1Промовив же і до учеників своїх: Один чоловік був багатий, що мав приставника; і обвинувачено сього йому, що розсипає маєток його.
1တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထို ဘဏ္ဍာစိုးသည် သင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတပါးတို့သည် သခင်ရှေ့၌ အပြစ်တင် ကြသော်၊
2І, покликавши його, каже йому: Що се чую про тебе? Дай мені перелік з твого приставництва, бо неможна вже тобі бути приставником.
2သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။
3Каже ж у собі приставник: Що мені робити, що пан мій бере при-ставництво від мене? Копати не вмію, просити соромлюсь.
3ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက်၏။
4Знаю, що зроблю, щоб, як відставлений буду від приставнищтва, прийняли мене в господи свої.
4ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ၊
5І покликавши кожного з довжників пава свого, каже первому: Скільки ти винен панові моєму?
5သခင်၏ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက်ရှိ သနည်းဟု တယောက်ကိုမေးလျှင်၊
6Він же каже: Сто мір оливи. І каже йому: Візьми твою розписку, та сївши хутко, пиши пятьдесять.
6ထိုသူက၊ ဆီအခွက်တထောင်ပေးရန် ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို၏။
7Потім другому каже: Ти ж скільки винен? Він же каже: Сто мір пшениці. І каже йому: Візьми твою розписку, та напиши вісїмдесять.
7ထိုနောက် အခြားသောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေးရန် သင်၌ အဘယ်မျှလောက်ရှိသနည်း ဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။
8І похвалив пан приставника неправедного, що мудро вчинив; сини бо віку сього мудріші над синів сьвітла в роді своїм.
8မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက်သာ၍ လိမ္မာကြ၏။
9І я вам глаголю: Робіть собі приятелів від мамони неправди, щоб, як будете в недостатках, прийняли вас у вічні оселї.
9တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
10Вірний у найменшому і в великому вірний, а в найменшому неправедний, і в великому неправедний.
10အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။
11Коли ж оце у неправедній мамонї вірні не будете, то правдиве хто вам звірить?
11သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။
12І коли у чужому вірні не були, ваше хто вам дасть?
12သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။
13Жаден слуга не може двом павам служити: або одного ненавидіти ме, а другого любити ме; або до одного прихилить ся, а другим гордувати ме. Не можете Богові служити й мамонї.
13အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
14Чули ж се все й Фарисеї, що були сріблолюбцями, та й насьміхались із Него.
14ငွေကို တပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင်၊ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
15І рече їм: Ви оправдуєте себе перед людьми. Бог же знав серця ваші, бо що в людей високе, те огида перед Богом.
15ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။
16Закон і пророки до Йоана. З того ж часу царство Боже благовіствуєть ся, і кожен силою здобував його.
16ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင်ကြ၏။
17Легше ж небу та землї перейти, нїж із закону одній титлї пропасти.
17ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတလုံးပျက်စီးလွယ်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။
18Всякий, хто розводить ся з жінкою своєю, і женить ся з иншою, робить перелюб; і всякий, хто женить ся з розведеною з чоловіком, робить перелюб.
18အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယား ကို ပြစ်မှား၏။ လင်ကွာသော မိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။
19Один же чоловік був заможний, і одягавсь у кармазин та виеон, і жив дцо-дня пишно.
19ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။
20Убогий же один був, на ймя Лазар, що лежав перед ворітьми його ввесь у струпі,
20လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊
21і бажав погодуватись окрушинами, що падали з стола багатиревого, тільки ж і собаки приходячи лизали рани його.
21သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကို လျက်ကြ။
22Стало ся ж, що вмер убогий, і перенесли його ангели на лоно Авраамове; умер же і багатир і поховали його.
22တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
23І в пеклї зняв він очі свої, бувши в муках, і побачив оддалеки Авраама, й Лазаря на лоні його.
23မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊
24І покликнувши він, каже: Отче Аврааме, помилуй мене та пішли Лазаря, нехай умочить конець пальця свого в воду та прохолодить язик мій; бо я мучусь у поломї сьому.
24အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသော ကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။
25Рече ж Авраам: Дитино, спогадай, що прийняв єси добре твоє в життю твоїм, а Лазар так само лихе; тепер же він тут утїшавть ся, а ти мучиш ся.
25အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည်သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ၏။
26Та ще й до того, між нами й вами пропасть велика утвердилась, щоб которі схотіли перейти звідсіля до вас, не здолїли; анї звідтіля до нас не перейшли.
26ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤ အရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို၏။
27Каже ж він: Благаю ж тебе, отче, щоб післав його до дому батька мого:
27သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊
28маю бо пять братів; нехай сьвідкує їм, щоб і вони не прийшли у се місце муки.
28အကျွန်ုပ်၌ ညီငါးယောက်ရှိပါသည်ဖြစ်၍၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့မရောက်မည် အ ကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊
29Рече йому Авраам: Мають вони Мойсея і пророків; нехай слухають їх.
29အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏ စကားကို နား ထောင်ကြစေဟုဆို၏။
30Він же каже: Нї, отче Аврааме; тільки ж, коли б хто з мертвих прийшов до них, покають ся.
30သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တယောက်သောသူသည် ထ မြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟုဆိုသော်၊
31Рече ж йому: Коли Мойсея і пророків не слухають, то, коли б хто й з мертвих воскрес, не піймуть віри.
31အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက် သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။