Turkish

Myanmar

Job

4

1Temanlı Elifaz şöyle yanıtladı:
1ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
2‹‹Biri sana bir şey söylemeye çalışsa gücenir misin?Kim konuşmadan durabilir?
2ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
3Evet, pek çoklarına sen ders verdin,Zayıf elleri güçlendirdin,
3သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
4Tökezleyeni senin sözlerin ayakta tuttu,Titreyen dizleri sen pekiştirdin.
4သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
5Ama şimdi senin başına gelince gücüne gidiyor,Sana dokununca yılgınlığa düşüyorsun.
5ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
6Senin güvendiğin Tanrıdan korkun değil mi,Umudun kusursuz yaşamında değil mi?
6သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
7‹‹Düşün biraz: Hangi suçsuz yok oldu,Nerede doğrular yıkıma uğradı?
7အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
8Benim gördüğüm kadarıyla, fesat sürenler,Kötülük tohumu ekenler ektiklerini biçiyor.
8ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
9Tanrının soluğuyla yok oluyor,Öfkesinin rüzgarıyla tükeniyorlar.
9ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
10Aslanın kükremesi, homurtusu kesildi,Dişleri kırıldı genç aslanların.
10ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
11Aslan av bulamadığı için yok oluyor,Dişi aslanın yavruları dağılıyor.
11ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
12‹‹Bir söz gizlice erişti bana,Fısıltısı kulağıma ulaştı.
12တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
13Gece rüyaların doğurduğu düşünceler içinde,İnsanları ağır uyku bastığı zaman,
13လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
14Beni dehşet ve titreme aldı,Bütün kemiklerimi sarstı.
14ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
15Önümden bir ruh geçti,Tüylerim ürperdi.
15ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
16Durdu, ama ne olduğunu seçemedim.Bir suret duruyordu gözümün önünde,Çıt çıkmazken bir ses duydum:
16ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
17‹Tanrı karşısında insan doğru olabilir mi?Kendisini yaratanın karşısında temiz çıkabilir mi?
17သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
18Bakın, Tanrı kullarına güvenmez,Meleklerinde hata bulur da,
18အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
19Çamur evlerde oturanlara,Mayası toprak olanlara,Güveden kolay ezilenlere mi güvenir?
19သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
20Ömürleri sabahtan akşama varmaz,Kimse farkına varmadan sonsuza dek yok olurlar.
20တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
21İçlerindeki çadır ipleri çekilince,Bilgelikten yoksun olarak ölüp giderler.›
21သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။