1Приближували ся ж до Него всї митники й грішники, слухати Його.
1အခွန်ခံသော သူတို့နှင့်ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှါ အထံတော်သို့ ချဉ်းကပ်သည် ဖြစ်၍၊
2І нарекали Фарисеї та письменники, кажучи: Шо сей грішників приймав і їсть із ними.
2ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။
3Сказав же до них приповість сю, глаголючи:
3ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊
4Которий чоловік з вас, мавши сотню овечок, та загубивши одну з них, не зоставить девятьдесять і девять у степу, та не пійде за загубленою, доки знайде її?
4သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။
5А знайшовши положить на плечї собі, радїючи.
5တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊
6І, прийшовши до дому, скликає другів та сусїд, кажучи їм: Радуйтесь зо мною, бо я знайшов овечку мою загублену.
6မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။
7Глаголю вам, що оттак радість буде на небі над одним грішником каючим ся, більше ніж над девятьдесять і девятьма праведниками, котрим не треба покаяння.
7ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။
8Або котора жінка, мавши десять драхім, коли згубить драхму одну, не сьвітить сьвітла, та не вимітає хати, та не шукає пильно, доки знайде?
8တနည်းကား၊ တစုံတယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မှီတိုင်အောင် တအိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။
9А знайшовши кличе подруг та сусїдок, кажучи: Радуйтесь зо мною, бо я знайшла драхму, що була згубила.
9တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်း မြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။
10Так, глаголю вам, радість буде перед ангелами Божими над одним грішником каючим ся.
10ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတ ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။
11Рече ж: Один чоловік мав два сини,
11တဖန် မိန့်တော်မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။
12і сказав молодший з них батькові: Отче, дай мені частину маєтку, що впадав мені. І розділив їм прожиток.
12သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။
13І не по многих днях, зібравши все молодший син, від'їхав у землю далеку, та й протратив там маєток свій, живучи блудно.
13ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊
14Як же проїв усе, настала голоднеча велика в землі тій; і почав він терпіти недостаток.
14ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။
15І пійшовши пристав до одного з міщан землї тієї; і післав той його на поля свої пасти свині.
15ထိုအခါ ပြည်သားတယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊
16І бажав він сповнити живіт свій лушпиннєм, що їли свинї, та й ніхто не давав йому.
16သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။
17Опамятавшись же, сказав: Скільки наймитів у батька мого надто мають хлїба! я ж голодом погибаю.
17ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။
18Уставши, пійду до батька мого, й скажу йому: Отче, згрішив я на небо й перед тобою,
18ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။
19і вже недостоен зватись сином твоїм; прийми мене як одного з наймитів твоїх.
19ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊
20І вставши пійшов до батька свого. Ще ж він далеко був, побачив його батько його, й змилосердивсь, і побігши упав на шию йому, й поцілував його.
20ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။
21Каже ж йому син: Отче, згрішив я на небо й перед тобою, і вже не достоєн зватись сином твоїм.
21သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊
22Каже ж батько до слуг своїх: принесіть шату найпершу та й одягнїть його; й дайте перстень на руку йому, й чоботи на ноги;
22အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။
23і, привівши теля годоване, заколїть і ївши веселїмось:
23ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။
24бо сей син мій мертвий був, та й ожив; згинув був, та й знайшов ся. І почали веселитись.
24ငါ့သားသည်အထက်က သေ၏။ ယခုရှင်ပြန်၏။ အပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြုကြ၏။
25Був же син його старший на полі, і, як ідучи зближавсь до господи, почув сьпіви да танцї.
25သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်းအသံကို ကြားလျှင်၊
26І покликавши одного з слуг, питав, що б се було таке.
26ငယ်သားတယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။
27Той же каже йому: Що брат твій прийшов, і заколов батько твій теля годоване, що здорового його прийняв.
27ငယ်သားက၊ သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သော ကြောင့်၊ ဆူအောင်ကျွေးသော နွားကလေးကိုသတ်ပါပြီဟု ပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့ မဝင်ဘဲနေ၏။
28Розсердив ся ж і не схотів увійти. Оце ж батько його вийшовши просив його.
28အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။
29Він же, озвавшись, рече батькові: Ось стільки літ служу тобі, й нїколи заповіді твоєї не переступив, та, й ніколи мені не дав єси козеняти, щоб з приятелями моїми повеселитись;
29သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏ အစေကိုခံပါပြီ။ အဘ၏အလိုကို တခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အူပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှ မပေး။
30як же син твій сей, проївши свій прожиток з блудницями, прийшов, заколов єси йому теля годоване.
30ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသောအခါ မူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို၏။
31Він же рече йому: Дитино, ти: все зо мною єси, і все, що моє, твоє;
31အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။
32веселити ж ся і радувати ся треба було, що брат твій сей мертвий був, та й ожив, і згинув був, та й знайшов ся.
32သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။