1İsraillilerin Mısırdan çıkışının ikinci yılı, ikinci ayın birinci günü RAB Sina Çölünde, Buluşma Çadırında Musaya şöyle seslendi:
1ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2‹‹Sen ve Harun İsrail topluluğunun bütün boylarıyla ailelerinin sayımını yapın. Bütün erkekleri bir bir sayıp adlarını yazın. İsraillilerden savaşabilecek durumda yirmi ve daha yukarı yaştaki bütün erkekleri sayıp bölüklere ayırın.
2သင်နှင့် အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊
4Size yardım etmek için yanınızda her oymaktan birer adam bulunsun; bu kişiler aile başı olmalı.
3စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။
5Size yardımcı olacak adamların adları şunlardır: (bkz. Çık.33:7-10). ‹‹Ruben oymağından: Şedeur oğlu Elisur,
4အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
6Şimon oymağından: Surişadday oğlu Şelumiel,
5သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသော သူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
7Yahuda oymağından: Amminadav oğlu Nahşon,
6ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
8İssakar oymağından: Suar oğlu Netanel,
7ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
9Zevulun oymağından: Helon oğlu Eliav,
8ဣသခါအမျိုး ဇုအာသား နာသနေလ။
10Yusufoğullarından Efrayim oymağından: Ammihut oğlu Elişama, Manaşşe oymağından: Pedahsur oğlu Gamliel,
9ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။
11Benyamin oymağından: Gidoni oğlu Avidan,
10ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သား ဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျလ။
12Dan oymağından: Ammişadday oğlu Ahiezer,
11ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိ သားအဘိဒန်။
13Aşer oymağından: Okran oğlu Pagiel,
12ဒန်အမျိုး၊ အမိရှဒဲသားအဟေဇာ။
14Gad oymağından: Deuel oğlu Elyasaf,
13အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။
15Naftali oymağından: Enan oğlu Ahira.››
14ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊
16Bunlar İsrail topluluğundan atanmış adamlardı; atalarının soyundan gelen oymak önderleri, İsrailin boy başlarıydı.
15နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
17Musayla Harun adları bildirilen bu adamları getirttiler.
16ဤသူတို့သည် ပရိသတ်တွင် ကျော်စောသော သူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
18RABbin buyruğu uyarınca ikinci ayın birinci günü bütün halkı topladılar. Yirmi ve daha yukarı yaştakileri boylarına, ailelerine göre birer birer sayıp adlarını yazdılar. Böylece Musa Sina Çölünde halkın sayımını yaptı.
17ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊
20İsrailin ilk oğlu Rubenin soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştaki bütün erkekler bağlı oldukları boy ve aileye göre adlarıyla birer birer kayda geçirildi.
18ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏ နာမည်ပေါင်းကို မှတ်သဖြင့်၊
21Ruben oymağından sayılanlar 46 500 kişiydi.
19ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ၏။
22Şimonun soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştaki bütün erkekler bağlı oldukları boy ve aileye göre adlarıyla birer birer belirlenip kayda geçirildi.
20ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
23Şimon oymağından sayılanlar 59 300 kişiydi.
21အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။
24Gadın soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
22ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
25Gad oymağından sayılanlar 45 650 kişiydi.
23အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။
26Yahudanın soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
24ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
27Yahuda oymağından sayılanlar 74 600 kişiydi.
25အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာ ငါးဆယ် ရှိကြ၏။
28İssakarın soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
26ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည် အတိုင်း၊
29İssakar oymağından sayılanlar 54 400 kişiydi.
27အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း၊ လေးထောင်ခြောက်ရာ ရှိကြ၏။
30Zevulunun soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
28ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးကိုလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
31Zevulun oymağından sayılanlar 57 400 kişiydi.
29အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ ၏။
32Yusufoğullarından, Efrayim soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
30ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
33Efrayim oymağından sayılanlar 40 500 kişiydi.
31အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းနှစ်ထောင်လေးရာရှိကြ၏။
34Manaşşenin soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
32ယောသပ်မှ ဆင်းသက်သော ဧဖရိမ်အမျိုးသား တို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
35Manaşşe oymağından sayılanlar 32 200 kişiydi.
33အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးရာ ရှိကြ၏။
36Benyaminin soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
34မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
37Benyamin oymağından sayılanlar 35 400 kişiydi.
35အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ၏။
38Danın soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
36ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
39Dan oymağından sayılanlar 62 700 kişiydi.
37အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ၏။
40Aşerin soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
38ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
41Aşer oymağından sayılanlar 41 500 kişiydi.
39အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ၏။
42Naftalinin soyundan olanlar: Savaşabilecek durumda yirmi ve daha yukarı yaştakiler bağlı oldukları boy ve aileye göre adlarıyla kayda geçirildi.
40အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအ သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
43Naftali oymağından sayılanlar 53 400 kişiydi.
41အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းတထောင်ငါးရာ ရှိကြ၏။
44Musa, Harun ve İsrailin on iki önderi tarafından sayılanlar bunlardı. Her önder bağlı olduğu aileyi temsil ediyordu.
42နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
45İsrailde savaşabilecek durumda yirmi ve daha yukarı yaştakilerin tümü bağlı oldukları aileye göre sayıldılar.
43အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ၏။
46Sayılanların toplamı 603 550 kişiydi.
44ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေ လအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါး တို့သည်
47Ne var ki, Levi oymağından olanlar öbürleriyle birlikte sayılmadı.
45ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေ အမျိုးအလိုက် ရေတွက်၍ စာရင်းယူသည်အတိုင်း၊
48Çünkü RAB Musaya şöyle demişti:
46အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော လူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
49‹‹Ancak Levi oymağını sayma, öbür İsrailliler arasında yaptığın sayıma onları katma.
47လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ၊
50Levilileri Levha Sandığının bulunduğu konuttan, eşyalardan ve konuta ait her şeyden sorumlu kıl. Konutu ve bütün eşyalarını onlar taşısın; konutun bakımını onlar yapsın, çevresinde ordugah kursun.
48ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
51Konut taşınırken onu Levililer toplayacak; konaklanacağı zaman da onlar kuracak. Levililer dışında konuta yaklaşan ölüm cezasına çarptırılacak.
49လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။
52İsrailliler çadırlarını bölükler halinde kuracaklar. Herkes kendi ordugahında, kendi sancağının altında bulunacak.
50လေဝိသားတို့အား သက်သေခံချက် တဲတော်ကို ၎င်း၊ တဲတော်တန်ဆာ ရှိသမျှကို၎င်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကို၎င်း အပ်၍၊ သူတို့သည် တဲတော်နှင် တဲတော်တန်သော အလုံးစုံကို ဆောင်ရွက်ကြရမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
53Ancak İsrail topluluğunun RABbin öfkesine uğramaması için Levililer Levha Sandığının bulunduğu konutun çevresinde konaklayacak ve konuta bekçilik edecekler.››
51တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။
54İsrailliler bütün bunları tam tamına RAB'bin Musa'ya buyurduğu gibi yaptılar.
52ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည်။
53ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု၊
54မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ၏။