Turkish

Myanmar

Genesis

26

1İbrahimin yaşadığı dönemdeki kıtlıktan başka ülkede bir kıtlık daha oldu. İshak Gerara, Filist Kralı Avimelekin yanına gitti.
1အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်း ပါးခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။
2RAB İshaka görünerek, ‹‹Mısıra gitme›› dedi, ‹‹Sana söyleyeceğim ülkeye yerleş.
2ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။
3Orada bir süre kal. Ben seninle olacak, seni kutsayacağım: Bütün bu toprakları sana ve soyuna vereceğim. Baban İbrahime ant içerek verdiğim sözü yerine getireceğim.
3ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။
4Soyunu gökteki yıldızlar kadar çoğaltacağım. Bu ülkelerin tümünü onlara vereceğim. Yeryüzündeki bütün uluslar senin soyun aracılığıyla kutsanacak.
4သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ် အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
5Çünkü İbrahim sözümü dinledi. Uyarılarıma, buyruklarıma, kurallarıma, yasalarıma bağlı kaldı.››
5အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။
6Böylece İshak Gerarda kaldı.
6ဣသရေလဇာက်သည် ဂေရာမြို့၌ နေစဉ်တွင်၊-မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသော အခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင် ရှိသောကြောင့်၊
7Yöre halkı karısıyla ilgili soru sorunca, ‹‹Kızkardeşimdir›› diyordu. Çünkü ‹‹Karımdır›› demekten korkuyordu. Rebeka yüzünden yöre halkı beni öldürebilir diye düşünüyordu. Çünkü Rebeka güzeldi.
7ဤပြည်သား ယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကို သတ်မည်ဟုစိုးရိမ်၍၊ သူ သည် ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည် ဟု ပြောဆို၏။
8İshak orada uzun zaman kaldı. Bir gün Filist Kralı Avimelek, pencereden dışarı bakarken, İshakın karısı Rebekayı okşadığını gördü.
8ထိုမြို့၌ ကာလအင်တန်ကြာနေပြီးမှ၊ တနေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့် ကစားသည်။ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊
9İshakı çağırtarak, ‹‹Bu kadın gerçekte senin karın!›› dedi, ‹‹Neden kızkardeşin olduğunu söyledin?›› İshak, ‹‹Çünkü onun yüzünden canımdan olurum diye düşündüm›› dedi.
9ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင် စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။
10Avimelek, ‹‹Nedir bize bu yaptığın?›› dedi, ‹‹Az kaldı halkımdan biri karınla yatacaktı. Bize suç işletecektin.››
10အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသော အမှုကား အဘယ်သို့နည်း။ တစုံတယောက်သော သူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
11Sonra bütün halka, ‹‹Kim bu adama ya da karısına dokunursa, kesinlikle öldürülecek›› diye buyruk verdi.
11ဤလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
12İshak o ülkede ekin ekti ve o yıl ektiğinin yüz katını biçti. RAB onu kutsamıştı.
12ထိုပြည်၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ၍၊ တနှစ် ခြင်းတွင် အဆတရာသော အသီးအနှံကို ရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊
13İshak bolluğa kavuştu. Varlığı gittikçe büyüyordu. Çok zengin oldu.
13သူသည်ကြီးပွါး၍၊ အလွန်စည်းစိမ်းကြီးသည် တိုင်အောင် တိုးတက်လျက်၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
14Sürülerle davar, sığır ve birçok uşak sahibi oldu. Filistliler onu kıskanmaya başladılar.
14သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။
15Babası İbrahim yaşarken kölelerinin kazmış olduğu bütün kuyuları toprakla doldurup kapadılar.
15အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့ တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
16Avimelek İshaka, ‹‹Ülkemizden git›› dedi, ‹‹Çünkü gücün bizim gücümüzü aştı.››
16အဘိမလက်မင်းကလည်း၊ သင်သည် ငါ့တို့ထက် တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကို အမိန့်ရှိသောကြောင့်၊
17İshak oradan ayrıldı. Gerar Vadisinde çadır kurup oraya yerleşti.
17ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
18Babası İbrahim yaşarken kazılmış olan kuyuları yeniden açtırdı. Çünkü Filistliler İbrahimin ölümünden sonra o kuyuları kapamışlardı. Kuyulara aynı adları, babasının vermiş olduğu adları verdi.
18ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံ ကျွန်တို့ တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သော ရေတွင်းတို့ကို တူးဘော်ပြန်၍၊ အထက်က အဘသမုတ် သော အမည်ဖြင့် သမုတ်လေ၏။
19İshakın köleleri vadide kuyu kazarken bir kaynak buldular.
19ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်း ရေတွင်းကို တွေ့ကြ၏။
20Gerarın çobanları, ‹‹Su bizim›› diyerek İshakın çobanlarıyla kavgaya tutuştular. İshak kendisiyle çekiştikleri için kuyuya Esek adını verdi.
20ဂေရာအမျိုးသား နွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့ နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့် လေ၏။
21İshakın köleleri başka bir kuyu kazdılar. Bu kuyu yüzünden de kavga çıkınca İshak kuyuya Sitna adını verdi.
21နောက်တဖန် အခြားသောရေတွင်းကို တူးပြန် ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့် မှည့်လေ၏။
22Oradan ayrılıp başka bir yerde kuyu kazdırdı. Bu kuyu yüzünden kavga çıkmadı. Bu nedenle İshak ona Rehovotfş adını verdi. ‹‹RAB en sonunda bize rahatlık verdi›› dedi, ‹‹Bu ülkede verimli olacağız.››
22ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသော ရေတွင်းကို တူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီ ဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွါးများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟော ဘုတ်အမည်ဖြင့် မှည့်သတည်း။
23İshak oradan Beer-Şevaya gitti.
23တဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ၏။
24O gece RAB kendisine görünerek, ‹‹Ben baban İbrahimin Tanrısıyım, korkma›› dedi, ‹‹Seninle birlikteyim. Seni kutsayacak, kulum İbrahimin hatırı için soyunu çoğaltacağım.››
24ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ် နျင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကြီးပေး မည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ၏။
25İshak orada bir sunak yaparak RABbi adıyla çağırdı. Çadırını oraya kurdu. Köleleri de orada bir kuyu kazdı.
25ထိုအရပ်၌ ယဇ်ပုလ္လင်ကို တည်၍၊ ထာဝရ ဘုရား၏ နာမတော်ကို မဌာနာပြု၏။ တဲကိုလည်း တည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကို တူးကြ၏။
26Avimelek, danışmanı Ahuzzat ve ordusunun komutanı Fikol ile birlikte, Gerardan İshakın yanına gitti.
26ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော် အဟုဇာတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကို ခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။
27İshak onlara, ‹‹Niçin yanıma geldiniz?›› dedi, ‹‹Benden nefret ediyorsunuz. Üstelik beni ülkenizden kovdunuz.››
27ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကို မြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင်၊
28‹‹Açıkça gördük ki, RAB seninle›› diye yanıtladılar, ‹‹Onun için, aramızda ant olsun: Biz nasıl sana dokunmadıksa, hep iyi davranarak seni esenlik içinde gönderdikse, sen de bize kötülük etme. Bu konuda seninle anlaşalım. Sen şimdi RABbin kutsadığı bir adamsın.››
28ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊
30İshak onlara bir şölen verdi, yiyip içtiler.
29ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသော်၊
31Sabah erkenden kalkıp karşılıklı ant içtiler. Sonra İshak onları yolcu etti. Esenlik içinde oradan ayrıldılar.
30ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကို လုပ်၍၊ အတူစားသောက်ကြ၏။
32Aynı gün İshakın köleleri gelip kazdıkları kuyu hakkında kendisine bilgi verdiler, ‹‹Su bulduk›› dediler.
31နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇက်သည်။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။
33İshak kuyuya Şiva adını verdi. Bu yüzden kent bugüne kadar Beer-Şeva diye anılır.
32ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည် လာ၍၊ မိမိတို့ တူးသောတွင်း၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင်၊
34Esav kırk yaşında Hititli Beerinin kızı Yudit ve Hititli Elonun kızı Basematla evlendi.
33ထိုရေတွင်းကို ရေဘအမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
35Bu kadınlar İshak'la Rebeka'nın başına dert oldular.
34ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသား ဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။
35ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ် နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။