Turkish

Myanmar

Leviticus

27

1RAB Musaya şöyle dedi:
1တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
2‹‹İsrail halkına de ki, ‹Eğer bir kimse RABbe birini adamışsa senin biçeceğin değeri ödeyerek adağını yerine getirebilir.
2လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သော သူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရမည်။
3Bu değerler şöyle olacak: Yirmi yaşından altmış yaşına kadar erkekler için elli kutsal yerin şekeli gümüş,
3သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။
4kadınlar için otuz şekelfş.
4မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။
5Beş yaşından yirmi yaşına kadar erkekler için yirmi, kadınlar için on şekel.
5အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည်။
6Bir aylıktan beş yaşına kadar oğlanlar için beşfü, kızlar için üç şekel gümüş.
6အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည်။
7Eğer altmış ya da daha yukarı yaşta iseler, erkekler için on beş, kadınlar için on şekel.
7အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကို ဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။
8Ancak adakta bulunan kişi belirtilen parayı ödeyemeyecek kadar yoksulsa, adadığı kişiyi kâhine götürecek; kâhin adakta bulunan kişinin ödeme gücüne göre ona değer biçecektir.
8သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။
9‹‹ ‹RABbe sunulacak adak Ona sunu olarak sunulabilecek hayvanlardan biriyse, kabul edilecektir. Ona böyle sunulan her hayvan kutsaldır.
9လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။
10Adakta bulunan kişi RABbe sunacağı adağı değiştirmemeli. İyisinin yerine kötüsünü ya da kötüsünün yerine iyisini koymamalı. Eğer hayvanı değiştirirse, değiştirilen hayvanların ikisi de kutsal sayılacaktır.
10ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင် စလုံး သန့်ရှင်းရမည်။
11Eğer adak RABbe sunulamayacak kirli sayılan hayvanlardan biriyse, kâhine götürülecektir.
11ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊
12Hayvan iyi ya da kötü olsun, kâhin ona değer biçecek. Biçilen değer neyse o geçerli olacak.
12ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည်။
13Ama sahibi hayvanı geri almak isterse, kâhinin biçtiği değerin üzerine beşte bir fazlasını katarak ödemelidir.
13ပူဇော်သော သူသည် ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ ပေးရမည်။
14‹‹ ‹Bir kimse kutsal bir sunu olarak evini RABbe adarsa, evin iyi ya da kötü olduğuna kâhin karar verecektir. Kâhinin biçtiği değer geçerli olacaktır.
14လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။
15Eğer kişi adadığı evi geri almak isterse, kâhinin biçtiği değerin üzerine beşte bir fazlasını katarak ödeyecek, böylece ev kendisine kalacaktır.
15ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ အိမ်ကို ယူရမည်။
16‹‹ ‹Bir kimse ailesinden kalan tarlanın bir bölümünü RABbe adamak isterse, tarlaya ekilecek tohum miktarına göre değer biçilecektir. Bir homer arpa tohumu ekilebilecek tarlanın değeri elli şekel gümüş olacaktır.
16လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည်။
17Eğer tarlasını özgürlük yılından hemen sonra adarsa, bu fiyat geçerli olacaktır.
17ယုဘိလနှစ်မှစ၍ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။
18Eğer özgürlük yılından daha sonra adarsa, kâhin bir sonraki özgürlük yılına kadar geçecek yılların sayısına göre tarlaya değer biçecektir. Tarlanın fiyatı daha düşük olacaktır.
18ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည်။
19Kişi tarlasını geri almak isterse, tarlaya biçilen değerin üzerine beşte bir fazlasını katarak ödeyecek, böylece tarla kendisine kalacaktır.
19မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ လယ်ကို အပိုင်ယူရမည်။
20Ama tarlayı geri almadan başka birine satarsa, tarla geri alınamaz.
20သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအား ရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။-
21Tarla özgürlük yılında serbest kaldığı zaman, RABbe koşulsuz adanmış bir tarla gibi kutsal sayılacak ve kâhinlere ait olacaktır.
21ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။
22‹‹ ‹Bir kimse ailesinin mülkü olmayan, sonradan satın aldığı bir tarlayı RABbe adarsa,
22လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-
23kâhin özgürlük yılına kadar geçecek yıllara göre ona bir değer biçecektir. O gün kişi biçilen değer üzerinden ödeme yapacak ve para RABbe ait olacak, kutsal sayılacaktır.
23ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။
24Özgürlük yılında tarla ilk sahibine geri verilecektir.
24ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကို အရင်ပိုင်၍ ရောင်းသောသူ လက်သို့ ပြန်စေရမည်။
25Değer biçilirken kutsal yerin şekeli esas alınacaktır. Bir şekel yirmi geradır.
25အဘိုးပြတ်လေရာရာ၌ အကျပ်တော်အလိုက် ပြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
26‹‹ ‹İlk doğan hayvan RABbe aittir. İster sığır, ister davar olsun, kimse onu RABbe adayamaz. Çünkü o RABbindir.
26ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ် ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
27Ama ilk doğan hayvan kirli sayılan hayvanlardan biriyse, kişi kâhinin biçeceği değerin beşte bir fazlasını ödeyerek hayvanı geri alabilir. Geri alınmazsa, hayvan biçilen değer üzerinden başka birine satılacaktır.
27မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်း ရွေး၍၊ ငါးစုတစုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည်။
28‹‹ ‹İster insan, ister hayvan, ister aileden kalma tarla olsun, RABbe koşulsuz adanan hiç bir şey satılmayacak ve geri alınmayacaktır. Çünkü RABbe koşulsuz adanan her şey RAB için çok kutsaldır.
28သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။-
29RABbe koşulsuz adanan insan para karşılığında kurtarılamayacak, kesinlikle öldürülecektir.
29လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင်၊ နောက်တဖန် မရွေးရ၊ သတ်ရမည်။
30‹‹ ‹İster toprağın ürünü, ister ağacın meyvesi olsun, toprakta yetişen her şeyin ondalığı RABbe aittir. RAB için kutsaldır.
30စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
31Kim ondalığının bir bölümünü geri almak isterse, değerinin üzerine beşte bir fazlasını katarak ödemelidir.
31ဆယ်စုတစုကို ရွေးလိုလျှင်၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ်၍ ပေးရမည်။
32Bütün sığırlarla davarların ondalığı, sayımda çoban değneğinin altından geçen her onuncu hayvan RAB için kutsal sayılacaktır.
32နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
33Hayvan sahibi hayvanları iyi, kötü diye ayırmayacak, birini öbürüyle değiştirmeyecektir. Değiştirirse, değiştirilen hayvanların ikisi de kutsal sayılacak ve karşılığı ödenip geri alınamayacaktır.› ››
33ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။
34RAB'bin Sina Dağı'nda İsrail halkı için Musa'ya bildirdiği buyruklar bunlardır.
34ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။