
12Saranın cariyesi Mısırlı Hacerin İbrahime doğurduğu İsmailin öyküsü:
12စာရာ၏ကျွန်မ၊ အဲဂုတ္တု၊ အမျိုးသား ဟာဂရ ဘွားမြင်သော အာဗြဟံသား ဣရှမေလ၏ သားစဉ် မြေးဆက်တည်းဟူသော၊
13Doğum sırasına göre İsmailin oğullarının adları şunlardır: İlk oğlu Nevayot. Sonra Kedar, Adbeel, Mivsam,
13မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
14Mişma, Duma, Massa,
14မိရှမ၊ ဒုမာ၊ မာစ၊ - ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတည်းဟူသော၊
15Hadat, Tema, Yetur, Nafiş, Kedema gelir.
16ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသော သူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း။
16İsmailin oğulları olan bu on iki bey oymakların atalarıydı. Köylerine, obalarına da bu adları verdiler.
17ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
17İsmail yüz otuz yedi yıl yaşadıktan sonra son soluğunu verdi. Ölüp halkına kavuştu.
18သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း အရှေ့၊ ရှုရမြို့ တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်းအနား၌ ကျသတည်း။
18İsmailoğulları Aşura doğru giderken Mısır sınırı yakınında, Havila ile Şur arasındaki bölgeye yerleştiler. Kardeşlerinin yaşadığı yerin doğusuna yerleşmişlerdi.
19အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား၊ အာဗြဟံသားကား ဣဇာက်တည်း။
19İbrahimin oğlu İshakın öyküsü:
20ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။
20İshak Aramlı Lavanın kızkardeşi, Paddan-Aramlı Betuelin kızı Rebekayla evlendiğinde kırk yaşındaydı.
21ဣဇာက်သည်၊ မိမိမယား ရေဗက္ကမြုံသော ကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။
21İshak karısı için RABbe yakardı, çünkü karısı kısırdı. RAB İshakın yakarışını yanıtladı, Rebeka hamile kaldı.
22ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။
22Çocuklar karnında itişiyordu. Rebeka, ‹‹Nedir bu başıma gelen?›› diyerek RABbe danışmaya gitti.
23ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ၏။
23RAB onu şöyle yanıtladı: ‹‹Rahminde iki ulus var,Senden iki ayrı halk doğacak,Biri öbüründen güçlü olacak,Büyüğü küçüğüne hizmet edecek.››
24ဘွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာ ရှိသဖြင့်၊
24Doğum vakti gelince, Rebekanın ikiz oğulları oldu.
25အဦးဘွားသောသားသည်၊ အမွေးပါသော ဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသော ဟူသောအမည်ဖြင့် မှည့်ကြ၏။
25İlk doğan oğlu kıpkırmızı ve tüylüydü; kırmızı bir cüppeyi andırıyordu. Adını Esav koydular.
26ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ ဖနှောင့်ကို ကိုင်လျက် ဘွားလာ၏။ သူ့ကိုကား၊ ယာကုပ် အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဘွားသော အခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။
26Sonra kardeşi doğdu. Eliyle Esavın topuğunu tutuyordu. Bu yüzden İshak ona Yakupfö adını verdi. Rebeka doğum yaptığında İshak altmış yaşındaydı.
27သူငယ်တို့သည် ကြီးပွား၍၊ ဧသောကား လိမ္မာ သော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကားတဲ၌ နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။
27Çocuklar büyüdü. Esav kırları seven usta bir avcı oldu. Yakupsa hep çadırda oturan sakin bir adamdı.
28ဣဇာက်သည်၊ ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကို ချစ်၏။
28İshak Esavı daha çok severdi, çünkü onun getirdiği av etlerini yerdi. Rebeka ise Yakupu severdi.
29တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက် ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသော ကြောင့်၊
29Bir gün Yakup çorba pişirirken Esav avdan geldi. Aç ve bitkindi.
30ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကို ကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကို ဧဒုံဟုတွင်သတည်း။
30Yakupa, ‹‹Lütfen şu kızıl çorbadan biraz ver de içeyim. Aç ve bitkinim›› dedi. Bu nedenle ona Edom adı da verildi.
31ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦး အရာကို၊ ငါ့အား ရောင်ပါဟုဆိုလျှင်၊
31Yakup, ‹‹Önce sen ilk oğulluk hakkını bana ver›› diye karşılık verdi.
32ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။
32Esav, ‹‹Baksana, açlıktan ölmek üzereyim›› dedi, ‹‹İlk oğulluk hakkının bana ne yararı var?››
33ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်း ကို ပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ၏။
33Yakup, ‹‹Önce ant iç›› dedi. Esav ant içerek ilk oğulluk hakkını Yakupa sattı.
34ထိုအခါ ယာကုပ်သည်၊ မုန်နှင့်ပဲဟင်းကို ဧသော အားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။
34Yakup Esav'a ekmekle mercimek çorbası verdi. Esav yiyip içtikten sonra kalkıp gitti. Böylece Esav ilk oğulluk hakkını küçümsemiş oldu.