1Sonunda Eyüp ağzını açtı ve doğduğu güne lanet edip şöyle dedi:
1ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍
3‹‹Doğduğum gün yok olsun,‹Bir oğul doğdu› denen gece yok olsun!
2မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။
4Karanlığa bürünsün o gün,Yüce Tanrı onunla ilgilenmesin,Üzerine ışık doğmasın.
3ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။
5Karanlık ve ölüm gölgesi sahip çıksın o güne,Bulut çöksün üzerine;Işığını karanlık söndürsün.
4ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်၊
6Zifiri karanlık yutsun o geceyi,Yılın günleri arasında sayılmasın,Aylardan hiçbirine girmesin.
5မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
7Kısır olsun o gece,Sevinç sesi duyulmasın içinde.
6ထိုညဉ့်သည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊
8Günleri lanetleyenler,Livyatanı uyandırmaya hazır olanlar,O günü lanetlesin.
7လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညဉ့်သည်ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံမရှိပါ စေနှင့်။
9Akşamının yıldızları kararsın,Boş yere aydınlığı beklesin,Tan atışını görmesin.
8နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
10Çünkü sıkıntı yüzü görmemem içinAnamın rahminin kapılarını üstüme kapamadı.
9ညဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညဉ့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
11‹‹Neden doğarken ölmedim,Rahimden çıkarken son soluğumu vermedim?
10ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။
12Neden beni dizler,Emeyim diye memeler karşıladı?
11ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။
13Çünkü şimdi huzur içinde yatmış,Uyuyup dinlenmiş olurdum;
12ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက်ရသနည်း။
14Yaptırdıkları kentler şimdi viran olanDünya kralları ve danışmanlarıyla birlikte,
13ထိုသို့မပြုလျှင် ငါသည်အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
15Evlerini gümüşle dolduranAltın sahibi önderlerle birlikte.
14မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
16Neden düşük bir çocuk gibi,Gün yüzü görmemiş yavrular gibi toprağa gömülmedim?
15မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
17Orada kötüler kargaşayı bırakır,Yorgunlar rahat eder.
16သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
18Tutsaklar huzur içinde yaşar,Angaryacının sesini duymazlar.
17ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။
19Küçük de büyük de oradadır,Köle efendisinden özgürdür.
18အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏စကားသံကိုမကြားရကြ။
20‹‹Niçin sıkıntı çekenlere ışık,Acı içindekilere yaşam verilir?
19ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ၏။
21Oysa onlar gelmeyen ölümü özler,Onu define arar gibi ararlar;
20ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။
22Mezara kavuşuncaNeşeden coşar, sevinç bulurlar.
21သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ၍ထူးကြ၏။
23Neden yaşam verilir nereye gideceğini bilmeyen insana,Çevresini Tanrının çitle çevirdiği kişiye?
22သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။
24Çünkü iniltim ekmekten önce geliyor,Su gibi dökülmekte feryadım.
23မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။
25Korktuğum,Çekindiğim başıma geldi.
24အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
26Huzur yok, sükûnet yok, rahat yok,Yalnız kargaşa var.››
25ငါကြောက်သော အမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။
26ငါသည်ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။